Thursday, April 8, 2010

မွေးကတည်းက အူကြောင်ကြား

ဒီနေ့ သစ်သစ်ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုလောက် ပြောပြချင်ပါတယ် ။ သစ်သစ်ကိုမွေးတုန်းက အကြောင်းလေးပေါ့နော် ။ သစ်သစ်ကိုအသက်ကြီးမှ မေမေကကိုယ်ဝန်ရှိတာပါ ။ သစ်သစ်ကို မေမေ့အမေ သစ်အဘွားဝင်စားတယ်လို့လည်း ယုံကြည်ကြပါတယ် ။ အဘွားဆုံးပြီးမကြာဘူး သစ်သစ်ကိုကိုယ်ဝန်ရှိတယ်ပြောကြတာပဲလေ ။ မေမေစိတ်ဆိုးတိုင်းပြောလေ့ရှိတာကတော့ ငါ့အမေကဒီလောက်မ၀ဘူးတဲ့....ဟိ ။ ဒီလိုနဲ့သစ်သစ်လူ့လောကကို ရောက်ဖို့ဖြစ်လာတယ် ဆိုပါစို့ ။

သစ်သစ်ကို ကိုယ်ဝန်စရှိတော့ မေမေကအိပ်မက် မက်ပါတယ် ။ ကောင်းကင်ပေါ်က ဂါဝန်တစ်ထည်ကျလာတယ်လို့ မက်တယ်တဲ့ ။ မေမေက မိန်းကလေးပဲဖြစ်မယ်လို့ အဲဒီကတည်းကထင်ပြီးသားပါတဲ့ ။ နောက်ကိုယ်ဝန်ကပုံမှန်ပါပဲတဲ့ ။ ဒါပေမယ့်ကျန်တဲ့မောင်နှစ်မထက် ထူးခြားတာကတော့ သစ်သစ်ကိုကိုယ်ဝန်စရှိကတည်းက ဖေဖေကရှေ့တန်းမထွက်တော့ပါဘူး နောက်တန်းမှာပဲနေရပါတယ် ။ အရင်မောင်နှမတွေတုန်းကဆို မေမေကိုယ်ဝန်နဲ့လဲ အဖေရှေ့တန်းမှာ မေမေမွေးပြီးလို့ ကလေး လသားအရွယ်ကျမှ ဖေဖေပြန်လာလေ့ရှိပါတယ် ။ တရုတ်ဖြူတွေနဲ့တိုက်ရတယ်လို့လဲ ပြောသံကြားဘူးပါတယ် ရှေ့တန်းမှာနှစ်နဲ့ချီနေရသလို နေ့တိုင်းမေမေဆို စက်သံပဲနားထောင်နေရတာလို့ ပြောပါတယ် ။ ဒါပေမယ့် သစ်သစ်ကို ကိုယ်ဝန်စရှိကတည်းက မွေးသည်အထိ ဖေဖေနောက်တန်းမှာပဲ နေရလို့လားမသိဘူး ဖေဖေကသစ်သစ်ကို အားလုံးထက်အချစ်ပိုပါတယ် ။

အစ်ကို အစ်မများကလည်း အလယ်တန်းအထက်တန်းကျောင်းသူ ကျောင်းသားတွေဖြစ်ပြီဆိုတော့ သူတို့ကလေးသေးသေးလေးအရမ်း လိုချင်ကြတယ်လေ ။ သစ်သစ်ကိုမွေးမဲ့နေ့ကိုပဲ ပြောပြပါဦးမယ် အဖေကမေမေ့ကို တပ်တွင်းသားဖွားခန်းကို ပို့ပြီးအိမ်ပြန်ရေနွေးအိုး တည်နေတယ်တဲ့ ။ အဲ့အချိန်မှာ ဆေးခန်းမှာ လူကြီးသူမအစ်ကိုကြီး အစ်ကိုငယ် မမရယ် ကျန်ခဲ့တာတဲ့ ။ သစ်သစ်မေမေက အသက်၃၆နှစ်ကျော်မှ သစ်သစ်ကိုမွေးတာဆိုတော့ မေမေက၀စပြုနေပါပြီ ။ ကလေးကလည်း ထွားတယ်လို့ဆိုပါတယ် ဟိဟိ ။ မကွေးခရိုင် မိချောင်းရဲကျေးရွာက တပ်တွင်းလေးမှာပေါ့ တစ်ခုသောနေ့တစ်နေ့ ညနေ၅နာရီအချိန်မှာ သေမင်းကိုအံတုလို့ မေမေက သစ်သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ကလေးတစ်ကိုယ်လုံးက အဆီတွေနဲ့ဖြစ်နေတော့ ပြားလွန်းလှတဲ့သစ်သစ်နှာခေါင်းမှာ အဆီဖတ်တစ်ခုကတ်နေတာကို ဆေးမှူးကသတိမထားမလိုက်ပါဘူး ။ ရုတ်တရက်ကလေးကို ကြည့်လိုက်ပြီး ဒီကလေးနှာခေါင်းမပါဘူး နောက်နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့အတွက် ဗိုလ်မှူးကိုခုချက်ချင်းအကြောင်းကြားပါလို့ ပြောပါတယ် ။ သားဖွားဆရာမကလည်း အခန်းပြင်ထွက်ကြည့်တော့ လူကြီးလူကောင်းတွေတွေ့တယ်ဆိုပါတော့ ။

နောက်အိမ်မြန်မြန်ပြန် ကလေးကအသက်မရှင်နိုင်ဘူး လူကြီးသွားခေါ်ဆိုတော့ သစ်သစ်အစ်ကိုငယ်က အိမ်ကိုပြေးပါတယ် ။ ရေနွေးအိုးတည်နေတဲ့အဖေ့ကို အဖေမြန်မြန်လာ ညီမလေးမှာ နှာခေါင်းမပါဘူး သေတော့မယ် မြန်မြန်လာဆိုတော့ အဖေကလည်း ဟေ..ဆိုပြီး ရဲဘော်မိန်းမတွေကို မှာခဲ့ပြီး သားဖွားခန်းကို ပြေးတယ်လို့ဆိုပါတယ် ။ ဒီအချိန်ဆေးခန်းမှာလည်း ကလေးကိုရေချိုးပေးတော့ ကပ်နေတဲ့အဆီဖတ်ကြီးက ကွာကျလာတယ်တဲ့ နောက် ပိပြားနေတဲ့နှာခေါင်းလေးပေါ်လာတယ် ဆိုပါတော့နော် ။ အဲ့ကတည်းက သစ်သစ်အစ်ကိုတွေက ငယ်ငယ်ကတည်းကနေ ခုထိသစ်သစ်ကို နှာခေါင်းအမြဲဆွဲတယ် ခုထိလည်းဆွဲနေတုန်းပဲ ။ သစ်သစ်ကသူတို့အားကြီးနဲ့ဆွဲတော့ နာတာပေါ့ အဲ့တော့အော် သူတို့ကအော်လေဆွဲလေပဲ ။ ဒီလိုဆွဲခဲ့တဲ့အကျိုးကြောင့် ခုဆိုသစ်သစ်တစ်ယောက် နှာခေါင်းပြားပြီး ရုပ်ဆိုးဆိုးမဖြစ်တော့ပါဘူးလေ ။ ဒီနေ့ ဘာရယ်မဟုတ် အစ်ကိုအကြီးဆုံးကို အရမ်းသတိရနေပြီး မေလမှာကျရောက်မဲ့ ကိုကြီးမွေးနေ့မှာ ဘာလက်ဆောင်ပေးရင် ကောင်းမလဲစဉ်းစားရင်း ငယ်စဉ်ကနှာခေါင်းအဆွဲဆုံး ကိုကြီးအပြုအမူတွေ တွေးမိရင်းဒီပို့စ်ကိုရေးတင်လိုက်တာပါ ။

7 comments:

  1. မွေးထဲက အဆီနဲ့ ဖက်တွယ်ကပ် မွေးလာတာဆိုမှတော့ ပိန်အောင်မလုပ်နေပါနဲ့ တော့အေ...

    ReplyDelete
  2. အဆီဖတ်တွေ တခြားနေရာကို ရောက်လာတော့လည်း မွေးရာပါလို့ပဲ ပြောလိုက်ပေါ့။ =)

    ReplyDelete
  3. ဒီတိုင်းလဲ လှပါတယ်

    ReplyDelete
  4. ဟယ်...
    အဲလိုလားးး
    အကိုတွေ အမတွေ
    အစဉ်အလာမပြတ်
    စိတ်ပူပန်မှု မရှိရလေအောင်
    တွေ့တဲ့အချိန်တိုင်း
    နှာခေါင်းလေးကို ဆွဲလိမ်ဖို့ 
    တာဝန်ယူလိုက်ပီနော်..
    အင်းး
    လက်ညိုးရယ် မေ့စေ့ရယ်
    ပေးပီးတဲ့နောက်
    ခု
    နှာခေါင်းဆွဲလိမ်ပေးရမယ်
    ပျော်တာ...
    ဟိဟိ

    nn

    ReplyDelete
  5. ဒီလူလို ဟိုလူလိုApril 8, 2010 at 10:36 PM

    ခုဆိုသစ်သစ်တစ်ယောက် နှာခေါင်းပြားပြီး ရုပ်ဆိုးဆိုးမဖြစ်တော့ပါဘူးလေ
    (ဒါကကြော်ငြာကြီးမှန်း သိသာပါတယ်)

    တကယ်ဆိုရင် ခုဆို သစ်သစ်တစ်ယောက် နှာခေါင်းမပြားတော့ပါ ဆိုရင် လုံလောက်တာပဲ...။
    ခုတော့ အကိုကိုကြောင်းပြပြီး ကြော်ငြာ ဝင်သွားတယ်။

    ReplyDelete
  6. သစ်သစ်ရေ မွေးစကအဖြစ်အပျက်လေးကို လာဖတ်သွားတယ်။ အခုတော့ နှာခေါင်းချွန်သွားပြီပေါ့နော်။

    ReplyDelete
  7. အဆီဖတ်တွေနဲ့ ထွက်လာတဲ့ ကလေး ဒီတခါပဲ ကြားဖူးတယ်..
    တကယ်တော့ သစ်ဝတာ အမေအပြစ်ပါလို့ ပြောလိုက်ပေါ့

    ReplyDelete