Wednesday, July 15, 2009

မထိန်းသိမ်းနိုင်ခဲ့တဲ့စကားလုံးများ

မင်းထားခဲ့တဲ့ ကိုယ့်နေရာ
သိတဲ့ခိုက်မှာ မှောင်မိုက်သွား
ရှောင်စရာမလို လှောင်စရာမလို
ထွက်သွားပေးမှာ အသံတိတ်ပါ
မဆုံချင်တော့ဘူး မသိချင်တော့ဘူး
ရင်ထဲမှာ ကြေကွဲငိုကြွေးရင်း
ထားခဲ့ပါရစေ ပြတ်သားခဲ့ပါရစေ
ထွက်သွားခြင်းကို ခွင့်ပြုပါလေ
မရှာပါနဲ့ မခေါ်ပါနဲ့
မင်းတွေ့ဖူးသူတွေနဲ့ မတူလို့ပါ
ငါသေပြီလို့ မင်းရင်တွင်းမှာ
မှတ်ထားလိုက်ပါ ထိုသူရာ
ပတ်သက်ဆက်နွယ်ခဲ့တဲ့ချိန်တိုင်း
နောင်တတွေလို မမှတ်ယူလို
မင်းဟာငါ့ရဲ့သူရဲကောင်းပါ
ပျော်နေတာပဲ မြင်ချင်သလို
မော်နေသူမြဲ ဖြစ်နိုင်ပါစေ
တောင်းဆုခြွေရင်း နှုတ်ဆက်ထွက်ခွာ
သင်နဲ့ဝေးရာ နောက်ဆုံးပြောချင်
တစ်ခွန်းထဲပါ မင်းကိုသိပ်.....တယ်

2 comments:

  1. ချစ် (အဖြေမှန် မမှန်ကို ကဗျာရေးသူအားမေးရန်)

    ReplyDelete
  2. မဘဏ်ပြောတာမှန်တယ်မလား မသစ် avocado လည်းအဲလိုပဲထင်တယ် :) ဖြေပါ မှန်မမှန် :)

    ReplyDelete