Friday, July 17, 2009

မကြည်ရှုပ်ထွေး ဒီနေ့လေး

စိတ်မကြည်တာ ၃ရက်လောက်ရှိပြီ တစ်စုံတစ်ယောက်က ကိုယ့်ကိုသတ်မှတ်ထားတဲ့ နေရာကိုသိလိုက်ရတာက တစ်ကြောင်း ၊ သူစိတ်မကောင်းအောင် ကိုယ်လုပ်မိတာက တစ်ကြောင်း ၊ ကိုယ့်ဘာသာလည်း ၀မ်းနည်းတာက တစ်ကြောင်း ဆိုတော့ သူ့ကိုတောင် မတောင်းပန်မိဘူး ဖြစ်သွားတယ် ။ ရိုင်းတယ်ဆိုတာ သိပေမယ့် ကိုယ်ကစပြီးမလုပ်ဖြစ်ခဲ့ဘူး ။ ဒီနေ့သူကစပြီးလာခေါ်တော့ ကိုယ်ဘယ်လောက် သူ့ကိုလွမ်းနေတယ်ဆိုတာ သိလိုက်ရတယ် ။ သူဟာကိုယ့်အတွက် ဘာကိုမှမပွင့်လင်းခဲ့ပါဘူး ။ ကိုယ်ကသာ အတတ်နိုင်ဆုံးနားလည်ပေး ထားတာပါ ။ သူ နဲ့ ပက်သက်ပြီး ကိုယ့်မှာရေးစရာခံစားချက်တွေ ပြည့်နေပေမယ့် ကိုယ်နဲ့ပက်သက်ရင် ကိုယ့်ဘလော့ကိုတောင် တစ်ခါမှမလာပါဘူး ။ ၀မ်းနည်းပေမယ့် မတောင်းဆိုမိဘူး ။ လာပါလို့လဲ မဖိတ်ခေါ်ခဲ့ဘူး။ ကိုယ်ဒါလုပ်နေတယ်ဆိုတာလေးပဲ ပြောဖြစ်ခဲ့တယ် ။ လာပါလို့တောင်းဆိုရမှာ ကိုယ်ရှက်နေမိတယ် ။ မထင်မှတ်ပဲစိတ်ညစ်ညစ်နဲ့ ဂူဂယ်လ်ထဲမှာလျှောက်မွှေနေတုန်း သူ့ကိုတွေ့လိုက်ရတယ် ။ ကြည့်စအချိန်မှာ ကိုယ်ရင်တွေအရမ်းခုန်နေတယ် အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် ဖွင့်နေမိတယ် ။ သတိပြန်လည်လာတဲ့အချိန်မှာ ရုံးသွားဖို့အိပ်ယာထရမယ့် အချိန်ဖြစ်နေပြီလေ။ ဘုရားရေ ငါအိပ်ဖို့သတိမရနိုင်လောက်အောင် မင်းကိုယ့်ကိုလွှမ်းမိုးလွန်းတယ်ကွာ .... နဲနဲလောက်တော့အတွေးထဲက ထွက်ပေးစေချင်တယ် ။ မျက်ကွင်းတွေညိုနေလို့တဲ့ ရုံးကကိုယ့်ကို ပန်ဒါလေးလို့စကြတယ်လေ ။ ကိုယ်ကျေနပ်တယ် ညဘက်တွေကိုယ်အလုပ်ရှုပ်နေမိတယ် ။ တစ်ခုချင်းစီကို သေချာစွာဖတ်ပြီး ထပ်တူလိုက်ခံစားပေးနေတာလေ .....။ တချို့သောစာသားတွေက ကိုယ့်မျက်ရည်တွေကို ယူသွားတတ်သေးတယ် ။ ရင်ထဲကနင့်နေအောင် ခံစားရလို့ အားလုံးကိုနှစ်ခြိုက်နေမိတယ် ။ ဘာလို့သိချင်ရတာလဲတဲ့ မေးရက်လိုက်တာ ကိုယ်ချစ်တဲ့သူရဲ့ အကြောင်းကို သိချင်တာ အပြစ်ရှိလားဟင်...။ အော်ပြီးမေးလိုက်ချင်ပေမယ့် လက်တွေ့မှာကိုယ်မလုပ်ခဲ့ပါဘူး ။ အားလုံးကိုအဆင်ပြေအောင်ပဲ ပြောခဲ့တယ်။ နေတတ်ပါတယ်လို့လည်း ပြောခဲ့လိုက်တယ် ။ ပိုဆိုးလာတဲ့ ဝေဒနာကိုတကယ်တော့ ကိုယ်ပဲသိတယ် ချစ်သူ ။ မင်းပစ်ထားလဲဂရုမစိုက်တဲ့ပုံနေပြခဲ့တယ် တကယ်တော့ဆန့်ကျင်ဘက်ခံစားနေရတာ ကိုယ်အသိဆုံးပါ ။ အချိန်တိုင်းသတိရနေမိတော့ ကိုယ့်ဘာသာလည်း အမျိုးမျိုးလုပ်နေကြည့်တာပဲ တနည်းနည်းနဲ့တော့ အဆင်ပြေသွားမယ် ထင်ပါတယ် ။ စိတ်မပူနဲ့ချစ်သူ မင်းကိုကိုယ်နားလည်တယ် ။ မတည်မြဲတဲ့လောကကြီးမှာ ကိုယ်သေသွားလဲ မထူးပါဘူးကွာ...။ လူကလမ်းလျှောက်နေတယ် ဒါပေမယ့် မြောနေသလိုပဲ စိတ်မှာခံစားရတယ် ။ အာရုံတွေကို စုစည်းတယ် တစုံတခုကို နှစ်နှစ်ခြိုက်ခြိုက်လုပ်တတ်အောင် ကြိုးစားတယ် ။ ငါလေ ဘာလိုလိုနဲ့ မင်းနေသလို ဘောင်လေးထဲကို ရောက်နေပြီသိလား ဒါပေမယ့် ကျေနပ်မိပြန်တယ် ။ တကယ်တော့ငါဟာ ဘယ်တော့မှကံမကောင်းခဲ့တဲ့သူပဲ ဒီတခါလည်းသိပ်ပြီးတော့ ထူးပြီးခံစားမနေရဘူး ။ ဒါပေမယ့် လွမ်းဆွေးတဲ့ဒဏ်ကို ကိုယ်မခံနိုင်ဘူးချစ်သူ ။ ဘာပဲဖြစ်ဖြစ် ကိုယ်အိပ်ချင်ပြီကွာလို့ ပြောရင်တောင် နားထောင်ချင်မိတယ် ။ စာတွေဖတ်ရင် တစ်ခါတစ်လေ နှလုံးသားကို ဆုတ်ခြေနေသလို ခံစားရတယ် ။ ကိုယ်ဘာမှမတတ်နိုင်ခဲ့ပါဘူး သစ်သစ် နင်ဟာဒီလိုခံစားနေရမယ်လို့ပဲ ကိုယ့်ဘာသာခေါင်းထဲမှာ ထည့်ထားတယ် ။ ၀မ်းနည်းတယ် ကိုယ်ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရဘူး ကိုယ့်ကြောင့်မင်းသိက္ခာကျမှာ ကိုယ်သိပ်စိုးတယ် ။ မင်းအတွက်ကိုယ်ဟာ ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်တော့မင်းဟာ ကမ္ဘာဆိုရင်လည်း မမှားဘူး ။ ရင်မှာတင်းကြပ်လွန်းလို့ ရေးမိတာပါ ။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ...။

5 comments:

  1. ခွင့်လွတ်ပါတယ်။ သစ်ဆုံ

    ReplyDelete
  2. တီတီကွန်ပြောသလို ထောပတ်သီးလည်းခွင့်လွတ်ပါတယ် မသစ်

    ReplyDelete
  3. ဟိုလူလိုလိုဒီလူလိုလို ရင်ခုန်အောင် မလုပ်ပါနဲ့ အမှန်ကို အမြန်ဝန်ခံပါ။

    ReplyDelete
  4. လာဖတ်တဲ့လူပျိုကြီး/လေးတွေ သို့လော.. သို့လော.....
    ဟိ.........။

    ReplyDelete
  5. သစ်သစ်July 18, 2009 at 6:49 PM

    အမ် ဘာကိုဝန်ခံစေချင်တာလဲ ဟင်... သမီးဘာမှမလုပ်ရပါဘူး ။ ခံစားမှုသက်သက်ပါ မမရယ် ။

    ReplyDelete