Friday, April 23, 2010

တစ်စွန်းတစ်စ

စာမရေးတာလည်း ကြာပါပြီ ရေးစရာတွေ ရှိပေမယ့် ရေးချင်စိတ်ကို ပျောက်ဆုံးနေခဲ့တာပါ ။ ဘာမှမရှိတာကို လာဖတ်ကြတဲ့သူတွေ ရှိပြန်တော့လည်း ကိုယ့်ကိုယ်ကို တာဝန်မကျေသလို ခံစားမိပြန်တယ် ။ ဒီတပတ် အင်း..ဒီတလလို့ဆိုလည်း မမှားပါဘူး ။ စိတ်ဆင်းရဲ့ခြင်းတွေ အများကြီးရှိသလို အဆင်မပြေခြင်းတွေကလည်း အပြည့်ပေါ့ ။ မုန်တိုင်းပြီးရင် လေပြည်လာမယ် မျှော်လင့်ချက်နဲ့ ရပ်တည်ခဲ့ရတယ် ဆိုပါတော့ ။

မိသားစုကြား ၊ အပေါင်းအသင်းကြား ၊ ချစ်သူကြား ၊ အတူနေအခန်းဖော်တွေကြား အိုးးးးးးးးး စုံနေတာပါပဲ ။ သစ်သစ်ကိုယ်တိုင်ကလေ ပြသနာဆို သိပ်ဖြေရှင်းလေ့မရှိဘူး မဖြစ်အောင်ရှောင်ပြီး ဖြစ်လာရင်လည်း တဖက်ကသူ့အလိုလို နားလည်အောင် စောင့်တတ်တယ် ။ မိဘနဲ့ကျတော့ တော်တော်ဖြေရှင်းရခက်ပါတယ် (ဖြေရှင်းစရာစကားလုံးလည်း ပျောက်ဆုံးနေတယ် ) ။ သစ်သစ်ရယ်လို့ဖြစ်အောင် မွေးဖွားပေးတာ ဒီမိဘတွေဆိုတော့ ကျေးဇူးတွေကဆပ်လို့တောင် မကုန်ပါဘူးလေ ။ မိဘတွေရဲ့ထင်မြင်ချက်က ဗီဒိုအာဏာနဲ့အမြဲတည်တတ်တယ်လေ ပြောလိုက်လို့ အဆင်ပြေမှာထက် မပြောပဲငြိမ်ခံတာက တစ်ခါတစ်လေပိုကောင်းနေတတ်တယ် ။ ခုတော့လည်း သစ်အပေါ်နားလည်စပြုလာပါပြီလေ ။ ဒါကြောင့်မို့ထင်တယ် အမေပြောတာ နိုင်ငံခြားရောက်သွားပြီးမှ သစ်ကလှို့ဝှက်စွာ နေတတ်လာတယ်တဲ့လေ (အမေ့ထင်မြင်ချက်တစ်ခုပေါ့ ) နည်းနည်းဆိုးဆိုးဆိုရင်တော့ သွေးအေးပြီးခေါင်းမာလာတယ်တဲ့လေ ..း) ။

သစ်သစ်အပေါင်းအသင်း ဘယ်လောက်မင်တယ်ဆိုတာ ခင်မင်သူတိုင်း သိပါတယ် ။ ဒီရက်ပိုင်းတစ်ချို့တွေက သစ်သစ်စေတနာအမှားတွေ ဆက်တိုက်လုပ်မိပါတယ် ။ ထင်မြင်ယူဆချက်တွေလွဲလို့ ဘယ်သူ့ကိုမှတွေ့ချင်စိတ်မရှိလောက်အောင်ပါပဲလေ ။ မဖြစ်နိုင်တာထက် မဖြစ်သင့်ဘူးစဉ်းစားပြီး အဆင်ပြေသလိုနေပေးခဲ့ပါတယ် ။ ချစ်ခင်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ် ။ မျက်ရည်ကျသည်အထိ ၀မ်းနည်းရပါတယ် ။ သူတနေ့နားလည်လာနိုင်ပါစေလို့ ဆုတောင်းနေမိပါတယ် ။

ချစ်သူကတော့ ကိုယ့်ဘက်ကအမှားတစ်ခု အတွက် အရာရာလိုက်လျောသီးခံပြီး ယုံကြည်မှုဆိုတာကို ပြန်လည်တည်ဆောက်နေပါတယ် ။ သိပ်ချစ်တာဆိုတာသူ့ကို သိစေချင်သလို သူ့ရင်ထဲကအလိုလို နားလည်တာလဲ ဖြစ်စေချင်ပါတယ် ။ ဘယ်တော့မှကိုယ်ရှုံးတယ်လို့ မတွက်ပဲ အစဉ်အမြဲနားလည်ပေးနိုင်တဲ့စိတ် ဖြစ်အောင်လည်း ကြိုးစားနေပါတယ် ။ အချိန်ကတော့ သက်သေတစ်ခုဖြစ်လာမှာပေါ့လေ ။

အခန်းလေးကနှစ်ပြည့်တော့ ပြောင်းရတော့မယ်ဆိုပါတော့ ဒီအတွက် ဖြစ်ရိုးဖြစ်စဉ်အတိုင်း အနည်းငယ်ကတောက်ကဆလေးတွေ ရှိတာပေါ့နော် ။ စိတ်အနည်းငယ် အနှောင့်အယှက်ဖြစ်တာကလွဲလို့ အဆင်ပြေပါတယ် ။

အပြင်းထန်ဆုံး ရိုက်ချက်ကတော့ ဒီအပတ်ထဲမှာဖြစ်သွားခဲ့ပါတယ် ။ သွေးပေါင်ချိန် အပေါ်သွေး၁၄၈ ထိ တက်သွားခဲ့တယ် ။ လူတွေကိုဆုံဖို့မဆိုထားနဲ့ နံနက်မိုးလင်းလို့ အိပ်ယာထရင်တောင် အလုပ်ဆိုတဲ့စိတ်ကလေးကြောင့် ကုတင်ပေါ်ကခြေချဖြစ်ပါတယ် ။ စိတ်ထဲမှာတင်းနေပြီး လူကအူတိအူကြောင်တောင် ဖြစ်နေပါတယ် ။ ခံစားချက်တွေပြောချင်ပေမယ့် ပြောခွင့်မရတဲ့ အခြေအနေတစ်ခုကို ရောက်နေခဲ့တယ်လေ ။ ရုံးသွားရာလမ်းတစ်လျှောက်မှာ ကိုယ်နိုင်ရာမြေကြီးကို ဖိနင်းရင်းကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေ ပြန်တွေနေတာလည်း အခါခါပါ ။ နောက်ဆုံးတော့ ငါဟာဇီးရိုးလောက်တောင် တန်ဖိုးမရှိတဲ့သူတစ်ယောက်ဖြစ်တာ ကွင်းကွင်းကွက်ကွက် အဖြေပေါ်လာခဲ့တယ် ဆိုပါတော့ ။

ဒီလိုတွေခံစားနေရလို့ သစ်သစ်မျက်နှာ ပျက်နေမယ် ငိုနေမယ် မှိုင်တွေနေမယ် ထင်ရင်မှားသွားလိမ့်မယ် ။ ကော်ကပ်ထားတဲ့အပြုံးတစ်ခုကို အမြဲပန်ဆင်ရင်း နေ့ရက်တွေကိုဖြတ်သန်းနေတာပါပဲလေ ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်ဆိုတာ သိနေပေမယ့် စိတ်ဓါတ်တွေကတော့ အ၀ီစိကိုရောက်နေတော့တာပါပဲ ။ ချစ်သူကိုခံစားရသမျှ ဖွင့်ပြောပြချင်ပေမယ့် သူကလည်းသူ့အလုပ်သူ့အပူနဲ့ပဲ ကိုယ်ပြောပြနေတာထက် သူပြောတာတွေနားထောင်ပေးတာက သူလည်းစိတ်ချမ်းသာ ကိုယ်လည်းစိတ်ချမ်းသာပါတယ် ။ တစ်နေ့တာရဲ့ခဏတာ စကားပြောချိန်မှာ သာယာနေတော့ကောင်းတာပေါ့နော် ။ မဟုတ်ရင် ရှော့ခ်ရှိတာပေါ့..... ဟုတ်တယ်ဟုတ် ။

12 comments:

  1. i dont get WHAT U WANT TO TELL US BY THIS.. :?

    ReplyDelete
  2.်မွမွမွ ..အားမငယ်နဲ့ နာတို့ ရှိတယ် ... လိုအပ်ရင်ဖက်ထားပီးအားပေးမယ်လေ
    တွေ့ ကြတဲ့ နေ့ ကြရင် မဖက်မိရင်တော့အပြစ်မဆိုနဲ့ နော်
    ဘဏ်လေးတစ်ဝက် နာတစ်ဝက်ပေါင်းဖက်ပေးထားပမယ် ။။။။ဟိဟိ။။

    ReplyDelete
  3. ထောပါဝိုင်းပြီးဖက်ပေးမယ် အာဘွားကြီးကြီးပါပေးမယ်

    ReplyDelete
  4. တယောက်တည်း ခံစားနေမယ့်အစား တယောက်ယောက်ကို ဖွင့်ပြောပြလိုက်ရင် သူ့ဆီက အကြံဉာဏ်မရရင်တောင် နည်းနည်းတော့ စိတ်ပြေ၊ စိတ်ပေါ့သွားတယ်။

    ReplyDelete
  5. အားငယ်နဲ့ 
    နာတို့ ရှိတယ်..
    အာာဘွားးး
    မေးစေ့လေးရယ်
    လက်ညိုးလေးရယ်
    နောက် ဘာလိုချင်သေးတုန်းပြော....

    ReplyDelete
  6. To Anonymous ,


    If you want to know clearly you should read all her post. rof rof

    ReplyDelete
  7. ဒါကြောင့်နေမယ် စလုံးက မြေကြီး ၂ လက်မလောက် ပင်လယ်ထဲ နစ်ဝင်သွားတာ ဒါ ဒင်းတရားခံ
    ပင်လယ်ထဲသွား ဆူနာမီဖြစ်အောင်လုပ်လိုလုပ်နဲ့ 

    ReplyDelete
  8. စိတ်မညစ်နဲ့  စိတ်ဓါတ်မကျနဲ့  အချိန်တွေအများကြီးရှိသေးတယ်
    ဒါပေမယ့် အသုံးချတတ်ဖို့ တော့လိုတယ်
    စိတ်ချမ်းသာဖို့ အဓိက ကျန်တာ ဘာမှ အရေးမကြီးဘူး
    ဒီတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင်သာနေ လောကကြီးဟာ ပြီးပြည့်စုံပြီး အရာရာဟာ ပျော်စရာတွေပဲ ဖြစ်လာလိမ့်မယ်

    ReplyDelete
  9. ဒီလိုပါပဲ.. နောက်တော့လဲ အဆင်ပြေသွားလိမ့်မယ်၊ ညစ်မနေနဲ့၊ ကျန်းမာရေး ဂရုစိုက်

    ReplyDelete
  10. အာဘွားးး ညစ်နဲ့

    စနိုးးး

    ReplyDelete
  11. မုန်တိုင်းပြီးရင် လေပြည်လာတော့မှာပါ
    စိတ်ရှည်လိုက်ပါ
    တစ်ချို့အရာတွေက အချိန်နဲ့ဆိုင်တယ်
    အချိန်တစ်ခုကုန်သွားရင် ပြီးသွားမှာပါ။
    အဲ.. မပြီးနိင်မစီးနိင်တဲ့သူတွေနဲ့ ပြဿနာ မတက်ရင် ပြောတာပါ။

    ...

    ReplyDelete
  12.ိဘနဲ့ကျတော့ တော်တော်ဖြေရှင်းရခက်ပါတယ် (ဖြေရှင်းစရာစကားလုံးလည်း ပျောက်ဆုံးနေတယ် ) ။ သစ်သစ်ရယ်လို့ဖြစ်အောင် မွေးဖွားပေးတာ ဒီမိဘတွေဆိုတော့ ကျေးဇူးတွေကဆပ်လို့တောင် မကုန်ပါဘူးလေ ။ မိဘတွေရဲ့ထင်မြင်ချက်က ဗီဒိုအာဏာနဲ့အမြဲတည်တတ်တယ်လေ ပြောလိုက်လို့ အဆင်ပြေမှာထက် မပြောပဲငြိမ်ခံတာက တစ်ခါတစ်လေပိုကောင်းနေတတ်တယ် ။ ခုတော့လည်း သစ်အပေါ်နားလည်စပြုလာပါပြီလေ ။ ဒါကြောင့်မို့ထင်တယ် အမေပြောတာ နိုင်ငံခြားရောက်သွားပြီးမှ သစ်ကလှို့ဝှက်စွာ နေတတ်လာတယ်တဲ့လေ (အမေ့ထင်မြင်ချက်တစ်ခုပေါ့ ) နည်းနည်းဆိုးဆိုးဆိုရင်တော့ သွေးအေးပြီးခေါင်းမာလာတယ်တဲ့လေ ..း) ။


    Agree!!!

    ReplyDelete