Friday, July 10, 2009

သစ်သစ်သိတဲ့ အချစ်အကြောင်း

အိုကေ........... ဒီတစ်ခါတော့ သစ်သစ်နဲနဲလေး နွဲ့ကြည့်လိုက်မယ် ။ အချစ်အကြောင်းရေးမယ်ကွာ....ဟာဟ လန်းတယ်နော် စရေးတာမှ ၃ပုဒ်ပဲရှိသေးတယ် ၄ပုဒ်မြောက်မှာ အချစ်အကြောင်းတဲ့ ရေးပါရစေ ဒီနေ့သူကခွင့်ယူထားတော့ ရုံးမှာထင်တိုင်းကြဲနေခြင်း ဖြစ်ပါတယ် ။ သူ သိပ်မစဉ်းစားပါနဲ့ စီနီယာပါကွယ် ။ လူတိုင်းခံစားတတ်တဲ့အချစ် သစ်ကမသိဘူးဆိုရင် သစ်ငလိမ်ဖြစ်သွားမှာပေါ့ ဟိုလိုလေ သာမီးကအချစ်ဆိုတာ ဘာမှန်းမသိသေးပါဘူးရှင့် ဟင့်ဟင့်ပေါ့....။ ရေးရင်းနဲ့တောင် ကြက်သီးထမိတယ် ။ ကဲ ချစ်သူထားတယ်ဆိုတာကို ဘယ်သူတွေကဘယ်လိုလက်ခံထားလဲ မသိပေမယ့် သစ်ကတော့ ချစ်သူဆိုတာ ဘ၀လက်တွဲဖော်လောင်းလို့ သတ်မှတ်ပါတယ် ။ ချစ်သူဘ၀မှာ အတတ်နိုင်ဆုံး တစ်ယောက်သဘော တစ်ယောက်သိမှ တချိန်လက်ထပ်တဲ့အခါ ၆၀%လောက် အဆင်ပြေမယ်ထင်လို့ပါ ။ ဒါကလည်း သစ်ထင်ထားတာပါ ။ ဒီလိုသိဖို့က အချိန်လိုပါတယ် ။ လူတစ်ယောက်က စိတ်ထားဘယ်လိုဆိုတာ ဒီလူကိုစကားပြောကြည့်ရင် သိသာပါတယ် ။ သူ့လေသံတွေမှာ ဘာတွေပါဝင်နေလဲ ခန့်မှန်းလို့ရပါတယ် ။ ဒါပေမယ့်စကားပြောရုံနဲ့ပြီးသလားဆိုတော့လည်း မပြီးပြန်ပါဘူး ဒါကအင်ထရိုပါ ဟာဟ..... ။ ရင်းနှီးမှုလိုအပ်ပါတယ် လူတွေဟာ ရင်းနှီးသွားကြရင် ရင်ဖွင့်တတ်ပါတယ် ။ ဒီလိုရင်ဖွင့်တဲ့အခါ စကားလုံးတွေထဲမှာ အတွေးအခေါ် အယူအဆတွေ အများကြီးပါတယ်ဆိုတာ ယုံလား ။ သစ်ကတော့ယုံတယ် လူတစ်ယောက်ကို ဟန်ပန်ကြည့်ယုံနဲ့တော့ လုံးဝဆုံးဖြတ်လို့မရပါဘူး ။ ကြင်နာမှု ၊ နွေးထွေးမှုတို့ ဆိုတာ နောက်ကလိုက်လာတဲ့ ဘော်ဒါတွေပါပဲ ။ ကိုယ်ကသူ့ကိုကောင်းပြနေရင် ဘယ်လောက်ဆိုးတဲ့သူဖြစ်ပါစေ အားနာသမှုနဲ့ တစ်ခေါက်လောက်တော့ ပြန်ကောင်းသွားမှာ သေချာပါတယ် ။ သစ်သစ်ကတော့ လွဲခဲ့ရင်လည်း ကိုယ်ဟာသူအပေါ်ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာ အမှတ်ရနေစေရပါမယ် ။ နောက်တစ်ခုက ဆွဲဆောင်မှု ရုပ်လှမှဆွဲဆောင်နိုင်တာမဟုတ်ပါဘူး (သစ်ကရုပ်ဆိုးလို့ပါ ) စေတနာထားခြင်းသည်လည်း အကောင်းဆုံးသော ဆွဲဆောင်မှုပါပဲ။ ကိုကိုရေ မောင်မောင်ရေ မီးကလေ ဆိုပြီးပြတ်သွားတာ လောကကြီးမှာတစ်ပုံကြီးပါ ။ တခါတလေရထားပေါ်မှာ မြင်ဘူးပါတယ် သူလည်းဗမာကိုယ်လည်းဗမာဆိုတာ ရိပ်မိသိရှိသွားပြီးသကာလမှာတော့ သူတို့ရဲ့ချစ်သူကိုပိုတိုးကာ ကြင်နာပြတတ်ကြပါတယ် ။ သိပ်သိပ်ချစ်တယ်ပေါ့လေ ဒီလိုမျိုးတွေ့ရင် သစ်တကယ်ရီချင်ပါတယ် ။ လူပုံအလယ် ကြင်နာပြမှ ချစ်တယ်ဆိုရင် သေပြီ သေချာတယ် သစ်သစ်တစ်ယောက်ဒီဘ၀မှာ အပျိုကြီးဖြစ်ပြီ...။ အသက်အရွယ်ကလည်း အချစ်ကိုပြောင်းလဲခံစားတတ်စေပါသေးတယ် ။ အသက်ကြီးလာလေလေ အချစ်သည်သိမ်မွေ့လာတယ်လို့ မြင်မိပါတယ် ။ တပ်မက်မှုထက်ကို နားလည်မှု နှင့် အပေးအယူ မျှဖို့ကို ပိုပြီးစဉ်းစားလာတတ်ပါသေးတယ် ။ ကိုယ်ဟာ သူ့ကိုဘယ်လောက်အကျိုးပြုစေမလဲ ဆိုတာကိုပါစဉ်းစားလာတတ်ပါတယ် ။ ဒီအပေါ်ကခံစားမှုတွေ အားလုံးက သစ် ထင်မြင်တဲ့အရာတွေပါ ။ ဒီအသက်ရွယ်ထိ သစ်သိထားတဲ့ အချစ်အကြောင်းလေးပါ ။ သဘောထားတွေ ကွဲလွဲနိုင်ပါတယ် ။ ကဲ.....အလုပ်နည်းနည်းလုပ်လိုက်ပါဦးမယ်ကွယ် ။ ဒီသောကြာညမှာတော့ တစ်ခုတော့ထပ်ရေးဖြစ်မယ်ထင်ပါတယ်။ ဆီးယူ နိပ်စ်ပို့စ်....း) ။

4 comments:

  1. သိတ်မစဉ်းစားပါနှဲု အပျိုကြီးဖြစ်သွားလိမ့်မယ။်

    ReplyDelete
  2. သစ်သစ်July 10, 2009 at 11:30 AM

    မမကတော့ မြန်တယ်ဟေ့ မစဉ်းစားပါဘူး စဉ်းစားစရာမရှိလို့ပါ ဟဟ ( ကြော်ငြာသလိုများဖြစ်သွားမလားလေ ငါ့နှဲ့နော် ပြောတော့ပါဘူး ) ...ဟိဟိ

    ReplyDelete
  3. လူပုံအလယ် ကြင်နာပြမှ ချစ်တယ်ဆိုရင်.. အဲ့ဒါတော့ လုံးဝမဟုတ်ဘူးလို့ ပြောသွားပါရစေ

    ReplyDelete
  4. တို့သိတဲ့အချစ်အကြောင်း= အိမ်ကမောင်ကြီးအကြောင်း...။

    ReplyDelete