Thursday, August 6, 2009

ဆရာသည်သာ အားထားရာ ၁

သစ်သစ် ဒီနေ့ သစ်အရမ်းကို လေးစားအားကျရတဲ့ ဆရာအကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် ။ ကျောင်းပြီးခါစ သစ်သစ်မှာ အစိုးရ၀န်ထမ်းလုပ်မလား အပြင်companyမှာ လုပ်မလားဆိုပြီး ဝေခွဲမရဖြစ်ခဲ့ဘူးပါတယ် ။ အဖေကတော့ သစ်သဘောပါ သစ်ဝန်ထမ်းလုပ်မယ်ဆိုပြီး စစဉ်းစားတော့ အဖေက စည်ပင်မှာသွင်းပေးမယ်စပြောပါတယ် ။ စည်ပင်မှာသစ်မလုပ်ချင်တာနဲ့ငြင်းပြီး အပြင်အလုပ်လျှောက်ပါတယ် ။ သတင်းစာကခေါ်တာပါ ၀ါဝါ၀င်းကွန်စထရက်ရှင်ပါ သစ်ရဲ့ပထမဆုံးအင်တာဗျူးပါပဲ လူတွေဆိုတာအများကြီးပါ တော်တော်ကိုများတာပါပဲ အင်တာဗျူးကိုဒေါ်သစ်သစ်က စာမေးပွဲဖြေသလို စာတွေကြည့်နေကြတယ်လေ သူများတွေက စတယ်နဲ့ သစ်သစ်ကစာတွေကြည့်လို့ပေါ့ ပြန်စဉ်းစားရင် တော်တော်ကိုရီရပါတယ် ။ တကယ်လည်းမေးရော ကျောင်းအကြောင်းရယ် မိသားစုအကြောင်းရယ်ပါ ။ မရခဲ့ပါဘူး ဘာမှလုပ်သက်မရှိလို့တဲ့ မလျှော့သေးပါဘူး မက်စ်မြန်မာမှာထပ်လျှောက်ပါတယ် အင်းစိန်မြို့သစ်နားမှာ ဗျူးရပါတယ် လုံးဝမမေ့ပါဘူး သစ်သစ်ခုံကိုလက်နဲ့လှဲပြီးထွက်ခဲ့တဲ့ အင်တာဗျူးလေ .... ဟဟ ။ မင်းတို့ဘီအီးတွေက အခုဆို မြက်လောက်ပေါတယ်လို့ပြောလို့ သစ်ထိုင်တဲ့ဘေးကခုံကို ဆွဲလှဲပြီး ဒါဆိုအဲဒီမြက်တွေရွေးဆိုပြီး ၀ုန်းခနဲထွက်ခဲ့တာပါ ။ နောက်ဆုံးအင်တာဗျူးလေးပါ ။ နောက်ဘယ်တော့မှမလျှောက်ဘူး အိမ်စီးပွားရေးပဲလုပ်တော့မယ်ဆိုပြီး နေလိုက်တာ တစ်နေ့သူငယ်ချင်းတွေက သင်တန်းတစ်ခုတက်ကြမယ် ငါတို့တွေလူစုမယ်ပေါ့ ၈ယောက်လောက်ဆို တ၀ိုင်းတောင်းလို့ရတယ်ဆိုပြီး ဆရာ့အိမ်သွားခဲ့ပါတယ် ။ သစ်ရယ် ၀တ်ရည်ဆိုတဲ့ သူငယ်ချင်းရယ်ပါ ။ အဲဒီမှာစပြီး နောင်တစ်ချိန်ဘယ်တော့မှမေ့လို့မရတဲ့ သစ်ဆရာ သေးသေးလေးကို တွေ့ခဲ့ပါတယ် ။ ဆရာကဘယ်တော့မှ မျက်နှာပြုံးမနေပါဘူး စိတ်လည်းအရမ်းတိုပါတယ် ။ သစ်တို့သွားတက်တော့ တော်တော်ကိုကြောက်ပါတယ် ။ ဆရာ့နာမည်က ဦးစိုးနိုင်ပါ Etabs & Design course ကိုသင်ပါတယ် ။ ဆရာကသင်တန်းတွေအများကြီးပါပဲ သစ်တို့တက်တုန်းကဆိုလေ ကွန်ပျူတာက ၃လုံးနဲ့ ဆော့ဝဲလည်းသင်ပါတယ် ။ တိုက်ခန်းလေးက ကျဉ်းကျဉ်းလေးနဲ့ တပည့်တွေကအရမ်းများပါတယ် ။ သစ်တို့သင်တန်းချိန်က မနက်၁၀နာရီဆိုပြီးပါတယ် ပြီးတာနဲ့ဆရာက ဆိုဒ်တွေကိုသွားပါတယ် ။ အဲဒီအချိန်မှာ ဆရာ့ဆီမှာ အမတစ်ယောက်ခန့်ထားပါတယ် ။ ဆရာသွားရင် အဲဒီအမက ဆရာ့ဒီဇိုင်းတွေကို ကူညီလုပ်ပေးတဲ့ အမပါ ။ နောင်အခါသစ်တို့ကို သင်ပေးတဲ့ ချစ်မကြီးပေါ့...။ ဆရာသွားပြီဆို သစ်တို့က တစ်အိမ်လုံးဘယ်သူမှမရှိတော့ဘူးလေ အရမ်းပျော်ပါတယ် ။ ဆရာက ညီမလေးတစ်ယောက်နဲ့ နေတာပါ ။ မိသားစုမရှိပါဘူး ။ သစ်တို့က အလုပ်ကလည်းမရှိတော့ တနေ့လုံးနေပါတယ် ပြီးရင်ထမင်းတွေစား ဆရာ့အိမ်က ထမင်းတွေလေ ...။ ဆရာက လေးလွှာမှာနေတာဆိုတော့ မုန့်သည်တွေခေါ်စား ကွန်ပျူတာကျင့်တာ နည်းနည်းလေ ဆရာပြန်လာခါနီး ညနေ၃နာရီလောက်ဆို သစ်သစ်တို့ပြန်လာကြတယ်လေ...။ ဆရာရောက်ရင် ကွန်ကိုင်ပြီးကျင့်တဲ့သူက ပျားတုပ်တာပဲလေ ကိုယ်ကဟိုလိုနှိပ်နေရင် ဆရာကနောက်မှာရပ်နေပြီဆို အမှားမှန်သမျှကို နှိပ်တော့တာပဲလေ ။ ဆရာကလည်းအော်ဆိုရင်တော့ ပွဲကပြီးပါပြီ မျက်ရည်စက်လက်နဲ့ ဆရာ့ကိုစိတ်ကောက်ပြီး ပြန်တာပဲလေ....။ ဆက်ရန်...။

5 comments:

  1. ဆရာဦးစိုးနိုင် တို့ များဆရာပဲ သိပ်လေးစားအတုယူဖို့ ကောင်းတဲ့ဆရာပဲ အရမ်းကိုတော်တာ သင်တာလည်း သိပ်ရှင်းလင်းပြီး စည်းကမ်းလည်းကောင်းတယ် တို့ တက်တော့ ၉မိုင် အိုရှင်းရှော့ပင်စင်တာအပေါ်ထပ်မှာ တခါတလေ ရှော့ပင်းပတ်တာလွန်ပြီး သင်တန်းပျက်ခဲ့သေးတယ် အင်း တို့ တုန်းကလည်း စည်ပင်ဆိုမုန်းလို့ လုပ်ဖူးလို့ တခွန်းပဲပြောခဲ့တာ အင်တာဗျူးကတော့ အိုလံပစ်မှာပေါ့ မှတ်မိသေးတယ် သင်ရတဲ့ဘာသာတွေမေးတာ ရှိတာလေး ၄ , ၅ ဘာသာကို ကြောက်၂လန့် ၂ နဲ့ (တကယ်တော့ ကြောက်ချင်ယောင်အဆောင်လွန်သွားတာ) ၂ ဘာသာလောက်မေ့တာ ပြန်တောင်အစဖော်လို့ မရဘူး ရှက်မယ်ထင်လား ဟိဟိ မှတ်မိတော့ဘူးလို့ ပြောလိုက်တာပဲ အဲဗျာ ကွန်ပျူတာကတော့ ဘာလာလာရတယ်လို့ ပြောလိုက်တော့ အလုပ်ရတယ်ဗျာ AutoCAD တဲ့ လုပ်ရတော့ ဆိုဒ်ထဲမှာ တို့ ဘ၀လေးများတွေးကြည့်စမ်း ညက်ချိသူငယ် နားသူငယ်နဲ့  အပြစ်ကင်းတဲ့ ယုန်သူငယ်လေးပေါ့ကွယ် (အလဲ့ တယ်ဆိုတဲ့စာပါလား) နောက်များတော့ ခရစ်ယာန်စာမှာပါတယ်မလား လူဆိုတာ အပြစ်တွေနဲ့ မွေးလာတာဆိုလားဘာလား(တရုတ်စာသင်တုန်းကဆရာမပြောတာ) ဆိုတော့ကား ကျမ်းစာအတိုင်းဖြစ်လာတာပေါ့ကွယ် ဆိုဒ်ထဲမှာ စိတ်ကြမ်း လူကြမ်း(တကယ် မကြမ်းဘူးနော့လူက) နှုတ်ကြမ်း(ဆဲတတ်ဘူးနော့) ဖြစ်လာတာပေါ့ကွယ် ကဲ ဘယ်လောက်သနားစရာကောင်းတဲ့တို့ အဖြစ်လေးလဲ (ဟယ် ငါရေးတာ ပိုစ့်တပုဒ်စာမကဖြစ်သွားပါလား အားနာလိုက်တာဟယ် ဘလော့ပိုင်ရှင်ကို ဆောဒီးနော် နောက်အဲလိုရေးတော့ဘူး တခါတလေ)

    ReplyDelete
  2. သေချာအောင် ထပ်မေးရဦးမယ် စိတ်ဆိုးဘူးမလား ရေးတာလွန်သွားလို့  တို့ က ၀င်ကစွပ်လေးပါ သစ်ရယ် သနားမယ်ဆို သနားစရာလေးပါ

    ReplyDelete
  3. သနားလိုက်တာ ”ဆရာလုပ်တဲ.သူကို” ဟိဟိ

    ReplyDelete
  4. သနားစရာပါလား မဘဏ်ရယ် အဟက် :)

    ReplyDelete
  5. မမသစ် ဆရာကိုစိတ်ကောက်တယ်ဟုတ်လား မျက်ရည်လဲကျသေးတယ် :) တကယ့်ကလေးလေးကျနေတာပဲ

    ReplyDelete