Thursday, April 1, 2010

ရင်ခွင်ဗလာ

သွားပြီ မရှိတော့ဘူး
ကိုယ့်ရင်ထဲက
ခံစားနိုင်တဲ့ အရာအားလုံး
သူယူသွားခဲ့ပြီပဲ

ရီဝေထုံထိုင်းစွာ
ကျန်ရစ်ခဲ့တဲ့ကိုယ်
ခံစားမှုက
သေသလိုပဲ

အထိတ်တလန့်
သတိထားမိတော့
ကိုယ့်နှလုံးသွေးတွေ
ရပ်တန့်ကုန်ပြီပဲ

ရှင်လျှက်နဲ့သေတယ်ဆိုတာ
ဒါလား..ချစ်သူ
ကြိမ်ဖန်များစွာ
ကျဆုံးခဲ့တာ
မခံနိုင်တော့ဘူး

မကြုံချင်ဘူး
မဆုံချင်ဘူး
မပိုင်ဆိုင်ချင်ဘူး

ဆုံမှတ်မရှိတဲ့
ဒီအဖြစ်ကို
ငါ့ဘက်ကပဲ
ကွဲကြေနေတဲ့
နှလုံးသားတစ်စုံနဲ့
အဆုံးသတ်ပေးလိုက်ပါပြီ


ခံစားချက်တွေ ဘယ်တော့မှမသိစေချင်တဲ့ ကောင်ကလေးတစ်ယောက်ထံသို့
(ကြယ်ပွင့်လေးများလမ်းပြဦး ကောင်ကလေးနဲ့နီးနိုင်ဖို့...)


3 comments:

  1. ဟောင်းလောင်းကြီးပေါ့နော် ရင်ခွင်ပြောပါတယ်

    ReplyDelete
  2. side by side aunty dont u give up

    ReplyDelete
  3. သနားစရာပဲ ဂလောက် အိုင်တီခေတ်ကြီးမှာ ကြယ်တွေကို လမ်းပြခိုင်းနေတယ် မဟုတ် သံလိုက်အိမ်မြောင်တို့  ဂျီပီအက်စ် တို့ ဆို တော်သေး

    ReplyDelete