Thursday, August 13, 2009

သစ်သစ်ခရီးသွားနေသည် ခရီးစဉ် ၂ - အဆက်

သစ်သစ် မှာ အကြောင်းတစ်ခုကြောင့် ဘလော့မရေးတာ တစ်ပတ်လောက်ကြာသွားပါတယ် ။ ပို့စ်အသစ်မရှိပေမယ့် လာရောက်လည်ပတ်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ် ။ သစ် ဒီနေ့တော့ ခရီးသွားတာလေးကို ဆက်ရေးပေးချင်ပါတယ် ။ ဒီလိုနဲ့မိုးလင်းလာတော့ သစ်သစ်တို့ ၆ယောက် လှုပ်စိလှုပ်စိပေါ့နော် ။ ဆရာတို့အိမ်က ရွာမှာဆိုပေမယ့် အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဆရာကအိမ်ပေါ်အိမ်အောက် ရေချိုးခန်းတွေနဲ့ အိမ်မကြီးကိုလည်း နောက်ဖက်ကိုထပ်ချဲ့ထားတာ တကယ်ကိုအကျယ်ကြီးပါ ။ သွားတိုက် မျက်နှာသစ်ပြီးတော့ ပြတင်းပေါက်တွေဖွင့် ဟိုကြည့်ဒီကြည့်ပေါ့ မနေနိုင်တာက သစ်သစ်လေ အိမ်အောက်ကို တစ်ယောက်တည်းဆင်း ဆရာ့အမျိုးတွေကိုသွားရော စကားတွေပြော ဆရာ့တို့ဆိုင်လေးထဲ လျှောက်သွား နောက်ကတော့ ဆရာ့တူမလေး ကလေးတစ်အုပ်နဲ့လေ...ပိုင်တယ်နော် ။ သစ်သူငယ်ချင်းတွေက အခန်းထဲကမထွက်သေးတဲ့အချိန်မှာ သစ်ကအိမ်ကိုနှံ့နေပြီလေ မြို့ကြီးသူတွေအထာကိုင်တယ် ဖြစ်မှာစိုးတာရယ် ကိုယ်ကလည်းစပ်စုချင်တာရယ်ပေါ့နော်။ ဆရာ့အမေက တကယ်ကိုချောတဲ့ ကြီးကြီးပါ အလုပ်ကိုလုံးဝမပျက်ပါဘူး မိုးလင်းကတည်းက ဆက်တိုက်လုပ်နေတာ မိုးချုပ်မှရပ်ပါတယ် ။ ဆရာ့အဖေက ဘေးကအထက်တန်းကျောင်းက ဆရာပါ ဆုံးသွားတာကြာပါပြီ ။ ဆရာ့အမ လင်မယား ၊ သူတို့သမီးလေး ၂ယောက် ၊ ဆရာ့ညီ ကိုလေးတို့ လင်မယား ၊ သမီးလေး၂ယောက် ၊ ဆရာ့ညီ ကိုပေါက်တို့ လင်မယား ၊ ညီမအငယ်ဆုံး အပျိုကြီး အားလုံးက တကယ်ကိုခင်မင်စရာကောင်းပြီး ရိုးသားကြပါတယ် ။ ဒါ့အပြင် ဆွေမျိုးများအားလုံးကလည်း အလှူပြီးရင် သူတို့ရွာကိုလိုက်ခဲ့ဖို့ ဖိတ်ကြပါတယ် ။ သစ်သစ်ကတော့ ဆရာ့နားမှာ ကွစိကွစိနဲ့ ဟိုလိုက်ချင်တယ် ဒီလိုက်ချင်တယ်နဲ့ အသားကုန်ပူဆာတာပါ ။ ဆရာက ၆ယောက်လုံးကိုတော့ အရမ်းအလိုလိုက်တယ် ဆူလည်းဆူတယ် ဆူရင်ငိုတယ် စိတ်ကောက်ပြီး ဆရာနဲ့စကားမပြောကြဘူး အခန်းမှာအောင်းနေကြတယ် ကျန်တဲ့သူတွေက အတင်းတံခါးကိုလာခေါက်ပြီး ချော့တယ် ။ ကိုယ်တွေက အပေါ်ကြောနဲ့ ထမင်းဆင်းစားတယ် ဆရာမှလွဲပြီး ကျန်တဲ့သူတွေအားလုံးနဲ့ စကားတွေဖောင်ဖောင်ကြဲတယ် (အဲလောက်ဆိုးတာနော်) ။ ကလေးတွေနဲ့ရွာထဲမှာ လက်လက်ထအောင်ကဲတာနော် ။ ဆရာတို့အိမ်နားက ရွှေလှေတံတားမှာ ဓါတ်ပုံတွေသွားရိုက် ဒီလိုနဲ့အလှူနေ့ ရောက်လာခဲ့တယ် ။ ကူညီချင်ပေမယ့် ကိုယ်လုပ်မှ ရှုတ်သလိုဖြစ်မှာစိုးလို့ အပေါ်ကပဲလိုက်ကြည့်နေတာ ချာချာလည်နေတာပဲလေ ။ ဓါတ်ပုံရိုက်ချင်သော်လည်း ဘာသာရေးအရ မကြိုက်မှာစိုးလို့ မရိုက်ခဲ့ကြပါဘူး ။ လာစားတဲ့သူတွေလည်း ဘာမှပြင်ဆင်မထားပါဘူး ကျွေးတဲ့သူတွေလည်း ပြင်ဆင်မထား တကယ်ကိုရိုး၇ှင်းတဲ့ အလှူတစ်ခုပါ ထမင်းကိုအိမ်ရှေ့က ဖြတ်တဲ့သူတိုင်းခေါ်ကျွေးတာပါ ။ ပျော်စရာတကယ်ကောင်းပါတယ် ။ ဒီလိုနဲ့အလှူပြီးတော့........ဆက်ရန်။

4 comments:

  1. မမသစ်ရေ.... ပျော်စရာ အလှုကြီးနော်... အဲ့လို ဓလေ့လေး တွေ အရမ်း ချစ်စရာကောင်းတယ်...1 ကိုပြန်ဖတ်သွားတယ်...။

    ReplyDelete
  2. မျက်စိထဲမှာ လှုပ်၂နဲ့ ဆင်းလိုက်တက်လိုက်ဟိုသွားဒီသွားနဲ့ ပုံကို ကွက်၂ကွင်း၂နဲ့ ကိုမြင်မိတယ် အလှူပြီးလို့ ပြန်ရော ဆရာ့အိမ်လည်းပြင်ရရော နည်းနည်းမြေကြီးထဲကျွံသွားလို့  အော် ဆရာ ဆရာ ခုမှ ပဲ ဆရာ့ကို တကယ်ကြီးကိုသနားမိတော့တယ်

    ReplyDelete
  3. ဘာသာရေးအရ ဓာတ်ပုံရိုက်မှာ မကြိုက်မှာစိုးတယ်ဆိုလို့ နည်းနည်း နား၇ှုပ်သွားတယ်..။


    sdl

    ReplyDelete
  4. ကျွန်တော်မေးမလိုပါသစ်သစ်ဆိုတာဘယ်မှာနေတာလည်းမသီဘူး
    ကျွန်တော့သူငယ်ချင်းသစ်သစ်လားဟင်မသိလိုနော်
    စိတ်မဆီုးပါနဲ့ ကျွန်တော်နာမည်ကကျော်ဇင်ဝေပါအဲဒါဆိုသူသိပါတယ်
    ဟဲဟဲ:ji
    :)

    ReplyDelete