Tuesday, March 30, 2010

မောရှမ်းမြေသို့ အလည်တစ်ခေါက်

နေပြည်တော် အမြန်လမ်းကနေ သစ်သစ်ကသွားစေချင်တာ သစ်သစ်စီးတဲ့ရန်ကြီးအောင် ရန်ကုန် တောင်ကြီးလိုင်းကလည်း နေပြည်တော်ဘက်ကသွားတော့ သစ်သစ်အကြိုက်ဖြစ်သွားတာပေါ့ ။ လမ်းတစ်လျှောက်လုံး ဓါတ်ပုံတွေမနားတမ်းရိုက်လာတာ နေ၀င်မှပဲ ကင်မရာလေးလည်း နားရတော့တယ်လေ ။ ဒီလိုနဲ့ ဆွာကိုရောက်တော့ တော်တော့်ကိုမှောင်နေပြီလေ သစ်သစ်ကဘယ်ရောက်မှန်းတောင် မသိပါဘူး ဆိုင်ကကောင်လေးကို ဒါဘယ်နေရာလဲမေးလိုက်တော့ ဆွာနားမှာအမတဲ့ ညဘက်ကြီးကိုလူတွေဆိုတာ အများကြီးပါပဲ ။ သတိထားမိတာက တိုးရစ်တွေက သူတို့ဘာသာသစ်သစ်တို့လို အိတ်စပတ်စ်ကားတွေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလာနေကြတာပါပဲ ။ သစ်သစ်ကတော့ ဆတ်သားခြောက်ကြော်ကို ဒီတိုင်းရေနွေးကြမ်းနဲ့ထိုင်သောက်နေလိုက်တယ် ။ ညဘက်ဆိုတော့ ဓါတ်ပုံလည်းမရိုက်ဖြစ်တော့ပါဘူး (စိတ်ဆိုးနဲ့နော် မေဖလားဝါးရှလွတ် ) ။

ဒီလိုနဲ့ကားကဆက်တိုက်မောင်းလာလိုက်တာ နေပြည်တော်ကအ၀ိုင်းပေါင်းစုံရဲ့ ညဘက်မီးထွန်းထားတဲ့အလှကလည်း မြင်သူစွဲဆောင်စေပါတယ် ။ ကားကသွားနေတော့ မီးအလင်းတွေကရှိတ်တွေဖြစ်နေတယ် ဒါနဲ့ဓါတ်ပုံမတင်တော့ပါဘူး ။ နောက်တော်တော်လေးမောင်းပြီး ညနက်လောက်ရောက်တော့ တစ်ခါကားနားပြန်ပါတယ် နေရာမသိလို့မေးတော့ ယင်းမာပင်မြို့လို့ ပြောပါတယ် ။ လမ်းခရီးတစ်လျှောက်မှာ တိုးတက်လာတာကတော့ ကားရပ်လိုက်တဲ့ဆိုင်တိုင်းမှာ အိမ်သာရေနိုင်နိုင်နဲ့ သန့်ရှင်းသပ်ရပ်နေတာ တွေ့ခဲ့ရပါတယ် ။ ဆိုင်တွေကလည်း ရေကိုဖောဖောသီသီကိုယ်ပိုင်မီးစက်တွေနဲ့ အပြိုင်အဆိုင်ပါပဲ ။ နောက် သစ်သစ်လည်းသီချင်းနားထောင်ပြီး လိုက်လာလိုက်တာ အောင်ပန်းရောက်တော့တစ်ခေါက်ထပ်နားပါတယ် မနက် ၃နာရီလောက်ရှိနေပါပြီ ။ သစ်သစ်အမက အောက်ဆင်းချင်တယ်ဆိုတော့ ဒေါ်ရွှေသစ်သစ်လိုက်သွားတာ အားပါးးးးးးးပါးးးးးးး အေးလိုက်တာဆိုတာ ခြေလက်တောင်ကိုက်ချင်ချင်ဖြစ်ပြီး ဖုန်းထုတ်ကြည့်လိုက်တော့ လိုင်းမိနေတယ်လေ ။ လာကြိုမယ့်ကလေးတွေကို ဖုန်းဆက်ဖို့ခလုပ်နှိပ်တော့ လက်တွေဆိုတာ ထုံနေတာပါပဲ ။

ကားပြန်ထွက်တော့ သစ်သစ်မအိပ်ချင်တော့ဘူး အေးလွန်းတော့ အိပ်မရတာလဲပါတယ် ။ နောက်တော့ဖုန်းလိုင်းကလည်း မိနေပြီဆိုတော့ ချောချောမောမောရောက်ပြီဖြစ်ကြောင်း အိမ်ကိုလှမ်းဆက်လိုက်သေးတယ်လေ အဖေကတစ်ညလုံးမအိပ်တမ်းစောင့်နေမှာ သစ်သစ်ကသိနေတော့ ထင်တဲ့အတိုင်းပဲ အဖေဖုန်းကိုင်တယ် ။ နောက်ညမှောင်မှောင်မှာ သတိထားမိတာကတော့ တိတ်ဆိတ်နေတဲ့ကလောမြို့လေးပါ ။ မကြာပါဘူး ကားဆရာကလာမေးပါတယ် ခေါင်တိုင်မှာဆင်းဖြစ်လားတဲ့ နေဦးဆိုပြီး သစ်သစ်ကကလေးတွေကို ဖုန်းဆက်တော့ခေါင်တိုင်လမ်းခွဲမှာသွားစောင့်နေကြတယ်ဆိုလို့ ခေါင်တိုင်လမ်းခွဲမှာဆင်းမယ်ပြောလိုက်တယ်လေ ။ လမ်းခွဲဆိုတာရောက်တော့ မှောင်မဲနေတာပါပဲ ချမ်းကလည်းချမ်း လာကြိုတဲ့မောင်လေးတွေက ဆိုင်ကယ်တွေနဲ့ သစ်သစ်တော့ရှင်ချင်ပါတယ်လေ ။ လမ်းခွဲထောင့်က လက်ဖက်ရည်ဆိုင်က တရားခွေဖွင့်ပြီး ရေနွေးထကြိုတော့ သစ်သစ်တို့အဖွဲ့ အဲ့ဆိုင်မှာထိုင်ပြီး ကော်ဖီသောက်ဖို့ ရေနွေးစောင့်ကြရတယ်လေ ။ ချမ်းလွန်းတော့ သစ်သစ်ကဘယ်လိုမှနေလို့မရတော့ ဆိုင်ရှင်ဦးလေးကြီးက မီးပုံလေးလုပ်ပေးတော့မှာ သစ်သစ်တစ်ယောက်အနွေးဓါတ်ရပြီး နေရတာအဆင်ပြေသွားတယ် ။

အွန်လိုင်းပေါ်ကနေသိပြီး အဆက်အသွယ်လည်းမပြတ်တဲ့ မောင်ငယ်လေးတွေက ဗထူးမှာတာဝန်ကျနေတာလေ သစ်သစ်လာမယ်ဆိုတော့ ခေါင်တိုင်လာပြီးကြိုကြတယ်ဆိုပါတော့ ။ ခုမှ အမ ကျွန်တော်ကဘယ်သူလေ သူကဘယ်သူနဲ့မိတ်တွေဆက်ကြပေမယ့် ဟိုးအရင်ကခင်ဖူးသလိုပဲ နောက်လိုက်ပြောင်လိုက်ရင်းနှီးနေကြတာပါပဲလေ ။ ရှေးဘ၀ကအဆက်တွေပဲ ဖြစ်မှာပါပဲလေ သူတို့တွေကလည်းဆိုင်ကယ်တွေနဲ့လာကြိုတော့ သစ်သစ်ကဟယ် အမဘယ်လိုစီးနိုင်မှာလဲလို့ ဆိုင်ကယ်ဆိုတာက လေတိုးတယ်လေ ။ မပူပါနဲ့ဆိုပြီး သူတို့ကြိုတင်ဝယ်လာတဲ့ အနွေးထည်တွေ ခြေအိတ်လက်အိတ်တွေ သစ်သစ်ကိုပေးကြတယ် ။ အ၀တ်အထည်တွေရဲ့အနွေးဓါတ်ထက် သူတို့လေးတွေရဲ့မေတ္တာက ပိုပြီးနွေးထွေးပါတယ်လေ ။ သစ်သစ်အမကိုလည်း သူတို့အမအရင်းလိုပဲ စနောက်နေကြတာ သစ်သစ်အမလည်းသူတို့တွေနဲ့ ပျော်နေတယ်လေ ။

ရေပူစမ်းက ၆နာရီလောက်စဖွင့်မှာဆိုတော့ မိုးလင်းတာကိုစောင့်ရင်း မီးပုံဘေးမှာစကားတွေထိုင်ပြောတာ တကယ်မမေ့နိုင်ပါဘူး ။ ရေပူစမ်းမှာဆိုင်ကယ်တွေနဲ့လာစောင့်နေတဲ့ ခေါင်တိုင်ရွာထဲက ညီမငယ်လေးတွေကလည်းဖုန်းတွေဆက်လှပြီ သူတို့ကိုလည်းစနေကြတယ်လေ ။ ငါ့အမကို နင်တို့ဘယ်မှာသွားရောင်းစားနေလဲ ဘာလဲပေါ့ ။ တကယ်ကိုခင်မင်စရာပါ ။ နောက်သွားမယ်ဆိုတော့ ဆိုင်ကယ်၅စီးမှာ သူ့ဆိုင်ကယ်တက် င့ါဆိုင်ကယ်တက်နဲ့ သစ်သစ်ကိုလုကြတယ်လေ နောက်ခေါင်းပန်းလှန်ကြတယ် တကယ့်ကလေးတွေပဲ ။ ခေါင်တိုင်ရွာအရောက်ကို ၁၀မိုင်ရှိတယ် ရေပူစမ်းအထိကို ၈မိုင်တဲ့ ။ ဆိုင်ကယ်၅စီးနဲ့ တစ်ပျော်ကြီးရေပူစမ်းသွားတာ သစ်သစ်ဘ၀မှာပထမဆုံးဆောင်းတွင်းချမ်းချမ်းမှာ လေအေးတွေကမျက်နှာကိုတိုးလို့ ဆိုင်ကယ်စစီးဖူးတာပါပဲ ။ ပထမတော့နောက်ကနေ မောင်လေးဟိုဟာကဘာလဲ ဒီဟာကဘာလဲ မေးနိုင်သေးတယ် တော်တော်လေးကြာတော့ မေးတွေခိုက်လာတယ် ဟဲ့...ငါမရတော့ဘူးဆိုပြီး ဆိုင်ကယ်ရပ်ခဏနားကြတယ် ။ အရမ်းအေးပြီး လူကထုံနေတာလေ တကယ့်ကိုအတွေ့အကြုံသစ်တစ်ခုပဲ ..... ။ နောက်အင်းလေးကို ဒီတစ်ရက်အပြီးလည်း ညနေတောင်ကြီးတက်မှာဆိုတော့ ရေပူစမ်းမှာ၁နာရီလောက်ပဲရေစိမ်ခွင့်ရမှာလေ ဒါကြောင့်အချိန်သိပ်ဆွဲနေလို့မဖြစ်ပြန်ဘူးလေ ။ နောက်အင်းထဲမှာစက်လှေငှားပြီး အဆင်သင့်နောက်တစ်ဖွဲ့ကစောင့်နေကြတယ်လေ ။

ဒါနဲ့ရေပူစမ်းရောက်တော့ မမဆိုပြီးပါးတွေဖက်နမ်းကြတဲ့ ပွင့်လင့်းဖြူစင်တဲ့ညီမငယ်လေး၎ယောက်က ရေပူစိမ်ဖို့ အခန်းအဆင်သင့်ယူထားကြတယ်လေ ။ သစ်သစ်က ညီမလေးတွေပါအတူစိမ်မယ်ဆိုပြီး မနက်စောတော့ဘယ်သူမှမရှိသေးတဲ့ အများကန်မှာပဲစုစိမ်ဖြစ်ကြတယ်လေ ။ ရှမ်းသံဝဲ၀ဲလေးတွေနဲ့ ပေါက်ပေါက်ဖောက်အောင်ပြောနေကြတာ အသံသွင်းဖို့တောင်မေ့သွားခဲ့တယ် ။ မောင်လေးတွေကအပြင်ကနေ သစ်သစ်တို့ရေစိမ်ပြီးရင်စားဖို့ ဆိုင်ပေါ်ကနေစောင့်နေကြတယ်လေ ။ တွေ့ပါပြီ ရေပူကန် တလမ်းလုံးအေးလာတော့ ကန်ထဲဆင်းချသွားတာ အားးးးးးးးးးးလားးးးးးးးးးလားးးးးးးးးးပူလိုက်တာဆိုတာ ချက်ချင်းကန်ဘောင်ပေါ်ပြေးတက်ရတယ် ။ ညီမလေးတွေက မမရယ် ရေအေးအရင်ချိုးပြီးမှဆင်းတာမဟုတ်ဘူးတဲ့ အောင်မလေး ဒီလောက်အေးတာ ရေအေးသာစိမ်ရရင် ငါ့သာအသေသတ်လိုက်ပါတော့လို့ဆိုတော့ သူတို့ကရီကြတယ်လေ ။ နောက်တော့ခြေထောက်လေးပြန်ချနောက် ခါးအထိဆင်း နောက်မှသူတို့ကလည်းကိုယ့်ကို ရေလည်ကနေအမျိုးမျိုးလုပ်ပြနေကြတော့ ချစ်စရာရှမ်းမလေးတွေဆီ မသွားပဲမနေနိုင်ခဲ့ပါဘူး ။ ဒီလိုနဲ့ ၁နာရီကျော်မှန်းမသိအောင် ရေဆော့ကြတာလေ ပြန်တောင်မတက်ချင်တော့ဘူး ။ ကိုယ်ကအချိန်လုလာရတာဆိုတော့ ဆက်နေလို့မဖြစ်ဘူးလေ ။ ရေချိုးမိုးပြီးထွက်လာတော့ မောင်ငယ်တွေက ထမင်းကြော် ကော်ဖီ ရေကြက်ကြော် ငါးမုန့်ကြော်အဆင်သင့်နဲ့ စောင့်နေကြတာပေါ့ ။ ဒီတော့မှဗိုက်ကလည်း ဆာမှန်းမသိဆာနေတာလေ ကြက်ဥကြော်နဲ့ထမင်းကြော်က ဘယ်လိုစားလို့ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ပါဘူး ။ ပိုက်ဆံကိုလည်းဘယ်လိုမှသစ်သစ်လုရှင်းလို့မရပါဘူး သူတို့တွေပဲအားလုံးလုရှင်းကြတယ်လေ အရမ်းကိုအားနာစရာကောင်းပါတယ် ။ နောက်အဖွဲ့လိုက်ပုံတွေရိုက်ကြပါတယ် (နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ကလေးတွေဆိုတော့ သစ်သစ်ပုံတွေမတင်တော့ပါဘူး ) ။

ရေပူစမ်းကထွက်တော့ ဆိုင်ကယ်၉စီးဖြစ်သွားပြီလေ ခေါင်တိုင်ရွာထဲဝင်တော့ သူပုန်စီးသလိုပါပဲလေ ။ သစ်သစ်ကတော့ ဗိုက်ကလည်းတင်း လူကလည်းနွေးနေပြီဆိုတော့ ရှမ်းတောင်တန်းတွေကြည့်ပြီး ဓါတ်ပုံရိုက်ပြီးလိုက်လာခဲ့တယ်လေ ။ ဆိုင်ကယ်မောင်းတဲ့မောင်လေးကလည်း တကယ်စိတ်ရှည်ပါတယ် ။ သစ်သစ်ရိုက်ချင်တဲ့နေရာတိုင်း ရပ်ပြီးစောင့်ပေးတယ်လေ ။ ရွာထဲရောက်တော့ညီမငယ်လေးတစ်ယောက်ရဲ့အိမ်မှာ ခဏ၀င်နားတော့ နေကြာစေ့လှော်တွေ ခေါပုတ်တွေ ရှမ်းလွယ်အိတ်တွေ အကျီတွေခြင်းတောင်းတစ်လုံးနဲ့ လက်ဆောင်ထည့်ပေးကြတယ်လေ ။ မယူဘူးဆိုတော့လည်း စိတ်တွေဆိုးကြတယ် ။ ကန်ထဲမှာမြူတွေရှိသေးတော့ ကန်ထဲကိုမဆင်းရသေးဘူးလေ ။ မောင်ငယ်လေးတွေက အင်းထဲဆက်မလိုက်တော့ပဲ ညနေမှတောင်ကြီးကနေစောင့်နေမယ်လို့ ပြောပြီးနှုတ်ဆက်လမ်းခွဲကြတယ်လေ ။ ညီမငယ်လေးတွေကလည်း သစ်သစ်ကိုလှေပေါ်ထိလိုက်ပို့ပေးပါတယ် နောက်တော့ညောင်ရွှေက အလုပ်တွေကိုသွားခိုင်းလိုက်တယ် ။ အစကတည်းကတစ်ယောက်ကိုမှ ခွင့်မယူရဘူးလို့ သစ်သစ်ကပြောထားတယ်လေ ။ ကိုယ့်ကြောင့်အလုပ်ပျက်မှာ စိုးတယ်လေ ။ စက်လှေပေါ်ကိုတစ်ဖွဲ့လုံးလိုက်ပို့ကြတယ်လေ နောက်အင်းလေးကန်ထဲကို စက်လှေစထွက်တွေ အေးမြလတ်ဆတ်တဲ့ အင်းလေးရေပြင်ကျယ်ကြီးထဲက လေနုအေးလေးတွေက သစ်သစ်ကိုပွေ့ဖက်ကြိုဆိုကြတယ် ။ တကယ့်ကိုအမောတွေပြေစေတဲ့ သစ်တို့နိုင်ငံရဲ့သဘာဝကပေးထားတဲ့ နာမည်ကြီးအလှပေါင်းစုံတဲ့ အင်းလေးကန်ထဲကို သစ်သစ်ရောက်ခဲ့ပြီလေ......။ ပို့စ်တစ်ခုတည်းအပြီးသတ်ရေးမယ် စီစဉ်ထားပေမယ့် အရမ်းရှည်နေမှာစိုးလို့ နောက်ပို့စ်တစ်ခုအဖြစ် ခွဲထုတ်လိုက်ရပါတယ် ။ ဆက်ဖတ်နော်......။


ကားမထွက်ခင် အိပ်ချင်နေတဲ့ ဒေါ်ရွှေသစ်


အောင်မင်္ဂလာအဝေးပြေးက စထွက်ပြီကွယ်


တာယာစားတယ် နာမည်ကြီးတဲ့ နေပြည်တော်ကွန်ကရစ်လမ်း


အမြန်လမ်းပေါ်က တိုးဂိတ်တစ်ခုရဲ့အလှ


ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ တွေ့ရင် မရိုက်ရမနေနိုင်ဘူး


အမြန်လမ်းရဲ့နေ၀င်ဆည်းဆာအလှ (လွမ်းတယ် ရွှေပြည်ကြီးရယ် )


ရေပူစမ်းအ၀င်ဆိုင်းဘုတ် (ဟဲဟဲ ဘလာကော်ဆိုတော့လည်း မြင်ရာရိုက်တာပဲ)


ရေပူထွက်တဲ့နေရာ အဲဒီကနေ ကန်ထဲကိုပိုက်နဲ့သွယ်တာတဲ့


ကန်ထဲက သစ်သစ်ထက် နောက်ကရှမ်းတောင်တန်းတွေကို ပြချင်တာ (လှတယ်နော်)

သစ်သစ်ရဲ့ချစ်မကြီးရယ် ရှမ်းတောင်တန်းတွေရယ်ပေါ့


ရေပူစမ်းက ညီမငယ်တစ်ယောက်နဲ့ အမှတ်တရ


ရေကြက်ကြော်ဆိုပဲ ပူပူကြွပ်ကြွပ်လေး စားကောင်းတယ်


ဒါကတော့ ငါးမုန့်ကြော်

ကျန်တာကတော့ ဗိုက်ထဲရောက်မှ ရိုက်ဖို့သတိရတယ်....ဟိ ။



18 comments:

  1. ပထမအပိုဒ်ဖတ်အပြီး မန့် ခြင်း

    စားဖူးတယ်အေ့ စားဖူးတယ် ဆတ်သားခြောက်ကြော်များ

    ReplyDelete
  2. ဒုတိယအပိုဒ်ဖတ်အပြီး မန့် ခြင်း

    ငတို့ များ အောင်ပန်းများ နေတာတာ နှစ်ဝက်တောင်ကျော်တယ် အေးပဲအေးတာ ထုံပေါင်အေ
    သူသာ ထုံ၂ထိုင်း၂မလို့  ထုံတာ

    ReplyDelete
  3. ၃ နဲ့  ၄ အပိုဒ်ဖတ်အပြီး မန့် ခြင်း

    ဒီမယ် ကလောပြီးမှာ အောင်ပန်းရောက်တာ
    တခါတည်း မီးဖိုပေါ် တက်ထိုင်လိုက်ရင် ထုံတာထိုင်းတာတွေ ပျောက်သွားမှာ
    သူတို့ လေးတွေရဲ့  မစ်တာက ပိုနွေးထွေးတယ်ဆိုရင် အနွေးထည်မ၀တ်ခဲ့ဖူးပေါ့ ဟုတ်လား

    ReplyDelete
  4. 5 6 7 ဖတ်ပြီး စပါယ်ရှယ်မန့် ခြင်း
    နေပါဦး ဆိုင်ကယ်သမားမောင်းတဲ့ကလေးတွေက ဟဲ့ သူကိုယ်လုံးကြီး နင်တင် ဟင့်အင်း နင်ပဲတင်နဲ့  ဖစ်နေတာကိုပဲ သူ့ ကိုတင်ခြင်းလွန်းလို့ လုရတယ်ဖစ်သေးတယ် (ပြောရင် မနာလိုလို့ ဆိုပြီး ပြောဦးမယ်)
    သူကပဲ ဖက်နမ်းတာလား ဟိုကပဲ နမ်းတာလား ဒါ သိပ်မယုံရဘူး
    အဲ့ရေပူစမ်းက နောက်ဆို ရှေ့ မှာ သတိပေးစာတမ်းကပ်ထားမှာမြင်ယောင်တယ် ရေပူစမ်းမှာ ဆူနာမီဖစ်သွားလို့ 
    သူမလို့  မညှာမတာ ရေကြက်ကလေးတွေကို စားရက်တယ် ရက်စက်ပါ့ (နာ့ဖို့ နည်း၂တော့ ယူမလားဘူး ဒါကြောင့် ရက်စက်သူကြီးလို့ ပြောတာ)
    ဟင် အင်းလေးကန်ရောက်ပြီ
    အို အင်းသားတွေဘွကို မတွေးရဲတော့ဘူး
    ဟင့်အင်း သများ ဆက်မဖတ်ရဲတော့ဘူး

    ReplyDelete
  5. ဖတ်ပြီး မန့် ရတာ မောသွားပြီ စတင်းဘုတ်ဝယ်ကျွေး ဒါပဲ ဒါပဲ

    ReplyDelete
  6. နာလည်း ဒီရေပူစမ်းကဘယ်နားရှိတာလဲဆိုပြီး အပေါ်လှန် အောက်လှန် ၃ခေါက်လောက်ဖတ်လိုက်ရတယ်.. ဟင်း စတင်းဘုတ်ဝယ်ကျွေး

    ReplyDelete
  7. ခေါင်တိုင်မှာဆင်းတယ်လို့တော့ ပါတယ်လေ..
    အဲ့ခေါင်တိုင်က ဘယ်မြို့မှာရှိမှန်းမသိတာ

    ReplyDelete
  8. ဟင် နာဆို တပိုဒ်ခြင်း စာလုံးတလုံးချင်းပေါင်းပြီး သေ၂ချာ၂ဖတ်တာ
    မျိုး နာလောက် စာမကျေဘူး ပြန်ဖတ်

    ReplyDelete
  9. ၃ခေါက်မြောက်ကြည့်ပြီးမှာတော့ တွေ့လိုက်ပါပြီ ဓါတ်ပုံထဲမှာ
    ဟူပင် ခေါင်တိုင် ရေပူစမ်းမှ ကြိုဆိုပါ၏ဆိုတာ..
    ဟူးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  10.့  မမသစ်သစ်ပြန်အသွားမှာ ဆူနာမီတွေဖြစ် ရေပူစမ်းတွေခန်းပြီး ရှမ်းတွေ မောကျန်ခဲ့လို့ မောရှမ်းမြေလို့  အဲဒီ အချိန်ကစပြီ့းခေါ်တွင်သတဲ့ ကွယ်

    ReplyDelete
  11. comment တွေက ပိုရီရတယ်
    :D

    ReplyDelete
  12. တီဇက်အေက ဘာကိစ္စ ပါလာတာလဲ နည။ နာလဲ ခေတ်မှီပြန်ပြီ။

    ReplyDelete
  13. myo: ပန်းစကား: စနိုးရယ် ငါတောင်းပန်ပါတယ် ယူဆာ၁၃ယောက်တဲ့ ကောင်းကောင်းလေးရေးပါဟယ်
    ချချားရဲ့တောင်းဆိုချက်အရ (စတင်းဘုတ်မျက်နှာနဲ့) ကောင်းကောင်းလေးဘဲမန့်ပါ့မယ်...
    အဟိ အဟိ အဟိ

    ReplyDelete
  14. ရေကြက်ကြော်စားချင်တယ်။ အင်းထဲမှာ ငါးထမင်းနယ်၊ ၀က်သားချဉ်၊ ဟင်းထုပ် တွေရောစားခဲ့သေးလား။

    ReplyDelete
  15. ကိုယ်စားချင်တာတွေ ချရေးလိုက်တာ။ :)

    ReplyDelete
  16. မေ နဲ့ ၅၆၇ မန့်ချင်တာ တူတူပဲ

    စတင်းဘုတ်ဝယ်ကျွေး

    ReplyDelete
  17. အောက်ဆုံးကပုံဟာလေ
    ငါးမုန့်ကြော်ဟုတ်ပါဘူးနဲ့တူတယ် .. နှမ်းထူမုန့်ကျွတ်ဟုတ်ဘူးလား

    ReplyDelete