သစ်မှာချစ်ရတဲ့ တူတွေ တူမလေးတွေ ရှိပါတယ် ။ အကြီးဆုံး တူမလေးအကြောင်းကို ပြောချင်ပါတယ် ။ သစ်က သူ့ဘ၀ရဲ့ဟီးရိုးပါ ။ အရာအားလုံးကို သစ်ငယ်စဉ်က လုပ်ခဲ့သလိုပဲ လိုက်လုပ်လေ့ရှိပါတယ် ။ သူကတစ်ခါတစ်လေ သစ်ကိုစကားထူးထူးဆန်းဆန်းတွေလည်း မေးလေ့ရှိပါတယ် ။ တီတီလေး ငယ်စဉ်က စာကျက်လို့အိပ်ငိုက်ရင် ဘယ်လိုလုပ်လဲ ။ တောမှာမွေး တောမှာကြီးတော့ ရန်ကုန်က သူတို့အတွက်လည်း စိမ်းပါတယ် ။ ရှောပင်းမောလ်ကိုခေါ်သွားလို့ကတော့ သစ်အကျီ င်္ကိုမလွှတ်ပါဘူး ။ ကိုယ်ကလည်း သူတို့ကိုတိုးတက်ချင်စိတ်များတော့ နွေရာသီ ၂လ လာရင်ကို ပို့လိုက်ရတဲ့သင်တန်းက မနည်းပါဘူး ။ တကယ်တော့သူတက်ချင်တာ ဒီသင်တန်းတွေမဟုတ်ပါဘူး ။ သစ်အိပ်ခန်းထဲက သစ်စာအုပ်တွေ ကို သူမွှေချင်တာပါ ။ နောက်ဆုံး သစ် စလုံးကို ထွက်လာတော့ သူသစ်ဆီကိုစာရေးပါတယ် ။ သစ်အခန်းထဲက ပိုင်ဆိုင်သမျှတွေ သူ မ သွားပါရစေတဲ့ ။ သစ်ကဆိုးပါတယ် ကိုယ် စလုံး ကိုထွက်လာတော့ သစ်အခန်းကို သော့ခတ်ခဲ့တာနော် ။ သော့ကိုလည်း ဒီကိုယူလာသေးတာ ...ဟဟ ။ အဖေဆီမှာတော့ သော့ပိုထားပါတယ် ။ သူတို့နွေရာသီလာတော့ သစ်အခန်းကိုဝင်လို့မရပါဘူး ။ သူအရမ်းစိတ်ညစ်သွားတယ်လေ သူစဉ်းစားထားတာက ဒီနှစ်သွားရင် တီတီလေးမရှိဘူး ငါတော့အပိုင်ပဲ စာအုပ်တွေစိတ်ကြိုက်ဖတ်လို့ရပြီ ဆိုပြီးတော့ ကြုံးဝါးထားတာလေ ။ ရောက်လာတော့ သော့ကဆီးကြိုနေတော့ သစ်ဆီကို ဖုန်းဆက်ပါတယ် ။ သူဒီအခန်းကို ၀င်ပါရစေပေါ့နော်။ သစ်ကလည်း ဘာလို့ဝင်ချင်တာလဲလို့ဆိုတော့ သစ်စာအုပ်တွေသူဖတ်ချင်တာပါတဲ့..။ သစ်လည်းခွင့်ပြုလိုက်ပါတယ် ။ မနှစ်က ရန်ကုန်ခနပြန်တော့ သစ်စာကြည့်စားပွဲမှာ သူစာတစ်စောင်ရေးသွားပါတယ် ။ သူလိုချင်တဲ့စာအုပ်များစာရင်းပါ ။ သူရိုရိုသေသေကိုင်ပါ့မယ်လို့လဲ ရေးထားပါသေးတယ် ။ သစ်ဆီမှာ ဒစ်ရှင်နရီစာအုပ် ၅အုပ်ရှိပါတယ် ။ အဲဒီထဲက သူလိုချင်တာလေးကိုလဲ ရေးသွားပါသေးတယ် ။ သူက မောင်နှမတွေမှာ အကြီးဆုံး ဒါပေမယ့်အရမ်းကို သိတတ်ပါတယ် ။ လိုချင်တာကိုလည်း ပွင့်ပွင့်လင်းလင်း လုံးဝမပြောပါဘူး ။ တကယ်တော့သူက အခုမှ ၉တန်းကျောင်းသူပါ ။ သစ်က သတိရလို့ သူတို့မြို့ကို ဖုန်းခေါ်ရင် သူက တီတီလေးနေကောင်းလားလို့ မေးပြီးတာနဲ့ ရင်ထဲမှာရှိတာတွေ မေးတော့တာပါပဲ ။ သမိုင်းကို မမေ့အောင်ဘယ်လိုကျက်ရမလဲတို့ ၊ သိပ္ပံတွဲယူပြီးလို့ တီတီလေးလို မဖြစ်လာရင် ဆူမှာလားတို့ အစုံပါပဲ ။ ရန်ကုန်ပြန်တုန်းက သူတို့မြို့ကို သစ်သွားလည်ပါသေးတယ် ။ သူအခန်းကိုရောက်တဲ့အခါ သစ်တော်တော်ကို အံ့သြသွားပါတယ် ။ တီတီလေးလို ဖြစ်ရမယ်လို့ တခန်းလုံးကပ်ထားတာကို သစ်တွေ့လိုက်တော့ သစ်တာဝန်တွေတော်တော်ကြီးသွားပါတယ် ။ သစ်သူ့နဲ့အတူ ၃ရက်နေခဲ့ပါတယ် ။ မေးခွန်းပေါင်းမြောက်မြားစွာကို ဖြေခဲ့ရသလို သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ် ။ သစ်ကိုပေးဖို့ဆိုပြီး သူ့မုန့်ဖိုးလေးတွေကို စုပြီးဝယ်ထားတဲ့ ဓါတ်ပုံမှန်ဘောင်လေး တစ်ခုပေးခဲ့ပါတယ် ။ မပြန်ခင်ညနေ သံလွင်မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်တော့ သူ့ကိုသစ်အကောင်းဆုံးသော လက်ဆောင်ပေးခဲ့ပါတယ် ။ သစ်အခန်းရဲ့သော့လေးပါ ။ သူအရမ်းဝမ်းသာသွားပါတယ် ။ သမီးဘာလို့အင်ဂျင်နီယာဖြစ်ချင်တာလဲလို့ သစ်သူ့ကိုမေးလိုက်ပါတယ် ။ သူဖြေသွားတာ ရိုးရိုးလေးပါ သစ်အခန်းထဲက စာအုပ်အားလုံးကို နားလည်သဘောပေါက်စွာ ဖတ်ချင်တယ်တဲ့လေ..။ ပြန်လာတော့ သစ်စဉ်းစားမိပါတယ် တူမလေးအားကျရလောက်အောင် ငါကရော သူထင်သလိုဟုတ်ရဲ့လားပေါ့နော် ။ နောက်နှစ်ကျရင်တော့ သူရန်ကုန်မှာလာနေတော့မှာပါ ။ သူသစ်ကို တောင်းပန်ထားတာတစ်ခုလည်း ရှိပါတယ် ။ သူက သူငယ်တန်းကနေ ၇တန်းအထိ ပထမပဲရလာတော့ ၈တန်းကျတော့ သူအဆင့်၃ဖြစ်သွားပါတယ် ။ သစ်လိုချင်တဲ့ ၉နှစ်ဆက်တိုက်စလွယ်ဆုကို သူမယူပေးနိုင်ခဲ့ပါဘူးတဲ့ ဒါကြောင့်၁၀တန်းရောက်ရင် သစ်ကျေနပ်အောင်ဒီအကြွေးကို ဆပ်ပါမယ်လို့ တောင်းပန်ထားပါတယ် ။ ဘာပဲဖြစ်ဖြစ် တီတီလေးကျေနပ်ပါတယ်လို့ ပြောပြီး ကိုယ်ဟာဟီးရိုး ဖြစ်ထိုက်ရဲ့လားဆိုတဲ့ အတွေးတွေနဲ့ စလုံးကိုပြန်ရောက်လာပါတယ် ။
Tuesday, July 14, 2009
Subscribe to:
Post Comments (Atom)
ထောပတ်သီးမှာတော့တူတွေတူမတွေရှိဘူး...ညီမလေးတစ်ယောက်ရှိပါတယ် ထောပတ်သီးစာအုပ်တွေသူစိတ်မ၀င်စားဘူး
ReplyDeleteလူတိုင်းမှာ သူ့ တန်ဖိုးနဲ့ သူရှိတယ် သစ်
ReplyDelete