Friday, July 17, 2009

ဖျက်လို့မရ သမိုင်းများ ၅

ဒီလိုနဲ့ ပထမနှစ်တက်ဆဲနေ့တစ်နေ့မှာ စောစောစီးစီးကျောင်းကင်တင်းမှာ အုပ်စုလိုက်ကြီးစားသောက်နေကြတုန်း အခုတော့ စစ်ဗိုလ်ဖြစ်သွားတဲ့သူငယ်ချင်းက စပြီးပြောပါတယ် ဆရာကြီးမင်းသိင်္ခဆီမှာ ဗေဒင်သွားမေးမယ်ပေါ့နော် ။ သူငယ်ချင်းကားနဲ့ပဲ သွားကြပါတယ် ။ ၁၀ယောက်ကျော်လောက်ရှိပါတယ် civil ကတော့ထုံးစံအတိုင်း ခိုင်ဇာ ၊ သစ် ၊ သီရိ ရယ်ပေါ့ ။ သီရိကနောက်တော့ ကားပိုင်ရှင်အီးစီက ကောင်လေးနဲ့ကြိုက်သွားတယ်ပေါ့နော် အခုတော့သားလေးတောင် တစ်ယောက်မွေးပြီးပြီပေါ့လေ ။ ကျန်တာအားလုံးကတော့ အီးစီကယောက်ျားလေးတွေကြီးပါပဲ ။ ကားကိုမှော်ဘီက ဆင်ကြီးနှစ်ကောင်နားမှာရပ်ပြီး လမ်းလျှောက်သွားကြပါတယ် ။ လယ်ကွင်းနားကပဲဖြတ်ပြီးတော့ပေါ့ ခြံရှေ့ရောက်တော့ ဆရာကြီးလို့ အကြိမ်ပေါင်းများစွာခေါ်ပါတယ် ။ ဘယ်သူမှထွက်မလာပါဘူး ။ ပါလာတဲ့သူငယ်ချင်းတွေကလည်း အသားကုန်ခေါ်ပါတယ် ဘယ်သူမှထွက်မလာပဲ ခွေးမဲမဲကြီးတစ်ကောင်ထွက်လာပါတယ် ။ ဘာမှထွက်မလာတော့စိတ်ဆိုးပြီးတစ်ယောက်က ခွေးကိုသွားစပါတယ် အာလားလား ခွေးလိုက်လို့ အုပ်စုလိုက်ပြေးကြတာ ၀ရုန်းသုန်းကားပါပဲ အဲဒီအချိန်မှာ ဆရာကြီးက ကားမောင်းပြီးသူ့လမ်းအတိုင်းဝင်လာပါတယ် ။ ဆရာကြီးမှော်ဘီဈေးကပြန်လာတယ်ထင်ပါတယ် ။ ခွေးကြီးကိုခေါ်သွားတော့မှ သက်ပြင်းချနိုင်တာ ဖိနပ်ပြတ်တဲ့သူက ပြတ် ၊ ချော်လဲတဲ့သူကလဲနဲ့ အခုပြန်တွေးရင် အခုရီချင်ပါတယ် ။ ပထမ၄ချိန်လုံး မတက်တော့တာဆိုတော့ ဘယ်သွားရမှန်းမသိလို့ မှော်ဘီကွေ့နားက ဘုရားမှာတစ်မနက်လုံးထိုင်နေခဲ့ကြတာ အမှတ်တရပါ ။ နောက်တစ်ခါကျတော့ ကျောင်းရှေ့က ထမင်းရောင်းတဲ့ဆိုင်မှာ အနောက်ဘက်မှာ ခြင်ထောင်ချပြီးဖဲရိုက်ကြတာပါ ။ ဒီသူငယ်ချင်းတွေပါပဲ ချွေးတွေကကျ ဖဲကရှုံး အဲဒီချိန်မှာ ဆရာမကြီးလာဖမ်းလို့ ခြင်ထောင်ထဲမှာအသံတောင် မထွက်ရဲကြပါဘူး ။ နောက်တစ်ခေါက်ကျတော့ သီဟိုဌ်တောမှာ ဖဲသွားရိုက်တာပါ ။ သစ်တို့မိန်းကလေးတွေက ဘောပင်၆ချောင်းနဲ့ ဗေဒင်တွက်ကြတာပါ ။ တစ်ယောက်ကို၃ချောင်းကိုင်ရပါတယ် ။ ပြီးရင်နှစ်ဖက်ကိုတေ့ပြီး မေးချင်တာမေးကြပါတယ် ။ ၃ကြိမ်စီမေးပေါ့နော် မေးခွန်းတစ်ခုကိုလေ သူလုပ်ပြတာတူတယ်ဆိုရင် မှန်တယ်ပေါ့နော် ။ ဥပမာကွာ ဘောပင်ကို ကန့်လန့်တစ်ခုထား ကျန်၂ချောင်းကို ကန့်လန့်ဘောပင်ရဲ့ ထိပ် နဲ့ ဖင်ဘက်မှာ ထောင့်မှန်ဆက်ပြီး ကိုင်ရပါတယ် ။ နောက်တစ်ယောက်လည်း ဒီလိုပဲကိုင်ရပါတယ် ။ ပြီးရင် သူ့ဘက်ကထောင့်မှန် နဲ့ ကိုယ့်ဘက်ကထောင့်မှန် ဘောပင်ကိုတေ့ပြီးဆက်ရပါတယ် ။ လက်ကို၂ယောက်လုံး ငြိမ်ငြိမ်ထားပေါ့နော် ။ ရွတ်စရာရှိတာရွတ် ခေါ်စရာရှိတာခေါ်ပြီးရင် စမေးလို့ရပါတယ် ။ စာမေးပွဲအောင်မယ်ဆိုရင် မြှားပုံလုပ်ပြပါဆိုရင် ဘောပင်၎ချောင်းက လားရာတစ်ခုဘက်ကို ချွန်ထွက်ပြပါတယ် ။ ခုံးပြပါဆို အပေါ်ကိုတက်လာပါတယ် ။ မေးခွန်းတစ်ခုကို ၃ကြိမ်မေးလို့ပြတာတူရင် မှန်တယ်ပေါ့နော် ။ ဖဲရိုက်တဲ့သူကရိုက် ဗေဒင်မေးတဲ့သူကမေးနဲ့ ၀ါသနာပါရာလှုပ်၇ှားနေကြတာလဲ အမှတ်တရပါပဲ။ နောက်ပို့စ်ကျရင် ကျပ်စိဗေဒင် နဲ့ ဖျာလိပ်နတ် အကြောင်းပြောပြမယ်နော် ။ .....ဆက်ရန်။

7 comments:

  1. ဗေဒင်မေးချင်လို့ ပါ ပထမကျူစီပါတယ်ရှင့်

    ReplyDelete
  2. သစ်သစ်July 17, 2009 at 9:35 AM

    ဟားဟား အဲဒီတုန်းက တကယ်ယုံတယ်နော် မပြောမရှိနဲ့ မှော်ဘီမှာ ၉၈ ကနေ ၂၀၀၄ ထိ တက်ခဲ့တာ ဗေဒင်ဆရာမအားလုံးနဲ့တွက်ခဲ့တာနော် နောက်အပတ်သေမယ်ဆိုလို့လဲ ချေလိုက်ရတဲ့ ယတြာ ...အခုကျတော့ အရမ်းရီစရာကောင်းနေတယ် ။

    ReplyDelete
  3. သစ် ဆရာကြီးက ဘာဟောလိုက်လဲ ပုံ (စုံစုံစိစိ သိလိုသူ ပြည်သူတဦး)

    ReplyDelete
  4. သစ်သစ်July 17, 2009 at 9:46 AM

    ပြောဘူး သတ်ချင်သတ်.....း)

    ReplyDelete
  5. အသေမသတ်ရပါဘူး ဘာဟောလိုက်လဲပဲသိချင်တာ (စုံစုံစိစိ သိလိုသူ နောက်ထပ်ပြည်သူတစ်ဦး)

    ReplyDelete
  6. မသစ်တို့ကျောင်းတက်တဲ့ဘ၀ပျော်စရာကောင်းလိုက်တာ

    ReplyDelete
  7. ပြောပါကွယ်။(ချော့ချော့မော့မော့ေးသွားသည်)

    ReplyDelete