Thursday, July 30, 2009

၂၄နာရီမပြည့်ခင် ခံစားချက်

ခလုပ်နားကို ရောက်နေတဲ့
ကိုယ့်ရဲ့လက်ကို ပြန်ရုတ်သိမ်းရင်း
ဖုန်းပါဝါကို ပိတ်ချမိတယ်...
ဘလော့ထားတဲ့ နစ်ကလေးကို
သွားကလစ်ရင်း
ပြန်လှည့်ခဲ့ရတာ အခါခါပါ...
မင်းရဲ့ခံစားချက်တို့ သိမ်းထားရာနေရာကိုလည်း
ဒီမနက်ပဲ ကိုယ်ရောက်ခဲ့တာ မရေနိုင်ပါ...
ဗွီဒီယိုဖိုင်ကို ကြည့်လွန်းလို့
ဖုန်းလေးကတောင် အော်နေပြီကွယ်...
ဒီညနေလည်း ကွန်နားမနေမိအောင်
ကိုယ်လျှောက်သွားဖြစ်ဦးမယ်....
အသက်ရှူတွေ ကြပ်တယ်ချစ်သူ
နီရဲနေတဲ့ မျက်ဝန်းတစ်စုံကို
အားတင်းကာဆွဲဖွင့်လို့
နေ့ရက်တွေကို ကျော်ဖြတ်နေတယ်
ကုန်ပါတော့ ၂၄နာရီရယ်
ကိုယ်မခံစားနိုင်တော့လို့ပါကွယ်..

6 comments:

  1. စိတ်ထိန်း သစ် စိတ်ထိန်း

    ReplyDelete
  2. ကွန်နားဘာလို့ မနေချင်တာလဲ.. မမကွန်က ဆူလို့လား...။
    sdl

    ReplyDelete
  3. ဘာပုလို့ ၇ှက်နေတာလဲ... (status အရ)
    အမ်အာတီပေါ်မှာ 8 ငိုက်မိလို့လား... ရှက်ပါနဲ့အေ..

    ပုံ အပေါ်ကလည်း အိုင်ပဲ

    ReplyDelete
  4. မမသစ်ရယ် ဘယ်လိုအားပေး၇မယ်တောင်ထောထောမသိတော့ဘူး

    ReplyDelete
  5. ရှက်စရာမှ မဟုတ်တာ ညီမလေးကလည်း..
    ဘယ်သူ့ကိုမှ ပုန်းမနေနဲ့နော်..
    ထွက်လာခဲ့ပါ.. စကားတွေ အများကြီးပြောချင်နေပါတယ်.
    ညီမလေးရဲ့ခံစားချက်ကို နားလည်နေပါတယ် ညီမလေးရေ.

    ReplyDelete
  6. ပြောပြမှသိမှာပေါ့။အွန်လိုင်းတွေ့ရင်လာမေးဦးမယ်။

    ReplyDelete