Tuesday, July 14, 2009

အမှောင်ထဲကနေ့ရက်များ

အတင်းတွေလည်း များနေပြီ သိကုန်ရင် သစ်ကိုလာသတ်ကြတော့မယ် ။ ဒီနေ့တော့ သစ်အကြောင်းကို ပြောပြချင်ပါတယ်။ အမှောင်ကျခဲ့တဲ့နေ့ရက်များလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ သစ်ရောဂါတစ်ခုအတွက် မြောက်ဥက္ကလာပ က မြန်မာဆရာတစ်ယောက်နဲ့ ပြဘူးတဲ့အကြောင်းလေးပါ ။ သူကိုယ်တိုင်တော့ မကုပါဘူး ။ သမီးတွေက ကုတာပါ ။ သူတို့က တိုင်းရင်းဆေးလက်မှတ်လဲ ရှိပါတယ် ။ တရားဝင်လို့ သစ်ကဆိုလိုချင်တာပါ ။ သူ့ဆီမှာပြချင်ရင် ၃ရက်လောက်ကြိုတင် တုံကင်ယူရပါတယ် ။ သစ်ရောဂါတစ်ခုဖြစ်တယ်ပေါ့နော် ။ အမေက အဲဒါကိုစုံစမ်းလာတယ်ပေါ့နော် ။ မိဘမေတ္တာပေါ့နော် မြန်မြန်ပျောက်စေချင်တော့ သွားပြကြမယ်ပေါ့လေ ။ အဖေသိရင်ဆူမှာစိုးလို့ အမရယ် အမေရယ် သစ်ရယ် သွားကြတာပေါ့လေ ။ ဟိုရောက်တော့ သူတို့က သောက်ဆေးရယ် ထိုးဆေးရယ် ပေးပါတယ် ။ ထိုးဆေးကလည်း ကိုယ့်ဘာသာထိုးရမယ်ပေါ့နော် ။ ၁စီစီပါပဲ တစ်ကြိမ်ထိုးရင်လေ ။ ၃လစာ တစ်ခါတည်း ၀ယ်လာတာ ၂သိန်းကျော်ကျပါတယ် ။ မြန်မာဆေးများ ဈေးကြီးချက်ကိုနော် ။ ရပ်ကွက်ထဲက သားဖွားဆရာမကို ဆေးနေ့တိုင်းထိုးဖို့ အကူအညီတောင်းရပါတယ် ။ သစ်ပြောချင်တာကိုရောက်ပါပြီ သောက်ဆေးကဘာမှမဖြစ်ပေမယ့် ထိုးဆေးလေး ၁စီစီက တင်ပါးထဲစ၀င်တာနဲ့ သေလောက်အောင်နာပါတယ် ။ နေ့စဉ်ထိုးတဲ့အခါမှာ သစ်ဘယ်လိုမှမခံနိုင်ပါဘူး ။ ထိုးပြီးရင် မှောက်အိပ်ရေနွေးအိပ်ကပ်လုပ်ရပါတယ် ။ တနေ့လုံးကတော့ မထနိုင်တော့ပါဘူး ။ သစ်ကို အရိပ်လိုကြည့်နေတဲ့အဖေလည်း သိသွားပါတော့တယ်။ အမေ နဲ့ စကားတွေများပြီး အဲဒီကိုသွားပါတယ် ။ ထိုးဆေးကိုဘာနဲ့လုပ်လဲမေးတော့ ကြံ့ရဲ့သွေးနဲ့လုပ်တာလို့ပြောပါတယ် ။ အဖေက ချက်ချင်းရွှေဘုံသာလမ်းက ဓါတ်ခွဲခန်းတစ်ခုမှာ အဲဒီဆေးကို အသိဒေါက်တာနဲ့စစ်ခိုင်းပါတယ် ။ သစ်ဘာမှမဖြစ်ခဲ့ပေမယ့် အလွန်ပြင်းတဲ့ဆေးလို့ သိရပါတယ် ။ သစ်မေမေဟာ မြန်မာဆေး မြန်မာဆရာ လွန်စွာအားကိုးပါတယ် ။ သစ်ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း မေမေက အာရှတော်ဝင်မှာ ဆေးစစ်ဖို့ခေါ်လည်း မငြင်းတော့ပါဘူး ။ အရင်ကဆို checkup လုပ်တာတောင် သစ်ပါဆေးရုံလိုက်တက်ရပါတယ် ။ အင်္ဂလိပ်ဆရာဝန်တွေကို ကုတာကြာလို့သူသိပ် သဘောမတွေ့ပါဘူး ။ ခုတော့ အေးဆေးဖြစ်သွားပါပြီ ။အရှုံးထဲက အမြတ်ပေါ့နော်။ ဒီပို့စ်လေးက အမှောင်ကျခဲ့တဲ့ သစ်ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းလေးပါ နောက်များမှာလည်း အခြားအစိတ်အပိုင်းတွေကို ကြုံသလိုတင်ပေးသွားပါမယ် ။

4 comments:

  1. သစ်သစ်July 14, 2009 at 12:09 PM

    ပေးလို့မရဘူးလို့ အော်ကြတယ် ဘာလို့များပါလိမ့်နော်...

    ReplyDelete
  2. မြန်မာဆေးဆရာက ထိုးဆေးပေးတယ် ပထမဆုံးကြားဖူးတာပဲ ပြီးတော့ ကြံ့ ရဲ့ သွေးတဲ့ ဘုရား ဘုရား ဂျိုလေးပေါက်နေဦးမယ်

    ReplyDelete
  3. တော်သေးတယ် မသစ်ရယ် စောစောသိပေလို့

    ReplyDelete
  4. ကံကောင်းလို့ ဘလော့ရေးနိုင်တာတာပေါ့နော်...။

    ReplyDelete