Monday, August 24, 2009

အသိပေးခြင်း

ဒီနေ့ သစ်သစ် ရုံးမှာအလုပ်တစ်ကယ်များပါတယ် ။ ဒီပို့စ်ကို သစ်နေ့လည် ကော်ဖီသောက်ချိန်မှာ ကော်ဖီသောက်ရင်း ရေးလိုက်တာပါ. စာရေးခြင်းဟာ သစ်သစ်ရဲ့အပန်းဖြေစရာ တစ်ခုဆိုလည်း မမှားပါဘူး ။ အဓိက သစ်သစ်က ပျော်စရာလေးတွေ ရေးချင်ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း အမြဲလိုလိုပျော်ပျော် နေတတ်ပါတယ် ။ သစ်သစ် နဲ့ တွေ့ဘူးသူ ခင်မင်ဘူးသူတိုင်း သစ်သစ်စိတ်ဓါတ်ကို သိကြပါတယ် ။ အွန်လိုင်းကပဲ သိသိ အပြင်မှာပဲ သိသိ သစ်သစ် တစ်သားတည်းဆက်ဆံတတ်ပါတယ် ။ အခုပဲခင်ခင် နောက်ပဲခင်ခင် အတူတူပါပဲ ။


တစ်ခါတစ်လေ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်လို့ သစ်သစ် အစ်ကိုက ပြောပါတယ် အရာအားလုံးကို စိတ်မှာရှိတာ လျှောက်မပြောရဘူးလို့ ကြုံတိုင်းဆုံးမလေ့ ရှိပါတယ် ။ မိဘ မောင်နှစ်မ နဲ့ အဝေးမှာနေရတဲ့ သစ်သစ် အွန်လိုင်းက အစ်ကို အစ်မတွေကသာ တိုင်ပင်စရာ ချစ်ခင်စရာ ဆွေမျိုးတွေပါ ။ သစ်သစ်ကို ၀လို့ဝိတ်လျှော့ခိုင်းနေတဲ့ အစ်ကို အစ်မ တွေအများကြီးပါ ရင်ထဲကစေတနာတွေနဲ့ တစ်ကူးတစ်ကကိုပြောနေကြတာ သစ်သစ်သိရတော့ တကယ်ကိုကျေးဇူးတင်ပါတယ် ။ သစ်သစ်လည်းလျှော့နေပါတယ် (ထမီပါ ) ၊ မနက်တိုင်း ပြေးပါတယ် ( ကုတင်ပတ်ပြေးတာပါ ) ၊ ရေမချိုးခင် နေ့တိုင်းလေ့ကျင့်ခန်း လုပ်ပါတယ် ( လက်ချောင်းလေးတွေပါ ) စတာပါ အားလုံးကို ပျော်စေချင်လို့ပါ ။

တကယ်ပါ သစ်သစ် ကျန်းမာရေးအရရော လှပဖို့ အရရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရ ပါ သင့်တင့်တဲ့ အားကစားတစ်ခုကို လုပ်ရမယ်ဆိုတာ နားလည်ပါတယ် ။ စိတ်ဓါတ်ကျမှုဆိုတာ မဖြစ်ရအောင် ထိုက်သင့်တဲ့ တရားထိုင်မှုတွေ စိတ်တည်ငြိမ်အောင် လုပ်ရမယ် ။ ဘာကြောင့်မလုပ်တာပါဆိုတဲ့ ဆင်ခြင်တွေဟာ သစ်သစ်အတွက် ပျင်းရိခြင်းကာဗာတွေပါ ။ အစားအစာကိုလည်း သမမျှတအောင်စားရမယ် ဆိုတဲ့အချက်တွေဟာ ၀နေသောသူအတွက် အဓိကအချက်တစ်ခုပါပဲ ။ လုပ်ငန်းခွင်မှာ အောင်မြင်တက်ကြွတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ဖို့က လှပဖို့ကလည်း အချက်တစ်ချက်ပါပဲဆိုတာ သစ်သစ်တက်ခဲ့တဲ့သင်တန်းတွေအရ သိထားပါတယ် ။

မဝေးတော့တဲ့ တစ်နေ့မှာ သစ်သစ်လည်း အားလုံးကဖြစ်စေချင်တဲ့ အခြေအနေတစ်ခုကို ရောက်ဖို့ကြိုးစားနေတယ် ဆိုတာ ဒီပို့စ်လေးနဲ့အသိပေးလိုက်ပါတယ်နော် ။ သစ်သစ်ပုံတွေ တင်တယ်ဆိုတာ သူများကိုယ့်ကိုလှောင်စေချင်လို့ မဟုတ်ပါဘူး ။ မြင်ဘူးချင်တဲ့သူတွေအတွက် ကိုယ့်ဘလော့ကိုလာတဲ့ သူငယ်ချင်းတွေအားလုံး အတွက် ဘာကာလာမှမခြယ်ပဲ တင်ပေးထားခြင်း ဖြစ်ပါတယ် ။ နားလည်ပေးစေချင်ပါတယ် ဘယ်သူ့ကိုယ်မှ ရည်ရွယ်ခြင်း မဟုတ်ပါ ။ လာလည်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်...။

6 comments:

  1. ၅ တောင်ဝတ် လုံချည်
    ကလေးကစားစရာ အရုပ်ကုတင်
    ချိုမိုင်မိုင် (ပြီးမှ ဆက်မန့် မယ်) မျှော့်

    ReplyDelete
  2. ရဘာဒယ် ရဘာဒယ် နားလည်ဘာဒယ် မိရွှေသစ်ရယ် လေ့ကျင့်ခန်းတွေလုပ်လို့ လားမသိ ပိန်သွားဒယ် နားရွက် ဟက်ဟက်

    ReplyDelete
  3. သစ်အတွက် လက်ဆောင်သီချင်းလေးတပုဒ်ပါ သီချင်းလေးကတော့ ပိစ်ပေါင်ဗြူးတီးထဲက နာမည်ကျော်သီချင်းလေးပါ (မာရီယား အိုးဟို မာရီယား) အဲ့ထဲကအတိုင်း အမြန်ဆုံးနည်းနဲ့  ဖြစ်ပါစေ (အန်းနီးဝေး တို့ သစ်ကိုချစ်တယ် ယုံပါ)

    ReplyDelete
  4. ငါသောက်တဲ့နွားနို့ ပဲသောက်ပါတော့သစ်ရယ်
    သောက်လိုက်ပိန်လိုက်နဲ့  ဟက်ဟက်

    ReplyDelete
  5. ချစ်ဆုံ..ဘယ်သူ ဘာပြောလဲ၊ ထိုးမယ်လို့..

    ReplyDelete
  6. သစ်က လှပြီးသားပါ။ အဲဒါတော့ ယုံပါဆရာ။

    ReplyDelete