Monday, July 20, 2009

ပြင်ဆင်စရာများနဲ့ကိုယ်

၂၀၀၉ အာဇာနည်နေ့ နေ့လည် ၂နာရီ မမေ့နိုင်တဲ့တစ်ရက် ဖြစ်ခဲ့ပါတယ် ။ ကိုယ့်ရဲ့အားနည်းချက်တွေ ထောက်ပြခဲ့ပေးလို့ ကျေးဇူးအရမ်းတင်ပါတယ် ။ အချိန်တစ်ခုပေးပြီး ညီမရင်းတစ်ယောက်လို ဆုံးမခဲ့လို့ ပိုပြီးခင်မင်မိပါတယ် ။ လူဆိုတာက အပေါ်ယံခင်တဲ့သူများတယ်လေ ကိုယ်ကဘယ်လိုဆိုတာ ပြောကြည့်မှသိမှာ ဆိုတဲ့ သစ် ရဲ့ထင်မြင်ချက်လေးက တစ်ကယ်မှန်ပါတယ် ။ စကားပြောနေရင်း ထိုသူရဲ့စေတနာကို မြင်နေရပါတယ်။ လူ့သဘော လူ့မနောကို သိတယ်ဆိုပေမယ့် ထိုသူလောက်မသိဘူး ဆိုတာတော့ ၀န်ခံပါတယ် ။ လူတစ်ယောက်နားလည်အောင် အကျိုးအကြောင်း ပြောသွားပုံလေးက ညင်သာလွန်းပါတယ် ။ ကိုယ့်အမှားတွေကို ရှင်းလင်းပြသွားပုံက တကယ်ကို ထိမိပါတယ် ။ ကိုယ်အထင်ကြီးတဲ့ သူရဲ့စကားမို့လို့လဲ သေချာစွာဂရုတစိုက် နားထောင်ပြီး ဆင်ခြင်မိပါတယ် ။ ကိုယ့်ထက်များစွာ ရင့်ကျက်တဲ့သူမို့လို့လည်း ပိုပြီးလေးစားမိပါတယ် ။ ဂတိပေးလိုက်ရင် လွယ်ကူပေမယ့် ကိုယ်ကလည်း အလုပ်နဲ့ပဲ သက်သေပြချင်သူဆိုတော့ ဂတိမပေးဖြစ်ခဲ့ပါဘူး ။ အချိန်လေးတစ်ခုနဲ့ အားနည်းချက်တွေပြင်ဆင် သွားပါ့မယ်လို့ပြောရင်းနဲ့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောလိုက်ပါတယ်နော် ။

3 comments:

  1. ဘူ့ ကိုပြောတာလဲလို့  အတွေးပွားသွားသည် (သူသိပ် ဆံပင်ဖြူအောင်လုပ်တာပဲ)

    ReplyDelete
  2. တို့များလည်း ကျေးဇူးတင်ပါတယ်ကွယ်... (ဝင်ဖောတာ...)
    :P


    sdl

    ReplyDelete
  3. ရေးတေးတေးတော့သိတယ်။

    ReplyDelete