Friday, July 31, 2009

ဖျက်လို့မရ သမိုင်းများ ၉

ဒီလိုနဲ့ပဲ ဂျီတီအိုင်ကျောင်းတွေပိတ်တော့ ကျောင်းဝင်ခွင့်တွေ ကျလာပါတော့တယ် ။ သစ်သစ်တစ်ယောက် အီကိုတက်ခွင့်ကျလို့ ရွာသာကြီးကို ချီတက်ရပြန်ပြီလေ ။ အီကိုမှာလည်း အပေါင်းအသင်းထက်ရှာစရာ မလိုတော့ပါဘူး ။ ဂျီတီအိုင်ကသူငယ်ချင်းတွေ အီကိုရောက်လာကြတာ များတယ်လေ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက အီးစီကဆိုးဖော်ဆိုးဖက် သူငယ်ချင်းတွေ ပါမလာတော့ဘူးလေ ။ ပြီးတော့ သစ်သူငယ်ချင်းတော်တော်များများက အဝေးသင်ပြောင်းသွားကြတယ်လေ ။ ဒီလိုနဲ့သစ်သစ်တစ်ယောက် ပျင်းသွားတယ်လို့ ထင်သွားပါသလား နိုး ဝေးးးးးး ။ သစ်သူငယ်ချင်းအသစ်က ၉၈အီကိုကွင်း ထက်ထက်ကျော် လေ.... ။ သူလည်းအင်းစိန်ကပဲဆိုတော့ ကျောင်းကားသွားတူနေပြန်ရောလေ ...။ ကဲပြန်ပြီပေါ့ တစ်ခါ အီကိုမှာကွယ် ....။ ဒဂုံကျောင်းကို ချောင်းပေါက်မတတ်သွားတယ် ။ အီကိုကျောင်းရှေ့က အကြော်ဆိုင်မှာ ကျောင်းမတက်ပဲထိုင်တယ် ကျောင်းနားက ဘတ်စ်ကားကိုဂိတ်ဆုံးလိုက်စီးပြီး ဘာရှိလဲသွားကြည့်တယ် ။ မရိုးရပါဘူး သစ်သူငယ်ချင်းအသစ်တွေလည်း ရပါတယ် ။ ထက်ထက်ကျော်က အဲဒီတုန်းက သစ်နဲ့အခန်းမတူပါဘူး ။ သစ်အတန်းထဲမှာ အတူတူထိုင်တာက အဲဒီတုန်းက စီးရီးထွက်တဲ့ ကွတ်အဖွဲ့က အသင်ဆိုတဲ့ ကောင်မလေးပါ သူကအရမ်းလည်းဟော့တယ် ခင်စရာလည်းကောင်းတယ်လေ ။ စီးရီးကလည်းထွက်ခါစဆိုတော့ လူသိများတာပေါ့နော် ဒါနဲ့ပဲ ဒေါ်သစ်သစ်သူတို့တွေကြားမှာ ယောင်လည်လည်နဲ့ ဟိုသွားမယ်ဆိုလည်းပါ ဒီသွားမယ်ဆိုလည်းပါ ဖြစ်ခဲ့ပြန်ရောလေ ...။ သစ်တို့အတန်းမှာ ယောက်ျားလေးတစ်ယောက်ပဲ ရှိတယ် ကျန်တာမိန်းကလေးတွေကြီးပဲလေ ။ အတန်းမှာလည်း လူတွေကသိပ်မနေကြဘူး လျှောက်သွားနေတာများတယ်လေ ....။ ကျူရှင်တွေကတော့ ဘာသာစုံကိုယူတာလေ ...။ စနေ ၊ တနင်္ဂနွေလည်း တတွဲတွဲပဲ လေ ကျူရှင်က ဒဂုံ ၁ ကျောင်းနားမှာဆိုတော့ သွားလာရတာကောင်းတယ်လေ လမ်း၃၀ဘက်တို့ ဗိုလ်ချုပ်ဈေးတို့ကတော့ မရောက်သောနေ့မရှိပါ...။ ၈ယောက်တွဲကြီးက ရထားတွဲလိုပဲလေ ...။ ပထမစမစ်စတာပဲ ပြီးသေးတယ် Btech တက်ခွင့်ရလာခဲ့တယ် ။ ရွေးချယ်စရာ၂ခုဖြစ်လာတယ် ဘာကိုဆက်တက်မလဲပေါ့နော် ။ ကျောင်း၂ခုပြိုင်တက်လို့မရဘူးပေါ့နော် ...။ ဟိုလိုလို ဒီလိုလိုတွေဖြစ်ပြန်ပြီပေါ့.....ဒါနဲ့ပဲ မှော်ဘီရင်ငွေ့ကို ၃ရက် ခိုလှုံ ရွာသာကြီးကို ၂ရက်တက်နဲ့ ဒုတိယစမစ်စတာ ပြီးသွားပြန်တာပေါ့နော် ။ အီကို ကျူရှင် ၊ ဘီတက်ခ်ျ ကျူရှင် နဲ့ဒေါ်သစ်သစ် လုံးဝမနားရပါဘူး ။ အစ်ကိုတွေကလည်း ကားတစ်စီးနဲ့စောင့်ပေးတာ မဖြစ်နိုင်တော့လို့ ဒရိုင်ဘာတစ်ယောက်ငှားပြီး မိုးလင်းမိုးချုပ် ကျူရှင်တက်ရပါတယ် ။ ကားမောင်းတဲ့ဦးလေးကြီးလည်း ထမင်းချိုင့်နဲ့ပါပဲလေ ။ သစ်ကျူရှင်တက်နေရင် သူကအပြင်မှာစောင့် နောက်တစ်ခုက နာ၇ီဝက်စီပဲကြာတော့ ကားပေါ်မှာသစ်ထမင်းစား စာကြည့်လုပ်ရတယ်လေ ။ တကယ်တော့သစ် အီကိုတက်ရတာ တကယ်ပျော်ပါတယ် ဘာသာရပ်တွေကိုလည်း စိတ်ဝင်စားတယ် ဒါပေမယ့် ဟိုဘက်ကလုပ်ထားတာကလည်း တ၀က်လောက်ရောက်နေပြီ ဆိုတော့ လက်မလွှတ်ချင်တော့ဘူးလေ ။ ဒုတိယနှစ်စာတွေများလာပြီလေ ၂ဘက်လုံးက အရမ်းကြိုးစားရမယ့် အပိုင်းရောက်လာပြီလေ ။ တစ်နေ့ အဖေက သစ်သစ်ကိုခေါ်ပြီးပြောပါတယ် သမီးလုပ်နိုင်တာကို အဖေချီးကျူးပါတယ် ဒါပေမယ့် ၂ခုလုံးကကောင်းနေတော့ သမီးတစ်ခုခုကို ရွေးချယ်လိုက်ရင် ပိုပြီးအောင်မြင်မယ်လို့ အဖေယုံတယ် ဒါကြောင့်တစ်ခုခုကိုရွေးပါဆိုပြီး သေချာစွာပြောပါတယ် ။ သစ်တစ်ဖက်ကိုတော့ ရွေးလိုက်နိုင်ပါတယ် ဒါပေမယ့် အဖေမျှော်လင့်သလို ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်မလာခဲ့ပါဘူး ။ ကြိုတင်သတ်မှတ်ထားခြင်းမရှိတဲ့ course တွေ ကြိုတင်ပြင်ဆင်ထားခြင်း မ၇ှိတဲ့ ပလန်တွေအောက်မှာ စမ်းတ၀ါးဝါးနဲ့ နောက်နှစ်ဘီတက်ခ်ျကို တက်ဖို့ဖြစ်လာခဲ့ပါတယ် ။ ၉ဘာသာ ၁၀ဘာသာ ရှိတဲ့ ဘာသာတွေတိုင်းကို ဂုဏ်ထူးထွက်အောင် သေချာပြင်ဆင်ခဲ့တယ်။ ကိုယ်တိုင်လည်း ဆရာဝန်ဆို လူတစ်ယောက်ပဲသေမယ် အင်ဂျင်နီယာက လူပေါင်းများစွာသေစေနိုင်တယ် ဆိုပြီး ဘာသာရပ်တိုင်းကို နားလည်နိုင်အောင် ကြိုးစားခဲ့တယ် ( ထင်သလောက်နားမလည်ခဲ့ပါဘူး...ဟီးးးးးးးးး ) ။ ဘီတက်ခ်ျ ၂နှစ်မှာ ပျော်ရွှင်စရာသိပ်မရှိပဲ ခိုင်ဇာ နဲ့ ၂ယောက်တည်း ပျင်းရိစွာဖြတ်သန်းခဲ့ကြပါတယ် ။ သူငယ်ချင်းတွေ အားလုံးက ဂျီတီအိုင်မှာ ကျန်ခဲ့ကြပြီလေ..။ ဆက်ရန်....။

6 comments:

  1. ထောထောလည်းအီကိုကပဲ ဒါပေမယ့် ပျော်တယ်လည်းဟုတ်ဘူး မပျော်ဘူးလည်းမဟုတ်ဘူး သူငယ်ချင်းကလက်၁၀ချောင်းမပြည့်ဘူး ဘယ်သူက ကွင်းမှမသိ ကင်းမှန်းမသိ ပြလည်းအခါခါ ကိုယ်ကမှစိတ်မ၀င်စားတာ မှတ်ကိုမမိတာ ကန်တင်းလည်းထိုင်ခဲတယ် အိမ်ကထမင်းချိုင့်ပဲစားတာများတယ် ပျော်တယ်ဆိုတာဘာမှန်းတောင်မသိဘူး ကျုရှင်မတတ်ဘူး ကိုယ်ဘာသာအတန်းတက် စာကျက်ဖြေခဲ့တာ ပထမနှစ်ကတော့တတ်တယ် နောက်နှစ်တွေမတတ်တာ ကျောင်းသူဘ၀မဆိုးပါဘူး ဒါပေမယ့်ခုနောက်ပိုင်းနှစ်တွေယောက်ျားလေးများလာပြီး မိန်းကလေးနဲသွားတယ် မမသစ်

    ReplyDelete
  2. အမှတ်ရစရာလည်းဘာမှမကျန်ခဲ့ဘူး ခုနေကျောင်းသူဘ၀ပြန်ရောက်ရင် ခပ်ပျော်ပျော် သူငယ်ချင်းများများနဲ့ ပျော်ပျော်ရွှင်ရွှင်နေမိမလားမသိ

    ထောထော

    ReplyDelete
  3. သစ်သစ်ကျောင်းတက်တာ တန်လိုက်တာ....။
    အသားကုန်ပျော်ခဲ့ရတယ်..။

    ReplyDelete
  4. ဆင်ဆင်ပြောသလိုပဲ

    ReplyDelete
  5. တို့လဲပျော်ပါတယ်။

    ReplyDelete
  6. engineer က လူပေါင်းများစွာ သေစေနိုင်တယ် ဆိုပြီး ဘာသာရပ်ပေါင်းများစွာကို နားလည်အောင် ကြိုးစာခဲ့တယ်။ (ထင်သလောက်နားမလည်ခဲ့ပါဘူး) ဟီးဟီး

    ပုံ ec queen

    ReplyDelete