Wednesday, July 22, 2009

စလုံးရောက်စ သစ်ဘ၀ ( ၂ )

တည်းခိုမယ့်အိမ်ကိုရောက်တော့ သူငယ်ချင်း၂ယောက်ကရှိပြီသားလေ သူတို့ကတော့အလုပ်ဝင်နေပြီ ပေါ့နော်။ ရောက်တာနဲ့အိမ်ကိုဖုန်းဆက်တယ် ပြီးတော့သူတို့ချက်တာစားတယ် ။ ဘယ်လိုလျှောက် ဘယ်လိုဝင်ဆိုတာလည်း ဘာမှကိုမမေးလိုက်ပဲ ပင်ပန်းလို့အိပ်တယ်လေ ..... ဟိဟိ ။ နောက်နေ့ ကိုယ်နိုးလာတော့ တစ်ယောက်မှမရှိတော့ဘူးလေ ။ အင်တာနက်ကလိုင်းမရှိလို့ ဖမ်းပြီးသုံးတာဆိုတော့ ဘယ်လိုဖမ်းရမှန်းတောင် မသိတော့ အဲဒီနေ့လည်း အိပ်ပြီးစား စားပြီးအိပ်ပဲလေ ။ ညနေသူတို့လာမှ မေးစရာရှိတာလေးတွေ မေးရတော့တာပေါ့နော် ။ သတင်းစာစဖတ်ပါတယ် မနက်ကတည်းက ဖတ်လိုက်တာ ၁၀နာရီကျော်တဲ့အထိ အလုပ်ရှာရမယ့်နေရာ မတွေ့ဘူးလေ ။ အစကနေ တစ်အုပ်ပြီးတစ်အုပ် ဖတ်နေတာလေ ....အရမ်းလည်တာနော် ။ ၃ရက်လောက်မှ အဆင်ပြေသွားတယ် ။ ညဘက် သူတို့ပြန်လာရင် အရမ်းပျော်တာပဲ ကိုယ်ကတော့ အင်တာနက်မှာပဲ ခေါင်းစိုက်နေတာပေါ့နော် ။ ပိတ်ရက်ဆိုသူတို့က လိုက်ပို့ပါတယ် ဟိုနေရာဒီနေရာ ကိုယ်ကအလုပ်မရသေးတော့ မသွားချင်လေ ။ ဒီလိုနဲ့အင်တာဗျူးတစ်ခုရတယ် ၁၅၀၀ပေးတော့ လုပ်ဖူးဆိုပြီး ပြန်လာတယ် လူမိုက်လေ သိတယ်ဟုတ် ...း) ။ နောက်အင်တာဗျူးတွေ ထပ်ရတယ် အဆင်မပြေဘူး တစ်ချို့အင်တာဗျူးတွေဆို တကယ်ရီရတယ် ။ တစ်ခုပြောပြမယ် ဆမ်ဘာဝမ်းကနေ သွားရတာ အ၀င်မှာကတ်တစ်ခုပေးရတယ် ဒါမှမဟုတ် ပတ်စ်ပို့စ်ပေါ့နော် သစ်ကဘာပေးတယ် ထင်လဲ ကျောင်းသားကတ်မြန်မာလိုဟာကို ပေးခဲ့တယ် ။ သူတို့ကလည်း ယူတယ်နော် ။ ဟိုရောက်တော့ ထမင်းစားချိန်လေ လူတွေကလည်း ထွက်လာတာအများကြီးပဲ အခန်းတစ်ခုထဲမှာ ထားတယ် သစ်တစ်ယောက်တည်း နောက်တော့ ၀င်လို့ရပြီဆိုပြီး မီတင်ရွမ်းလို ဟာမျိုးမှာဗျူးတယ် သူတို့က ပုံလဲဆွဲခိုင်းတယ် ။ အိုကေတယ်ပေါ့နော် ။ မနက်ဖြန်ဖုန်းဆက်မယ်တဲ့ ကိုယ်ကလည်း အိုကေပေါ့နော် အပြင်ရောက်တော့ အခန်းကအကျယ်ကြီးလေ ပတ်ချာလည်မှာ လျှောက်လမ်းပေါ့နော် ။ ကိုယ်နှုတ်ဆက်ပြီးထွက်လာလိုက်တာ တံခါးပေါက်ကိုမရောက်ပဲ တပတ်ပြည့်ပြီး သူ့ဆီပြန်ရောက်သွားတယ် ။ မေးစရာကလည်းတစ်ယောက်မှ မရှိဘူးလေ ။ အဲဒီမန်နေဂျာကိုယ်တိုင်ပဲ အောက်အထိလိုက်ပို့တယ် ထမင်းစားဖို့သူကခေါ်နေပါသေးတယ် ကိုယ်ကရှက်လို့ပြေးချင်နေပြီလေ .....ဟိဟိ ။ ရရင်တောင်ရှက်လို့မလုပ်ဘူးလို့ စဉ်းစားထားတာ သူတို့ကလည်း ခေါ်ပါဘူးလေ ။.......ဆက်မယ်နော် ။

8 comments:

  1. ထောပတ်သီးလည်းတချို့အလုပ်တွေအင်တာဗျူးသွားတုန်းကလေ အဲ့အဆောက်အဦးကိုရောက်နေတယ် အဲ့ခန်းကိုဘယ်လိုမှမရောက်ဘူး လည်နေတာ တော်တော်အားငယ်ဖူးတယ် အင်တာဗျူးပြီးရင်လည်း စိတ်ဓာတ်ကျတာကများနေတယ် :( ဆက်ရေးပါ ဆက်လက်အားပေးနေပါ၏ ရေးတာကောင်းပါတယ်

    ReplyDelete
  2. အင်တာဗျူး လမ်းလျှောက် ဖိနပ်ပေါက် အချိန်မှန်ရောက် ပေးတဲ့လစာ မဖြစ်စလောက် ခိုင်းချင်တာ သေမလောက်

    ReplyDelete
  3. လိပ်စာက ရှာရခက် တက်စီခထွက် သူတို့ ရဲ့  အသံထွက် နားထောင်ရခက် စိတ်ဓါတ်ကပျက် အိမ်ရောက်တော့ အသက်ထွက်

    ReplyDelete
  4. ဒီလိုနဲ့  ဆက်ချီတက် ဘ၀အတွက် ဒုတိယ အင်တာဗျူးရဖို့ အတွက်
    အိပ်ရေးတွေပျက် အစားတွေပျက် လုပ်လိုက်ရတာ အသက်ထွက် ပါမင်နင့် ဖြစ်ဖို့ အတွက် (တော်မှ တော်ကြာ ဘလော့လွှဲပေးနေမှ ဒွတ်ခ)

    ReplyDelete
  5. ရှူး (တိုးတိုး) ဘလော့ပိုင်းရှင်မသိခင် ကျန်တာလေး ဆက်ရေးလိုက်ဦးမယ်နော့
    စလုံးရောက်မှ အမြတ်ထွက် နေ့ ညမပြတ် ဘုရားစာရွတ်ဖတ်
    မပျက်မကွက် ဘူးဂစ်ထွက် ကွမ်းရင်ကျောင်းမှာ ဆုတောင်းမပြတ်
    လစားကောင်းဖို့ အရေးအတွက် ဟိုပင် ဒီပင် လူးလားခတ်
    အခြေကျလို့ ဈေးဝယ်ထွက် ဒစ်စကောင့်တွေက တရဇတ်
    ရောက်တာကြာတော့် အနေခက် ဘလော့တကာ လျှောက်ခါဖတ် (ရှိသေးရင် ဘလော့ပိုင်ရှင်မသိအောင် တိတ်တိတ်လေးလာရေးပေးမယ် သိလား)

    ReplyDelete
  6. မီးချစ် တော့ များသော အားဖြင့် အင်တာဗျုးတိုင်း ကံကောင်းတက်တယ်..နဲနဲတော့ ရင်ခုန်တယ်..

    ReplyDelete
  7. မဘဏ် မဘဏ်လည်းရေးပါလားဟင် အရေးအသားကောင်းတယ်လေ :) အားပေးဖို့အဆင်သင့်
    မသစ် သဘောတူတယ်မလား

    ထောပတ်သီး

    ReplyDelete
  8. (ကိုယ်မဖြစ်ဘူးသလို ပုံစံနှင့်) - ဟားဟားဟား။ တောသူတွေ မြို့တက်တော့ ရယ်ရဒယ်။

    ReplyDelete