Thursday, July 16, 2009

ဖျက်လို့မရ သမိုင်းများ ၂

ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ တွေ့ပြီးစကားလက်ဆုံပြောမကုန်ပါဘူး ။ အားလုံးကရွယ်တူတွေ ဆိုတော့လဲ ပျော်စရာတကယ်ကောင်းပါတယ် ။ နောက်နေ့ကျတော့ ခိုင်ဇာကျောင်းစတက်ပါတယ် ။ ရှေ့ဆုံးတန်းမှာ ခိုင်ဇာ ၊ သစ် ၊ အေးမြ နဲ့ ပန်းအိဖြူဆိုတဲ့ ကောင်မလေး ၄ယောက်ထိုင်ပါတယ် ။ ဒုတိယတန်းမှာတော့ သီရိ ၊ ဇင်မာ နောက်လူတွေမသိတော့ပါဘူး ။ သေချာတာကတော့ အင်းစိန် ၁ က သူတွေချည်းပါပဲ ။ ကျောင်းတက်ဖို့ ကျောင်းကားစီးဖို့ တိုင်ပင်ကြတော့ သစ်တို့တစ်အိမ်ကျော်က ခင်ခင်ဦးက ပြောပါတယ် သူအီးစီကကောင်မလေး အဖေ လုပ်တဲ့ကျောင်းကားစီးတယ်တဲ့ နင်စီးမလားတဲ့ သစ်ကလည်း စီးမယ်ပေါ့နော် ။ သစ်တို့ကျောင်းကားက သိပ်ပျော်စရာကောင်းပါတယ် ။ မိန်းကလေး ၈ယောက်စီးတာပါ ။ အားလုံးက civil ကပါပဲ ကျောင်းကားပိုင်ရှင်ကောင်မလေးကသာ အီးစီကပါ ။ အဲဒီကားလေးက သစ်တို့ကို အရင်ကြိုပါတယ် ။ နောက်မှအခြားသူတွေကိုဆက်ကြိုတာပါ ။ မိန်းကလေးတွေဆိုတော့လည်း ပေါက်ပေါက်ဖောက်သလိုပါပဲလေ ။ တနေ့တနေ့ ပြောစရာမကုန်နိုင်ပါဘူး ။ အင်းစိန်ကဆွဲတဲ့ ကိုကောက်ဆိုတဲ့ ဟိုင်းလတ်တစ်စီးလည်း ရှိပါသေးတယ် ။ သူတို့ကားကတော့ မေဂျာစုံကပါ ။ ယောက်ျားလေးလည်းများပါတယ် ။ ဟိုင်းလတ်ဆိုတော့ မြန်မြန်လည်းမောင်းပါတယ် ။ အဲဒီကားကတော့ သစ်တို့လမ်းထိပ်ကဖြတ်တယ်ပေါ့နော် ။ သစ်မစီးပါဘူး ။ လူငယ်တွေမောင်းတာဆိုတော့ အဖေကစိတ်မချလို့ပါ ။ သစ်စီးတဲ့ကားက သစ်သူငယ်ချင်းအဖေကိုယ်တိုင် မောင်းတာပါ ။ ပထမနှစ်တစ်နှစ်ထဲ အဲဒီကျောင်းကားစီးတာပါ ။ နောက်နှစ်ကျတော့ သစ်သစ်တစ်ယောက်လူရည်လည်သွားပါပြီ ။ သူငယ်ချင်းမောင်းတဲ့ ကျောင်းကားကိုပြောင်းစီးပါတယ် ။ ပျက်စီးခြင်းရဲ့လမ်းစလို့ပြောရင်လည်း မှားမယ်မထင်ပါဘူးကွယ် ။ ကျောင်းစတက်စက ဒီလောက်မဟုတ်ပေမယ့် အပေါင်းအသင်းများလာတော့ လမ်းတွေများလာပါတယ် ။ အီးစီက သစ်သူငယ်ချင်းကောင်လေးက ကျောင်းကိုကားယူလာတော့ သစ်တို့အုပ်စု မျောက်အုန်းသီး ရသလိုပါပဲလေ ။ နေ့လည်း ကျောင်းထမင်းစားချိန်ကို လှော်ကားမှာသွားစားပါတယ် လမ်းကြောင်းရှာတာလေ ။ လှော်ကား ၊ ပဲခူးကတော့ အခေါက်ပေါင်း မရေနိုင်ပါဘူး ။ အမြဲတမ်းဘယ်သွားရမလဲပဲ စဉ်းစားနေတာပါ ။ သူငယ်ချင်းယောက်ျားလေးတွေကတော့ အီးစီကများပါတယ် ။ တကယ်ကိုသတိရပါတယ် ။ အားလုံးက ကျောင်းပေါင်းစုံကလာပြီး အဆိုးတွေစုနေတာလေ ။ အိမ်ရောက်ရင် ပင်ပန်းလွန်းလို့ စားပြီးတာနဲ့အိပ်ပဲလေ ။ စာဆိုစာမေးပွဲနီးမှ ကျက်တာလေ ဟိုဟာလေးဆွဲ ဒီဟာလေးကူးနဲ့ပေါ့ ။ သင်တဲ့ဆရာတွေကတော့ တကယ့်ကိုဝါရင့်ဆရာတွေပါ။ တကယ်တော်ပါတယ် ။ ပထမနှစ်မှာ လေခြင်းရဲ့ရလာဒ်ကတော့ လူပေါင်း၂၀၀ကျော်မှာ သစ် ၁၉၃ နဲ့အောင်ခဲ့ပါတယ် ။ နောက်နှစ်လည်း စီခန်းပါပဲကွယ် ..... ဟဟ ။......ဆက်ရန် ။

5 comments:

  1. ပျက်စီးခြင်းအစ အင်ဂျင်နီယာကလား အင်ဂျင်နီယာအစ ပျက်စီးခြင်းကလား လား လား ဟူ၍ အတွေးပွားသွားပါကြောင်း

    ReplyDelete
  2. ပျက်စီးခြင်းအစ အင်ဂျင်နီယာက၊ အင်ဂျင်နီယာအစ ပျက်စီးခြင်းက နှစ်ခုလုံး မဟုတ်ပါဘူးကွယ်... ဘဏ်လေးရယ်.....။

    ReplyDelete
  3. သစ်သစ်July 16, 2009 at 11:11 AM

    အင်ဂျင်နီယာ နဲ့ ပျက်စီးခြင်း လားလားမှ မသက်ဆိုင်ပါ ဘဏ်လေးရယ် လူဆိုတာကလည်း ဇ ရှိလို့ပါ ဟိဟိ...

    ReplyDelete
  4. ဆင်ဆင် နှင့် သစ်သစ် ယျေဘူယျအားဖြင့်တော့ အင်ဂျင်နီယာအများစုသည် လေးနှစ်ပိုင်းတပိုင်းများသာဖြစ်သည် (ထို့ ကြောင့် ဆိုင်သည်ဟု ကောက်ချက်ချသည်)

    ReplyDelete
  5. ha ha ha မမတို့ပြောတာကိုတအားသဘောကျတယ် မသစ်ပြောတာကိုထောပတ်သီးထောက်ခံတယ် အင်ဂျင်နီယာနဲ့ပျက်စီးခြင်းလားလားမှမသက်ဆိုင် ဇကြောင့်ဆိုတာ :D

    ReplyDelete