Monday, July 27, 2009

ကိုယ့်ချစ်သူ

လိုအပ်ချိန်မှာ
အနားရောက်လာတာ
ချစ်သူလား
ဒါဆို မင်းက ကိုယ့်ချစ်သူပဲ.....
စကားတွေ နားထောင်ပြီး
စိတ်ကြိုက်လိုက်နေမိတာ
ချစ်သူလား
ဒါဆိုမင်းက ကိုယ့်ချစ်သူပဲ......
တစ်ညလောက် ပစ်ထားရင်တောင်
ဝမ်းနည်းနေမိတာ
ချစ်သူလား
ဒါဆိုမင်းက ကိုယ့်ချစ်သူပဲ......
အသံကြားရင် ဘ၀င်တွေတုန်
ပုံကိုတွေ့ရင် ရင်တွေခုန်
ခံစားစေတာ
ချစ်သူလား
ဒါဆိုမင်းက ကိုယ့်ချစ်သူပဲ....
အစဉ်အမြဲတမ်း
ရင်ထဲလွမ်းနေရတာတော့
မင်း ဆိုတဲ့ ကိုယ့်ချစ်သူလေးကိုပါပဲ...

2 comments:

  1. ခြစ်ကြည့်ချင်စိတ်ပေါက်လာပြီ

    ReplyDelete
  2. kom: သစ်ပြောတာတွေထောက်ခံပါ၏
    27 Jul 09, 11:41
    kom: ထောပတ်သီး: ကိုယ့်ချစ်သူဖတ်ပြီးသွားပြီ

    ReplyDelete