Saturday, July 11, 2009

သစ် ရဲ့ တိုင်ပင်ဖော်...

သစ်မှာဘာမဆို တိုင်ပင်လို့ရတဲ့ သားသမီး ၃ယောက်ရှိပါတယ် ။ အကြီးကောင်ကတော့ ဘူဘူပါ သူကသစ်စိတ်ဓါတ်တွေကျလာရင် ပြောသမျှ စိတ်ရှည်စွာနားထောင်ပေးတတ်ပြီး အားကိုးဖွယ်ရာမျက်ဝန်းလေးနဲ့ နှစ်သိမ့်တတ်သူပေါ့ သူကလူကောင်အကြီးဆုံးပဲလေ..။ နောက်တစ်ယောက်ကတော့ သစ်ရုံးကပြန်လာရင် အရင်ဆုံးရင်ခွင်ထဲရောက်နေကျ ညိုညိုပါ ။ သူကတော့ အသားလေးကအိနေပြီး သစ်ရင်ခွင်မှာချွဲတတ်သူပေါ့ ။ သစ်ဘာတွေဖြစ်လာလဲ ငြိမ်ပြီးနားထောင်တတ်လေ..။ ၀ါဝါကတော့ အငယ်တွေကိုထိန်းနေကျလေ အားလုံးကသူ့ကိုကြောက်ရတာပေါ့ ။ သစ်ပြောစရာမလိုအောင်ကို သူကပါဝါကြီးတယ်လေ ။ အငယ်တွေဆူညံနေရင် သူကပဲငြိမ်အောင်ပြောနိုင်တာလေး) ။ သမီးလေးဖြူဖြူရောက်လာတော့ သမီးအတွက်ခေါင်းအုံးတွေကို ကြုံတိုင်းဝယ်လာမိတယ်လေ ။ ဒါကြောင့်လဲ စိမ်းစိမ်း နဲ့ ပန်းပန်းရောက်လာပေါ့ ။ သားငယ်ကတော့ မြင်တဲ့အတိုင်းပဲ အမြဲတမ်းသစ်ကို စိတ်ကောက်နေတတ်တယ် ။ တခါတလေလည်း ချော့ဖြစ်ပါတယ် ။ ယောက်ျားလေးဆိုတော့လည်း ငယ်ငယ်ကတည်းက စည်းကမ်းလေးလုပ်ထားရတယ် ။ ကြီးရင်ဆိုးမှာ စိုးလို့လေ ။ သြော် သူတို့လေးတွေ ဘယ်တော့များမှ အရွယ်ရောက်မလဲကွယ် ။ ကြီးလာလေ မာမားသစ် တာဝန်တွေပိုလာလေပါပဲ ။ တနေ့အိမ်ထောင်ရက်သားကျသွားမှပဲ စိတ်အေးရတော့မယ်ကွယ် ...။ ဟူးးးးးးးးးးးးးးးးးးးး ။

4 comments:

  1. သူကလေးစိတ်ကူးယဉ်

    ReplyDelete
  2. အားလုံးကိုချစ်တယ် အငယ်လေးကို ပိုချစ်တယ် စိတ်ကောက်ပုံလေးနဲ့ 

    ReplyDelete
  3. ထောပတ်သီးဆီမှာလည်းရှိတယ် ထောပတ်သီးလည်းအရုပ်လေးတွေတအားချစ်တယ် သစ်လိုပဲစကားတွေပြောတယ် :)

    ReplyDelete
  4. ချစ်တယ် ချစ်တယ်

    ReplyDelete