Saturday, July 11, 2009

သူဌေး သစ်သစ်

ခေါင်းစဉ်ကို ကြည့်ပြီးတော့ ငကြွားလို့မထင်ပါနဲ့နော်.... ။ ကြွားလို့ကောင်းတာတွေ ချမ်းသာတာဟုတ်ဘူးလေ ။ သစ်သစ်က ကိုယ့်စိတ်ကိုတော်တော်တင်းထားပြီးနေလာတာ ကြာပါပြီ ။ စိတ်မချမ်းသာစရာတွေကို မေ့ထားပြီး နေထိုင်လာတာလည်း ၁၀စုနှစ်ကျော်ခဲ့ပါပြီ ။ တကယ်တော့ သစ်သစ်ကရောဂါတွေ အရမ်းချမ်းသာတဲ့ သူပါ ။ သစ်သစ်မှာငယ်ငယ်ကတည်းက နှလုံးရောဂါရှိပါတယ် ။ မွေးရာပါတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် မောနေတတ်ပါတယ် ။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး ။ မျက်စိကလည်း ငယ်ငယ်ကတည်းက ခွဲထားတာပါ ။ ပြီးပြီလားဆိုတော့လည်း ဟုတ်ပြန်ဘူး အဖေ့အမွေ ဆီးချိုလေးကလည်း ရထားပြန်ရောလေ ။ ချမ်းအေးလာရင် ကိုက်တတ်တဲ့ လေးဘက်နာလေးကလည်း မချန်ပါဘူး နင့်အနားမှာနေပါရစေတဲ့ ....ကဲ နေကွာ ။စလုံးက သစ်နေရတာအဆင်ပြေပါတယ် ဆောင်းရာသီမရှိလို့ပါရှင်။ ပြီးပြီလို့မထင်နဲ့နော် အသည်းရောဂါလည်း ရှိပါသေးတယ် ဆေးကိုအခုထိအမြဲတမ်း သောက်နေရတာပါ ။ နောက်ဆုံးကတော့ စလုံးရောက်မှဖြစ်တဲ့ အစာအိမ်ရောဂါ ပါ ။ သူက သစ်ရဲ့နောက်ဆုံး စည်းစိမ်ပါ ။ ကဲ....ဘယ်သူက သစ်လောက်ချမ်းသာလဲပြောပါ ။ နေမကောင်းလို့ စိတ်ညစ်တဲ့ ဘဏ်လေးအတွက်ပါ ....။ သစ်သာအားလုံးကို လိုက်တွေးနေရင် စိတ်ဓါတ်ကျတာနဲ့ သေသွားလိုက်မယ် ။ သစ် စိတ်ဓါတ်ကျဘူးပါတယ် လူတွေကိုရင်မဆိုင်ချင်လောက်အောင် ဖြစ်ဘူးပါတယ် ။ သစ် အမေ နှင့် အဖေ ရဲ့ အားပေးမှုတွေကြောင့် ဒီလိုဘလော့ရေးနိုင်တဲ့ သစ်သစ်ဖြစ်လာတာပါ ။ ချမ်းသာတယ်နော် အားလုံးကိုကန်ထရိုက်ဆွဲထားတာလေ...ဟဟ ။ Be Strong သူငယ်ချင်း ။ ဘယ်တော့မှအားမငယ်ပါနဲ့နော် ။

5 comments:

  1. မသစ်ရေ စိတ်ဓာတ်ရင့်ကျက်တာကောင်းပါတယ် ဖြစ်နေတာတွေရှောင်လွှဲလို့မှမရတာလေ ဒီလိုစိတ်မျိုးထားနိုင်တဲ့ မသစ်ကိုတအားချစ်ကျုးမိပါတယ် ဘဏ်လေးလဲအမြန်နေကောင်းပါစေ စိတ်မညစ်ပါနဲ့နော် အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်

    ReplyDelete
  2. အထင်နဲ့အမြင်လွဲသွားဒယ်။

    ReplyDelete
  3. အားပေးသော ချစ်မမ ချစ်ညီမလေးများကို ကျေးဇူးပါ

    ReplyDelete
  4. သစ်သစ်လောက်မချမ်းသာပေမယ့် တို့ကလည်း မွေးကတည်းက သဌေးမကြီးပါပဲ.... သဌေးဖြစ်နေမှန်း ၃၀ ရောက်မှ သိရတာ...။ ဒီရောက်မှတောင် ထပ်ချမ်းသာလာတာတွေရှိသေး....။

    ReplyDelete
  5. သစ်သစ်ရေ .. နေကောင်းလား။
    ကျန်းမာရေး ဂရုစိုက်နော်။ ဒီပို့စ်လေးဖတ်ပြီး သစ်သစ်လေးကို သနားလိုက်တာ။
    ငယ်ငယ်လေးနဲ့ ရောဂါတွေ စုံလို့ပါလား။ ဒါပေမဲ့ သစ်သစ်က တော်တယ်။ စိတ်တင်းထားနိုင်တယ်။ သစ်သစ်ကို ချီးကျူးပါတယ်။

    သစ်သစ်ကို အကြံပေးချင်လို့ပါ။
    ဘုန်းကြီးတွေ သက်ကြီးရွယ်အိုတွေကို ဆေးလှူနော်။ အိမ်ပြန်ရင်လဲ မိဘ ဘိုးဘွားတွေကို ခြေဆုပ်လက်နယ် ပြုစုပေး။ ပိုပြီး ကျန်းမာလာမှာ သိလား။

    ချစ်တဲ့
    မမေ

    ReplyDelete