Thursday, July 16, 2009

ဖျက်လို့မရ သမိုင်းများ ၎

နောက်နေ့က ကျောင်းကားလိုက်စောင့်ပေးတဲ့ အိမ်ကအကူကောင်မလေးကို အရင်လမ်းထိပ်ကို သွားခိုင်းလိုက်တယ် ။ ကိုယ်ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ပြီး နောက်ကလိုက်သွားတယ်လေ ။ အမေမေးရင် သူလွယ်အိတ် နဲ့ ထမင်းချိုင့် ယူသွားပြီလို့ပြောမယ်ပေါ့နော် ။ သစ် လည်တယ်ဟုတ် .....။ ကျောင်းကားပေါ်ရောက်တော့ မလိုက်တဲ့သူတွေက ပျော်နိုင်သလောက် သွားထားတဲ့သူတွေက အသံတောင်မထွက်ပါဘူး ။ ဒီလိုနဲ့ထောက်ကြံ့ကျော်တော့ တိုးဂိတ်တစ်ခုရှိပါတယ် ။ ကျောင်းကဆရာ ဦးသက်ဦးရယ် ၊ နောက်ဆရာတစ်ယောက်ရယ်က ငါတို့လိုက်မယ်ဆိုပြီး ကားပေါ်တက်လာပါတယ် ။ အားလုံးကတော့ ဆရာတွေကားကြုံလိုက်တယ်ပေါ့နော် ။ ကျောင်းထိပ်ကိုရောက်ရင် ကျောင်းသားတော်တော်များများက ကင်တင်းကိုသွားပါတယ် ။ အဆောင်တွေနားထိမလိုက်ဘူးပေါ့နော် ။ သူငယ်ချင်းကလည်း ကားကိုရပ်ရော ဆရာဦးသက်ဦးက ပြောပါတယ် ဘယ်သူမှကားပေါ်က မဆင်းရပါဘူးတဲ့ ကျောင်းရုံးခန်းကိုဆက်မောင်းပါတဲ့ ....။ သစ် နဲ့ ခိုင်ဇာ မျက်နှာမှာသွေးမရှိတော့ပါဘူး သစ်တို့ရဲ့ လွယ်အိတ်ကရောက်နေတော့ ငြင်းလို့လုံးဝမရဘူးပေါ့နော်။ နှစ်ယောက်သား တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထားကြပါသေးတယ် ။ ရုံးခန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အားလုံးကိုတန်းစီခိုင်းပါတယ် ။ မနေ့ကသွားတာဘယ်သူတွေပါလဲလို့ဆိုတော့ ယောက်ျားလေးများက ကျွန်တော်တို့ပါပဲလို့ ပြောလိုက်ပေမယ့်လည်း သစ် နှင့် ခိုင်ဇာ က ရုံးခန်းထဲမှာ မျက်စိနဲ့ကိုယ့်လွယ်အိတ်ကို လိုက်ရှာနေပါတယ် ။ မပါတဲ့သူတွေကိုယ့်အတန်းကိုယ်သွားဆိုတော့ နှစ်ယောက်သားက ဘာမှမပါဘူးလေ ။ အူလည်လည်နဲ့ စာသင်ခန်းကိုဝင်လာပါတယ် ။ လွယ်အိတ် နဲ့ ထမင်းချိုင့်က အခန့်သားလေ မနေ့ကျန်ခဲ့တာတော့ လုံးဝမဖြစ်နိုင်ဘူးလေ ညနေဘက်မှာလည်း အီးဗီနီးတန်းရှိသေးတယ်ဆိုတော့ ကြောင်တောင်တောင်ပေါ့နော် ။ ဘယ်သူ့ကိုမေးရမလဲမသိဘူးလေ ပြီးတော့ဒီအချိန်သင်တဲ့ ဆရာမကလည်း အပေါက်ဆိုးစာမေးတဲ့ ဆရာမဆိုတော့ ၂ယောက်သားငြိမ်နေကြတာပေါ့နော် ။ ပြီးတော့မှ အေးမြကိုမေးတော့ သူမနေ့က လွယ်အိတ်အားလုံးကျောင်းလွှတ်တော့ ကျောင်းရှေ့အဆောင်က သူငယ်ချင်းဆီမှာ အပ်ပေးသွားကြောင်း ထမင်းဗူးကိုတော့ယူပြီး ဒီမနက်နင်တို့အတွက် ထည့်လာပေးကြောင်းပြောပါတယ် ။ အဲဒီတော့မှ နှစ်ယောက်သားရီမောနိုင်တော့တာပါ ။ နောက်အပိုင်းကျရင် မင်းသိင်္ခခြံမှာ ဟိုကောင်တွေနဲ့ ဗေဒင်သွားမေးတာ လယ်ကွင်းထဲဖြတ်ပြေးတဲ့ အကြောင်းရေးမယ်နော်....။ ဆက်ရန်။  

7 comments:

  1. သူ့ စာဖတ်၍ နှလုံးရောဂါရသွားပြီ

    ReplyDelete
  2. တဖန် ဖတ်ရင် မျက်ရည်တောက်တောက်ကျသွားသည် (ကျောင်းသူဘ၀ကို ထိုကဲ့သို့  မကဲခဲ့ရသောကြောင့်)

    ReplyDelete
  3. သစ်သစ်July 16, 2009 at 12:43 PM

    အမ် စိတ်မပျက်ပါနဲ့ ဘဏ်လေးရယ် ပြန်တက်ပြီးပြန်ကဲပေါ့

    ReplyDelete
  4. ဘိုးဘွားရိပ်သာကျောင်း

    ReplyDelete
  5. ဟားး ဘဏ်လေးရေ တစ်ယောက်ထဲမဟုတ်ပါဘူးကွယ် ထောပတ်သီးလည်းတူတူပါဘဲ အိမ်နဲ့ကျောင်းအခန်း ကြားထဲမှာဘယ်မှမသွားဖြစ်ခဲ့ဘူး ကန်တင်းတောင်ထိုင်ခဲတယ် တွေးကြည့်တော့ဝမ်းနည်းစရာလိုလိုပါပဲ တူတူဘိုးဘွားရိပ်သာကျောင်းရောက်မှာကဲကြတာပေါ့နော် :)

    မသစ်ရေ ပျော်စရာကောင်းလိုက်တာ အားကျသွားသည် :)

    ReplyDelete
  6. သစ်ရယ်

    ရောက်တဲ့နေရာတွေက စုံလိုက်တာ။
    မှော်ဘီမှာတက်ခဲ့ဘူးပေမယ့် ဘယ်မှ မရောက်ဘူးလိုက်ဘူး။

    ReplyDelete