Tuesday, July 21, 2009

စလုံးရောက်စ သစ်ဘ၀ ( ၁ )

မသွားခင်ညနေကတည်းက လူကြုံပေးကြမယ့် သူငယ်ချင်းများရဲ့ မိသားစုတွေနဲ့ တွေ့ဆုံနေရပါတယ် ။ လူကြုံတွေက အများကြီးပါ ။ သူငယ်ချင်းများတာလည်း ပါတာပေါ့လေ ။ နယ်မှာရှိတဲ့အစ်ကို အစ်မတွေ မိသားစုလိုက်ကို ဆင်းလာကြတာပါ ။ အိမ်မှာလူတွေက အများကြီး ပျော်စရာတကယ် ကောင်းပါတယ် ။ အကြီးဆုံးအစ်ကိုက သစ်ထက် ၁၅နှစ်တိတိ ကြီးပါတယ် ။ အစ်ကိုကြီးက ညကတည်းက မျက်စိမျက်နှာပျက်နေပြီလေ ။ စားလို့မရ နေလို့မရနဲ့ပေါ့ သူက သစ်အဝေးကြီးသွားမှာကို စိတ်မချတဲ့သူပါ ။ သစ်လေယာဉ်ပေါ်တက်သွားတဲ့ အထိလေဆိပ်မှာပဲ နေတာပါ ။ အပြန်ကားတောင်ချက်ချင်း မမောင်းနိုင်ပါဘူး။ ပြီးတော့ သစ်သွားလို့ သူအမေ့ဆီမှာငိုတယ်လို့ ပြန်ပြောကြတယ်။သစ်စလုံးကနေ ဖုန်းဆက်မှာကို တစ်အိမ်လုံးစောင့်နေကြတာလေ ။ သစ်ကလည်း လေယာဉ်က ပထမဆုံး စီးဘူးတာလေ ။ ဘေးမှာက ဟောင်ကောင်က စုံတွဲပါ ။ တလမ်းလုံး အနမ်းတံဆိပ် ခတ်နှိပ်နေကြတာ သစ်သစ်မှာ နေစရာမရှိပါဘူး ။ အစားအစာတွေလာမေးတော့လဲ ဟန်ပါပါပဲ ဘာစားမယ်ပေါ့နော် တကယ်တော့ သူငယ်ချင်းကပြောပြီးသားပါ ဘာကိုစား ဘာကပိုကောင်းတယ်ပေါ့နော် ။ အစားတွေလာချပေးတော့ သစ်က ဗူးကိုအလျားလိုက်ထားပြီး စားတယ်ပေါ့နော် ။ ဘေးက ကိုဟောင်ကောင်က ဒေါင်လိုက်စားတယ်လေ ။ သစ်ကလည်း ဘယ်ရမလဲ ဒေါင်လိုက်ပြန်လှည့်ပြီး စားလိုက်တယ်ပေါ့နော် ။ ဒီအချိန်မှာသူက အလျားလိုက်ပြန်လှည့်ပါတယ် ။ သစ်လည်း မဆိုင်းမတွပဲ ပြန်လှည့်လိုက်ပါတယ် ။ သူက သစ်ကိုကြည့်ပါတယ် သစ်ကလည်း ပြန်ကြည့်ပြီးပြုံးပြလိုက်ပါတယ် ။ သူကလည်း ပြန်ပြုံးရင်း စကားစပြောပါတယ် ကောင်မလေးကလည်း သဘောကောင်းပါတယ် ။ သူတို့က မြန်မာကိုလာလည်တာပါတဲ့ ဘယ်တွေရောက်ခဲ့တယ် ဘာညာပေါ့နော် ။ သစ်ကလည်း ငါတို့နိုင်ငံမှာ နေရတာအဆင်ပြေလားပေါ့ လျှောက်ပြောတာပေါ့နော် ။ ပထမဆုံး နိုင်ငံခြားသားတစ်ယောက်နဲ့ စကားပြောဖူးတာပါ သူနဲ့သစ် စကားပြောရတာ တော်တော်အဆင်ပြေပါတယ် ။ သူပြောတာရော ကိုယ်ပြောတာရော နားလည်ကြပါတယ် ။ သစ်က စလုံးအ၀င်လ၀က မှာ ပြောတာအဆင်မပြေမှာ စိုးရိမ်နေတာလေ ။ အခုတော့မဆိုးဘူးပေါ့ ။ နောက်တော့ တော်တော်အေးလာတာနဲ့ လူကအိပ်ချင်လာပါတယ် ပြီးတော့ဖတ်စရာလည်း ကုန်ပြီလေ ဒါနဲ့ပဲစောင်တောင်းပြီး နှပ်နေလိုက်တော့တယ် ။ စလုံးရောက်ခါနီးတော့ နားတွေကအူလာပါတယ် နေရတာအဆင်မပြေတော့ဘူးလေ ။ ရောက်တော့ သူငယ်ချင်းမှာထားတဲ့ အတိုင်း မြန်မြန်လမ်းလျှောက်လိုက်ပါတယ် တန်းစီရတာကြာမှာစိုးလို့ပါ ။ နောက်တော့ လ၀ကမှာထင်သလောက်တောင် သိပ်မပြောလိုက်ရပါဘူး တစ်လရလိုက်တယ်ပေါ့နော် ။ နောက်အိတ်ရွေးပြီး ထွက်လာတော့ လာကြိုတဲ့သူငယ်ချင်းတွေ အများကြီးပဲလေ သူတို့တွေ့တာနဲ့ကို ကိုယ်ကပျော်နေပြီလေ ။ နောက်ပေါက်ပေါက်ဖောက်အောင် မေးလိုက်တာ သူတို့တောင် အာညောင်းယူရပါတယ် ။ .....ဆက်မယ်နော်။  

7 comments:

  1. သတိယမိတယ် ကိုယ်လာတုံးကအချိန်လေးကို (ပထမဆုံး ရင်ခုန်ခြင်းပဲ)

    ReplyDelete
  2. ထောပတ်သီးလာတုန်ကတော့အေးဆေးပဲ ဘေးနားနှစ်ယောက်ကမြန်မာတွေ စောင်ခြုံ ဘုရားစာရွတ် ပုတီးစိတ်နေကြတယ် လေယဉ်ကွင်းရောက်လို့အထုပ်တွေရှာမှ ကိုယ့်အထုပ်ကမတွေ့လို့ စိတ်တွေပူရ ညစ်ရ နဲ့ နောက်ဆုံးထောပတ်သီးထွက်တဲ့ချိန် ဘယ်သူမှမရှိတော့ဘူး ထောပတ်သီးနဲ့ ၀န်ထမ်းတွေပဲရှိတော့တယ် အဖေကလည်းအပြင်မှာတအားစိတ်ပူနေတယ် ဘာဖြစ်လဲဆိုပြီးတော့ :)

    ReplyDelete
  3. တောက်လျှောက်နော် နားချိန်တောင်မရလိုက်ဘူး

    ReplyDelete
  4. ရွာသားလေးရေ လေ့ကျင့်ခန်းအနေနဲ့  နားချိန်ပေးမထားဘူး

    ReplyDelete
  5. သစ်သစ်July 21, 2009 at 4:13 PM

    တလနား တလရေးလေ ဘလော့ဂါဆိုတာ လည်ရတယ် ဟဲဟဲ

    ReplyDelete
  6. မသစ်ရေးတာတော့အမှီလိုက်ဖတ်ရတယ် လက်တန်းချရေးတာလား အပြင်မှာအားတိုင်းရေးထားတာလား ပြီးမှပြန်တင်တာလား
    သင်ပေးပါနည်းလမ်းများကို နော် ထောပတ်သီးစာရေးဖို့ကိုဦးနှောက်ကမထွက်လာဘူး အဟင့် :(

    ReplyDelete