Sunday, April 4, 2010

ငပျင်းစားဖွယ်

ဒီနေ့ သစ်သစ်မနက် ၁၂နာရီကျော်မှ အိပ်ယာနိုးပါတယ် ။ ညကလည်း ၃နာရီကျော်မှ အိပ်တာကြောင့်ရယ် စင်္ကာပူမိုးကလည်း ဒီမနက်မှာတော်တော်ကောင်းတော့ ၁၂နာရီကျော်ကို ၉နာရီလို့ထင်လိုက်မိတယ် ။ သစ်သစ်အခန်းပြင်ရောက်တော့ သစ်သစ်အစ်မက အိမ်သန့်ရှင်းရေးတောင် လုပ်ပြီးလို့ဈေးကတောင် ပြန်လာနေပြီလေ ။ သစ်သစ် ငပျင်းနော် ...ဟိဟိ ။ ဘာစားစရာပါလဲ အိတ်ထဲမွှေရင်း သကြားနဲ့စားရတဲ့ ကုလားမုန့်ဝယ်လာတော့ မျက်နှာသစ်စားပလိုက်တယ် နောက် ဘာဟင်းချက်ရင်ကောင်းမလဲ စဉ်းစားတော့ ၀က်သားရှိတယ် မှိုရှိတယ် မျှစ်ရှိတယ် ချဉ်ပေါင်ရှိတယ်ဆိုတော့ သစ်သစ်အဲလိုလေး အဆင်ပြေအောင်ချက်လိုက်တယ် ။ နောက်ရန်ကုန်က အစ်မယူလာတဲ့ ငါးကြင်းချဉ်လေးကို ထည့်လိုက်တယ် ။ သစ်သစ်ဖွယ်ဖွယ်ရာရာ မချက်ဖြစ်တာလည်း ကြာပြီလေ ။ နောက်မနက်စာညစာပေါင်းစားပြီး ဒီပို့စ်လေးတင်လိုက်တာပါ ။ မနေ့က မခင်ဦးမေက ဟင်းတွေချက်ပါဦး သစ်သစ်ရယ်တဲ့ တီချမ်းကလည်း ဟင်းမချက်သေးဘူးလား ဆိုလို့ ဒီဖြစ်သလိုလေးကို တင်လိုက်ပါတယ် ကျေနပ်တော့နော် ။

အဲဒါက ငါးကြင်းချဉ်တဲ့


ဒါက ချဉ်ပေါင် နဲ့ မျှစ် (ဗိုက်ကဆာနေတော့ ခပ်မြန်မြန်ပဲချက်ထားတယ်)


ဝက်သား နဲ့ မှိုကိုတော့ ရှယ်ချက်ထားလိုက်တယ်

7 comments:

  1. ကောင်းတယ်သစ်.အစ်မ မျစ်နဲ့ချဉ်ပေါင်ကတော့မချက်ရသေးဘူး. ချဉ်ပေါင်ကတော့ဂွမ်းသွားပြီးမျှစ်တော့ရသေးတယ်ထင်တာဘဲ။
    စားချင်ထှာ.
    ငပိရည်လေးဆမ်းပြီးတော့။

    ReplyDelete
  2. ဒီလူလို ဟိုလူလိုApril 5, 2010 at 3:35 AM

    ချဉ်ပေါင်ဟင်းတော့ မိုက်စ်တယ်

    ReplyDelete
  3. ဂလိုချက်စားတာကို မနေ့ က သူ့ အိမ်ရှေ့ ရောက်တာတောင် လာစားပါဦးမခေါ်ဘူး
    စဉ်းစားလေ အတော့်ကို စိတ်နာလေပဲ
    ဒီလူလို ဟိုလူလိုရယ် မိုက်ချင်းမိုက် မရွှေ့သစ်ဆိုတဲ့ ဒင်းကသာ မိုက်တော့မပေါ့
    တကယ်ခေါ်လည်း တို့ က လာမစားပါဘူး မနေ့ က သတ်သတ်လွတ်စားလို့  ဟွန့် 

    ReplyDelete
  4. ဘယ်ခေါ်မလည်း
    ဟိုတစ်ခါကျွေးလိုက်လို့ မတရားစားပီး သေခါနီးအောင်ပန်းတာမမှတ်သေးဘူးလား ဟိုကကျွေးလည်းကျွေးရသေးလူသတ်တရားခံလည်းဖြစ်အုံးမှာစိုးလို့ လေ

    ReplyDelete
  5. အဲ့တုန်းက ကျွေးတဲ့သူက သိပ်စေတနာပေါက်နေတော့ သူကုသိုလ်ရအောင် နတ်ပြည်ရောက်စေချင်လွန်းတဲ့ စေတနာနဲ့ ပါရမီဖြည့်တာ နည်း၂လွန်သွားလို့ အေ့

    ReplyDelete
  6. ငါးကြင်းချဉ် ကိုတော့ ကြိုက်တယ်.. အင်းတော် ဘက်က လက်ဆောင်ရတဲ့ ငါးကြင်းချဉ်ဆို အရမ်းကောင်းတယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  7. ငါးကြင်းချဉ်တဲ့လား တခါမှ တောင်မကြားဘူးဘူး တီကတော့ ငါးကြင်းဆိုရင် ဗိုက်ကွင်းတွေကို ကြော်ပြီး ဆီပူပူနဲ့ ထမင်းနယ်ပဲ စားတာ အီး စားချင်လာပြီ....

    ပျင်းတာတူနေတယ်
    တီလဲ ခုပဲ ၃ ရက်လောက် ကို ဖျစ်ညှစ်ရေးလိုက်ရတဲ့ ပိုစ့်တင်လိုက်တာပြီးတော့ မမရီတာဆီရောက် သစ်ဆီရောက်
    အံမယ် ပြိုင်ရမယ် ဆိုရင်တော့ တီက ပိုပျင်းတယ်ဆရာ လာသာကြည့်တော့

    ပြီးတော့ တီလဲ မှိုနဲ့ချက်ဖို့ ကြက်သားတွေ ဝယ်ထားသေး တူနေပြန်ပြီ
    ရှယ်ချက်မလို့ အာရုံ အလာကိုစောင့်နေတယ် ဟိဟိ

    ချဉ်ပေါင်ဟင်းတော့ သိပ်သိပ်သိပ်သိပ် စားချင်တာပဲ မိသစ်ရယ်

    ReplyDelete