Thursday, August 27, 2009

သံယောဇဉ်

အခက်ကြုံလို့
တမ်းတလိုက်ချိန်
သူကကိုယ့်အနား
အမြဲရောက်တယ်


ဘာတွေဖြစ်လဲ
ပြောလိုက်တာနဲ့
သိမ်မွေ့စွာ
ဖြေရှင်းသွားတယ်

ကိုယ်ပင်ပန်းနေရင်
ဘယ်လိုစကား
ရွေးချယ်ရမယ်
သူသိတယ်

သူ့စကားက
အားဆေးတစ်ခွက် ဖြစ်ခဲ့ရင်
သေချာတယ်
ကိုယ်အားပြည့်နေပြီ

ရက်တွေလတွေ
ထပ်ကာတိုးလို့
သံယောဇဉ်တွေ
ပျိုးမိပြန်ပြီ

ဘယ်ခါမပြောင်း
မဟောင်းတော့မယ်
ဒီသံယောဇဉ်
ရစ်ပတ်မှာလား
ဖြတ်ပစ်မှာလား

4 comments:

  1. ရစ်ပတ်ပါလို့ လည်း မပြောချင်သလို ဖြတ်ပစ်ပါလို့ လည်း မပြောရက်ဘူး ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်တာကို သစ်ကို မခံစားစေချင်ဘူး (သစ်ပျော်ရွှင်နေတာကိုပဲ တို့ မြင်ချင်ပါတယ်)

    ReplyDelete
  2. ” သူ့ စကားကအားဆေး တစ်ခွက်ဖြစ်ခဲ့ရင် သေချာတယ်ကိုယ်အားပြည့်နေပြီ” သေချာတာပေါ့သစ်ရယ် ဒါကြောင်ဒီလိုလှနေတာ
    မပိန်ချင်စမ်းဘာနဲ့ သူ့ စကားအားဆေးတွေနဲ့ ဒီလိုအားရှိရှိနေစမ်းဘာ

    ReplyDelete
  3. ကြိုက်စ် ခိုက်စ် မမသစ်

    ReplyDelete
  4. အရမ်းမိုက်တယ်မမသစ်ရယ်ကျွန်တော်တော့မမသစ်ကိုလေးစားတယ်ဗျာ
    နောက်လည်းအောင်မြင်မှပါနော်

    ကျော်ဇင်

    ReplyDelete