Thursday, August 20, 2009

အွန်လိုင်းဒေါက်တာ

သစ်သစ်ရောဂါများတာ အားလုံးသိကြတယ်နော် ။ တကယ်လို့မသိသေးရင်လေ သူဌေးသစ်သစ် ဆိုတဲ့ပို့စ်လေး ပြန်ဖတ်နော်....။ ဒီတော့ သစ်သစ်မှာ family doctor လိုပြီပေါ့နော် ။ ဒီလို နိုင်ငံဂျားမှာ ကိုယ့်ကိုအစဉ်အမြဲ ဂရုစိုက်ပြီး ရောဂါတွေအကြောင်း ဆွေးနွေးပေးဖို့ကလည်း ခက်သားလား ။ ပိုဆိုးတာက သစ်သစ်က ငတုံးလေ တစ်ခါလောက်ရှင်းပြရင် ဘယ်တော့မှ သဘောမပေါက်ဘူးလေ ။ ဒါကြောင့် သစ်ထုံ လို့တောင် အခေါ်ခံရဘူးတယ်လေ .....၀မ်းနည်းသွားတယ် ရေးရင်းနဲ့ပေါ့...း( ။


သစ်သစ် တစ်ယောက် ကုသိုလ်ကံထူးပုံများ တစ်ခါတစ်ရံ လိုက်လို့မမှီ တတ်ပါဘူးကွယ် ။ သစ်သစ် မေးသမျှ စိတ်ရှည်စွာနဲ့ ရောဂါတွေအကြောင်း မညီးမညူရှင်းပြပေးမယ့် အွန်လိုင်းဒေါက်တာ တစ်ယောက်ကို သစ်သစ်တစ်ယောက် ကံကောင်းထောက်မစွာရလိုက်တယ်လေ ။ ကျန်းမာရေးအတွက် ဘာတောင်ပူစရာမလိုတော့ဘူးလေ ။ သစ်ဒေါက်တာက နယ်နယ်ရရ ဟုတ်ဘူးနော်...အင်္ဂလန်က ဆရာဝန် ....အလိုလေး မြင့်လှချည်လားလို့ မထင်နဲ့နော် ဒို့ဒေါက်တာက ဆေးအကြောင်းရှင်းပြရရင် ထမင်းမေ့ ဟင်းမေ့ ပါကွယ် ။ စခဲ့တာကတော့ ၀တုတ်မ သစ်သစ် ကို ပိန်ဆေးအကြောင်း ပြောရာကနေစတာပေါ့နော် သစ်သစ်ရောဂါတွေ သိတော့ ဒေါက်တာတော်တော် စိတ်ညစ်သွားခဲ့တယ် ။ သစ်သစ်ရဲ့ BMI ကိုတွက်ပြီးတော့လည်း ဒေါက်တာတစ်ယောက် စိတ်လေသွားတယ်လေ ။ သောက်နေတဲ့ ၀ိုင် နဲ့ ဘဲကင်လေး တောင် အငွေ့ပျံသွားတယ်လေ ။ သစ်ဒေါက်တာကို လူသိများတဲ့ နာမည်ကတော့ အလောင်းစည်သူ တဲ့ ....။

သစ်သစ် ဒေါက်တာက သစ်မေးသမျှကိုတော့ စိတ်ရှည်လက်ရှည် ဖြေပါတယ် ။ သစ်သစ်ကိုလည်း ဆေးပညာဗဟုသုတ နည်းလွန်းတော့ သူအားရပုံမပေါ်ပါဘူး ။ တစ်နေ့ သစ်သစ်မျက်စိအကြောင်းပြောရင်း သူဒီက သစ်သစ်ဆေးစစ်တာတွေကို လိုက်ဖတ်ပေးပြီး တော်တော်လေသွားခဲ့ဘူးတယ်လေ ....ဟိဟိ ။ ဒီရောဂါပေါ့လို့မရဘူး ဆိုလို့ သစ်သစ်တစ်ယောက် အူးယားဖားယား ဆေးခန်းပြေးလိုက်ရတဲ့ အပြင် ဒေါက်တာကိုသူသိချင်တာတွေလည်း မေးခိုင်းလိုက်သေးတယ်လေ ။ သစ်က ဆေးခန်းကပြန်လာတော့ သစ်ဒေါက်တာကိုရီပို့တင်ရတော့တာပေါ့ တော်သေးတယ် သူလိုချင်တဲ့အချက်တွေသိလိုက်လို့ သိများမသိရင် သစ်သစ်တစ်ယောက် နေစရာတောင်ရှိမှာမဟုတ်ဘူးလေ ။

ဘာပဲဖြစ်ဖြစ် ရောဂါတစ်ခုဖြစ်လာရင် ဘာတွေဖြစ်နိုင်လဲဆိုတာ လိုက်စဉ်းစားပေးတဲ့ ဒေါက်တာကို ကျေးဇူးတကယ်တင်ပါတယ် ။ မအားတဲ့ကြားက မေးသမျှဖြေပေးတဲ့အတွက် ကျေးဇူးပါဒေါက်တာ...။ ဒေါက်တာကတော့ ရောဂါများတဲ့ သစ်သစ်ကို ဘုရားကဖန်ဆင်းပေးထားတဲ့ ကယ်တင်ရှင်တစ်ယောက်ပါပဲ ။ နောက်များမှာလဲ ဒေါက်တာကြွားသမျှ အဲလေ.......ညွှန်ကြားသမျှအတိုင်း နေထိုင်ပါ့မယ်ဒေါက်တာ ။ ကဲ ဒီလောက်ဆို သစ်သစ်ရဲ့ဒေါက်တာကြီးကို သိချင်နေကြလောက်ပြီပေါ့နော် ။ သစ်သစ်ဒေါက်တာက ဘလော့လည်းရေးပါတယ် ။ http://steveevergreen.blogspot.com/ ဒါကတော့ ဒေါက်တာရဲ့ဘလော့လေးပါ သစ်သစ်ဒေါက်တာက တစ်ခါတစ်လေလည်း သူများတဂ်ချင်တဂ် မတဂ်ချင်နေ သူ့ဘာသာလည်း တဂ်ပို့စ်တွေရေးလေ့ရှိပါတယ် ။ ခင်လို့စတာပါ စိတ်ဆိုးနဲ့နော် ဒေါက်တာ နောက်များမှာလည်း ကျန်းမာရေးအတွက် လိုအပ်တာများကို ညွှန်ကြားပေးပါဦးလို့ တောင်းဆိုရင်း ပို့စ်လေးနဲ့ သိုင်းကျူး ပြောလိုက်တယ်နော်......။

4 comments:

  1. asl ဆိုလား als ဆိုလား အမြဲမေးတဲ့ ဦးစတိဖ် ကိုပြောတာလားသစ် ဒါဆိုအတော်ပဲ တို့ လည်း ရောဂါထူတယ်
    အလောင်းစည်သူဆိုတော့ နည်းနည်းတော့ လန့် မိသား (စတာ ဦးစတိဖ် စိတ်မဆိုးနဲ့ ) လာဖတ်ရင် တော်ကြာ အော်သွားမစိုးလို့  (မမဆီမှာတော့ အမြဲတွေ့ သား)

    ReplyDelete
  2. ကိုယ်ကျိုးတော.နည်းကြအုံးမယ် ကိုကိုအလောင်းစည်သူဆီမှာ ပေးရှင့်တွေတိုးလာဘီ ဟိဟိ ...( အကြံပေး တိုင်ပင်ခအတွက် ဘဲ၁ကောင်ပသရမယ်ထင်တယ် (စီချွမ်လား ပီကင်းလား ...လား )
    သစ်ရယ် ငါနင့်အစားစိတ်ပူမိတယ်ကွယ် ဟယ်ဟယ် ..

    ReplyDelete
  3. သစ်သစ်
    "tell me ur ASL pls " LOL :D:D

    ReplyDelete
  4. အရမ်း အရမ်းကို ရီရတာပါပဲရှင် :D LOL

    ReplyDelete