Friday, July 24, 2009

နေ့သစ်တိုင်းရဲ့ မနက်ဖြန်

နာရီသံကြားလို့ မျက်စိကိုဖွင့်ကာ
နေ့သစ်ကိုပုံဖော်ချိန်မှာ မင်းကစလို့ရောက်လာပြီကွာ...
အိပ်ယာပေါ်က ခြေတစ်ဖက်ကိုချ လက်တစ်ဖက်ကိုဆန့်ထုတ်ချိန်မှာလည်း
သတိရနေတာ မင်းကိုပါပဲ.....
ရေချိုးခန်းထဲရောက် ဟိုဒီကောက်ကိုင်တော့လည်း
အတွေးထဲကို မင်းလိုက်လာတာပဲလေ...
မနက်စာပြီးလို့ ရုံးကိုလာချိန်
ဟော့..မင်းကကိုယ့်နောက် တကောက်ကောက်ပါပဲလား.....
ရုံးကိုရောက်လို့ ကွန်ကိုဖွင့်ချိန်
စကြည့်မိတာလဲ မင်းဆီပါပဲကွယ်.....
စွဲလန်းတတ်သူနဲ့ အမြဲပုန်းတတ်သူတို့
တွေ့ဆုံပုံကလည်း ကြင်မလိုလိုနဲ့
ရင်ဖိုရပါလားနော်........

4 comments:

  1. မိုက်တယ် ခိုက်တယ်

    ReplyDelete
  2. ရေချိုးခန်းထဲရောက် ဟိုဒီကောက်ကိုင်တော့ ??????????
    တို့ဘယ်လိုနားလည်ရမလဲ...... ငှင်

    ReplyDelete
  3. အဲ.. တကယ်စရေးနေတာ မသိလိုက်ဘူး ချစ်ဆုံ..

    ဆက်လုပ်ပါ

    ReplyDelete