Saturday, April 3, 2010

မောရှမ်းမြေသို့ အလည်တစ်ခေါက် အဆက်

အိုကေ..ဒီနေ့ သစ်သစ်အင်းလေးခရီးစဉ်ကို အဆုံးသတ်ဖို့စဉ်းစားထားပါတယ် ။ အင်းလေးကန်ထဲရောက်တော့ မှန်တာဝန်ခံရရင် ရေလမ်းခရီးသစ်သစ်အရမ်း ကြောက်ပါတယ် ။ ဒါကြောင့် စက်လှေစစီးတော့ ဘုရားစာတွေရွတ်လို့ပေါ့ သစ်သစ်အစ်မကလည်း နောက်ကခုံမှာထိုင်ပြီး အားပေးပါတယ် အငယ်မ ငါလည်းရေမကူးတတ်ဘူး နင်လည်းရေမကူးတတ်ဘူးတဲ့....ဟင့် တကယ်ကိုရှင်ချင်ပါတယ် ။

နောက်...အင်းလေးကန်ရဲ့အလှက သစ်သစ်ကိုနိုင်စားသွားပါတယ် ။ တစ်ချို့နေရာတွေမှာ မြူခိုးတွေဝေနေပုံက တော်တော်ကိုသဘာဝကျပါတယ် ။ ဓါတ်ပုံမရိုက်ရမနေနိုင်လောက်အောင်ကို ဖြစ်နေတော့ လူကလည်းလှေပေါ်မှာ လှုပ်နေတာပေါ့နော် ။ သစ်သစ်အစ်မသတ္တိခဲက ကြောက်လို့လှေဘောင်ကိုစွဲစွဲမြဲမြဲ ကိုင်ထားပြီး သစ်သစ်ကိုအငယ်မ ပြီးပြီလား နင်ရိုက်လို့ပြီးပြီလား ခဏခဏကိုမေးနေပါတယ် ။ လမ်းကြားလေးလို ဒိုက်တွေ မှော်တွေကြားကနေ ကန်ရေပြင်ကျယ်ကြီးပေါ်ကို စက်လှေကတက်လိုက်တဲ့အခါ မျက်စိတစ်ဆုံးတော်တော်ကို ရင်သပ်ရှုမောဖွယ် ဖြစ်သွားပါတယ် ။ ရုပ်ရှင်ထဲမှာပဲကြည့် တီဗီထဲမှာပဲမြင်ဘူးနေတဲ့ သစ်သစ်လိုမြေပြန့်သူတစ်ယောက်အနေနဲ့ တောင်တန်းတွေကြားက ကန်ကျယ်ကြီးကိုရောက်တော့ မြင်မြင်ရာဆန်းသစ်နေတာ မထူးဆန်းပါဘူးလေ ။

နောက်တစ်ခုကတော့ စက်လှေ၂စီးရှောင်ရင် ငြိမ့်ခနဲဖြစ်သွားတတ်တဲ့ လှိုင်းလေးတွေကို စစီးခါစက တစ်ကယ်ကိုကြောက်မိပါတယ် ။ နောက်တော့လည်း တဖက်ခြမ်းကလာမယ့် စက်လှေကိုမျှော်တောင်မျှော်နေမိတယ် ။ အတန်ကြာစီးပြီးချိန်မှာ စက်လှေလေးက ခရီးအတော်ပေါက်လာသလို တိုက်ရိုက်လာမှန်တဲ့ လေနုအေးတွေကလည်း အေးစက်လာပြီး နှုတ်ခမ်းတွေတောင် ပြာလာပါတယ် ။ တန်ခိုးကြီးဖောင်တော်ဦးမြတ်စွာဘုရားကို ရောက်ဖို့ခေါင်တိုင်ကနေ တော်တော်လေးစီးရပါတယ် ။ ဘုရားကြီးကိုလှမ်းဖူးမျှော်လောက်တဲ့ နေရာလောက်ရောက်တော့ သစ်သစ်စီးလာတဲ့စက်လှေနားမှာ ရေကြက်လို့ခေါ်တဲ့ ရေဘဲလေးတွေကို အုပ်စုလိုက်ရေပြင်ပေါ်မှာတွေ့ရပါတယ် ။ စက်လှေကိုဘုရားပေါ်တက်ဖို့ ဆိုက်ကပ်ချိန်မှာ သစ်သစ်စက်လှေပေါ်မတ်တပ်မရပ်ရဲပါဘူး ။ နောက်ဒီလိုမှမဆင်းရင် မရောက်တော့ဘူးဆိုပြီး အားတင်းကာဆင်းလိုက်တော့ အာ..လာ....လာ..... သမီးတို့ဆိုင်မှာ ရှမ်းစာအစုံရပါတယ် လာခဲ့နော် အမ .... သမီး ဒီလေးခွလေးတစ်ခုပဲကျန်ပါတော့တယ် ၃၀၀၀ပါ ကောက်ညှင်းထုတ်တွေမြည်းသွားပါဦးလား အမ...ဘယ်လိုမှရုန်းထွက်လို့မရလောက်အောင် ဈေးရောင်းသူတွေများလှပါတယ် ။ ဈေးဝယ်ဝါသနာပါတဲ့ သစ်သစ်အမကတော့ အဲ့ဒီအုပ်စုကြားမှာ ကျန်ခဲ့တယ်လေ ။ သစ်သစ်ကတော့ အဲ့လိုမျိုးဆိုစိတ်တကယ်ရှုပ်မိတယ် ။ ဒါကြောင့်ခပ်သုတ်သုတ်လေးထွက်လို့ ဘုရားပေါ်တက်ခဲ့တယ်ဆိုပါတော့ ။

ဘုရားပေါ်ရောက်တော့ ခဏလောက်စိတ်ကိုတည်ငြိမ်စွာထားပြီး တော်တော်ကြာကြာဘုရားရှိခိုးနေလိုက်တယ် ။ ဘယ်အချိန်သစ်သစ်အမ အနားရောက်လာလဲတောင် မသိတော့ပါဘူး ။ နောက်အဖေအမေအတွက် ရွှေသင်္ကန်းကပ် ကိုယ့်အတွက်တော့ အလှူငွေတွေထည့်ရင်း ဘုရားပုံတော်လေးတွေလိုက်ဝယ်မိတယ် ။ နောက်သစ်သစ်အမရောက်လာတော့ ဈေးတန်းလေးတွေဆင်းပြီး တူ တူမလေးတွေအတွက် လက်ဆောင်ဝယ်ဖြစ်တယ် ။ နေပူထိန်နေတဲ့ရင်ပြင်ကို တစ်ပတ်ပတ်ရင်းဖောင်တော်ဦးဘုရားကနေ ပြန်လည်ထွက်ခွာဖို့ လှေဆိပ်ကိုဆင်းခဲ့ကြတယ်လေ ။ အဲ့မှာပြသနာပါပဲလေ သစ်သစ်တို့လှေက ဘေးကိုကပ်လို့မရပါဘူး ။ ဘေးမှာနိုင်ငံခြားသားလှေတွေက ကပ်နေတော့သူက၃စီးမြောက်မှာ ရပ်ထားတယ်ဆိုပါတော့ ။ ကဲ..သစ်သစ်ဘယ်လိုသွားမလဲ ဟူးးးးးးးးး လွယ်ပါတယ် လှေတွေပေါ်ကနေ ကိုယ့်လှေစီကိုသွားရမယ်တဲ့လေ တည်ငြိမ်နေတဲ့နေရာမှာ သွားရတာလွယ်သလောက် ရေပြင်ပေါ်မှာရပ်ထားတဲ့ လှေတွေကိုဖြတ်ကျော်သွားရမှာကတော့ သစ်သစ်အတွက်ဆန်းသစ်နေတာပေါ့ ။ စိတ်လည်းလှုပ်ရှားတယ် ကျသွားရင်ဆိုတဲ့အတွေးမျိုးလည်း ရှိနေတယ်လေ။ အဲဒီမှာ ကိုယ့်ရဲ့လက်ကို အင်းသားတွေဆီထိုးအပ်ရတော့တာပေါ့...ဟိ ။ သူတို့လှေတွေကနေ ကျော်လိုက်ခွလိုက်နဲ့ သစ်သစ်လှေရှိရာရောက်မှပဲ ဟင်း ချနိုင်တော့တယ်လေ ။ ဒါနဲ့ အလိုတော်ပေါက်ဘုရားကို ဆက်ခဲ့တယ်ဆိုပါတော့ ။

အလိုတော်ပေါက်ဘုရား ရောက်တော့သစ်သစ်တစ်ယောက် ဂိန်တော့တာပဲလေ ။ အင်းထဲကအိမ်သာကို ရောက်ခဲ့တယ်ဆိုပါတော့ ဟင့် ။ အိမ်သာကျွင်းလည်းမရှိဘူး ဒီအတိုင်းရေပေါ်မှာ အောက်ကိုကြည့်တောင်မကြည့်ရဲပါဘူး ။ အိမ်သာကထွက်လာတော့ သစ်သစ်စဉ်းစားမိတယ် ဒီအညစ်အကြေးတွေ ဘယ်ကိုရောက်မလဲပေါ့နော် ။ ဒီလိုစဉ်းစားရင်းနဲ့ပဲ ငါးဖယ်ချောင်းကျောင်းကို ရောက်ခဲ့ပါတယ် ။ အဲဒီကျောင်းကနေပြန်တော့ စက်လှေဆရာက ယက္ကန်းရုံတွေထပ်ပို့မယ်ဆိုတော့ နေကလည်းပြင်းလာပြီ ဗိုက်ကလည်းဆာလာပြီ နောက်သစ်သစ်အမကလည်း နှာခေါင်းသွေးတွေလျှံတယ်လေ ပြီးတော့ ညောင်ရွှေရောက်ဖို့ကလည်း နောက် ၄၅မိနစ်လောက် စက်လှေစီးရမယ် ဒါနဲ့ညောင်ရွှေကိုပဲ စက်လှေမောင်းခိုင်းလိုက်ပါတယ် ။ အင်းထဲမှာက နေရာတိုင်းဖုန်းလိုင်းမိပါတယ် ။ ညောင်ရွှေကညီမငယ်ကလည်း နာရီဝက်တစ်ခါလောက်ကို ဖုန်းဆက်နေတယ် ပြီးတော့ သူကမေးတယ် ဘယ်ရောက်နေပြီလဲတဲ့ သစ်သစ်ကရီချင်တယ် မြင်မြင်ရာရေပြင် ဘယ်လိုပြောရပါ့မလဲ ဘယ်ရောက်နေပြီဆိုတာကိုလေ ....။

ဒါနဲ့ တော်တော်ကြာစက်လှေစီးပြီးတော့ တော်တော်လေးကိုစည်ကားလှတဲ့ ညောင်ရွှေကိုရောက်ခဲ့ပါတယ် ။ နေ့လည် ၂နာရီခွဲကျော်လို့ထင်ပါတယ် ။ စက်လှေဆိပ်ကလည်း အမျိုးမျိုးရှိတယ်ဆိုပဲ သစ်သစ်ကတော့မသိပါဘူး ။ ညောင်ရွှေကညီမငယ်က သူတို့တိုးတွေဆင်းတဲ့ ဗီအိုင်ဗီလှေဆိပ်ကို ကပ်ဖို့စီစဉ်ထားပါတယ် ။ စက်လှေသမားက မသိတော့အဲ့လှေဆိပ်ကျော်သွားပါတယ် ။ အဲ့ဒီညီမလေးခင်မျာ စက်ဘီးလေးနဲ့စက်လှေနဲ့အပြိုင်လိုက်လာပြီး လှေသမားကိုဆိုက်မယ့်နေရာ လာအော်ပြောပါတယ် ။ နောက်လှေဆိပ်ပေါ်တက်တော့ လူကတော်တော်ပြိုင်းနေပါပြီ တောင်ကြီးတက်ဖို့လာကြိုတဲ့ မောင်ငယ်လည်းရောက်နေသလို အခြားညီမငယ်များကလည်း နေ့လည်စာကျွေးဖို့ ၁၂နာရီကတည်းကစောင့်နေတာတဲ့လေ ။ အရမ်းပင်ပန်းနေပေမယ့် သစ်သစ်မျက်နှာအပြုံးမပျက်ရဲပါဘူး မောင် ညီမလေးတွေကို တွေ့ဖို့ဟိုးးးးးးးး အဝေးကြီးကနေ သစ်သစ်လာခဲ့တာလေ ။ လှေဆိပ်အတက်မှာပဲ တောင်ကြီးတက်ဖို့ မတ်ခ်တူးကားကိုကလေးတွေက အသင့်ငှားထားတယ်လေ ။ ဒီတစ်ခါသစ်သစ်လက်မခံတော့ဘူး ပိုက်ဆံအတင်းပေးတာ စိတ်ကောက်စိတ်ဆိုးတော်မူကြတယ် ကဲ ဒါနဲ့နောက်ဖုန်းကိုဖွင့်ပြီး ပစ္စည်းတင်မယ်ဆိုတော့ ကားနောက်ဖုန်းမှာသူတို့လက်ဆောင်တွေတင်ထားတာ သစ်သစ်ပစ္စည်းတောင်ထားစရာနေရာမရှိပါဘူး ။ ကဲ..မခက်ပေဘူးလား ဒါနဲ့သူတို့ကျွေးတဲ့ဆိုင်မှာ လိုက်စားတာ အိုးး ဘာပြောကောင်းမလဲ သစ်သစ်ပန်းကန်မှာ ဟင်းတွေဆိုတာအပြည့် သူ့ဟာအရင်စား ငါ့ဟာအရင်စားနဲ့ ဒေါ်သစ်သစ်ဟန်ဆောင်ပြီး တော်တော်စားယူခဲ့ရတယ် ။ လူကအရမ်းကို ပင်ပန်းနေပြီလေ ။ ဒီလိုနဲ့ သစ်သစ်တစ်ယောက် တောင်ကြီးသွားတဲ့ကားပေါ်ရောက်တော့ သူတို့တွေကနောက်နှစ်လည်းပြန်လာခဲ့ဖို့ သူတို့ဧည့်ဝတ်မကျေတာရှိရင် ခွင့်လွှတ်ဖို့ နောက်ဆိုအကြာကြီးနေဖို့ အိုး အစုံပါပဲ မှာနေကြတာလေ သစ်သစ်တစ်ယောက်မျက်ရည်တောင်ကျယူရပါတယ် ။

မထင်ထားဘူးလေ ဒီလောက်ကိုယ့်ကိုသံယောဇဉ်ရှိကြမယ်လို့ ဘယ်လိုမှထင်မထားခဲ့ဘူး ။ ပြီးတော့ ခင်တွယ်တာကလည်း သူတို့အမအရင်းလိုပဲလေ တစ်ယောက်ကငိုတော့ သစ်သစ်လည်းဘယ်လိုမှမထိန်းနိုင်တော့ဘူးပေါ့ ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း စကားပြောလဲရိုက် နှုတ်ဆက်လည်းရိုက် ကားတံခါးဖွင့်လည်းရိုက် တက်လည်းရိုက် တကယ်ပါပဲ ။ ဒါတောင်နောက်နေ့ အလုပ်ခွင့်ယူပြီး တောင်ကြီးတက်လာကြမယ်ဆိုပဲ ။ သစ်သစ်ကနောက်နေ့ ညနေ၃နာရီဆို တောင်ကြီးကနေ ပြန်တော့မှာဆိုတော့ သူတို့ကမနက်ပိုင်းလာမယ်ပေါ့နော် ။ သစ်သစ်ကလုံးဝမလာရဘူးဆိုမှ သူတို့ဇွတ်မတိုးကြတော့တာလေ နောက် တောင်ကြီးမှာအစစအရာရာ ကူညီမယ့်မောင်လေးတွေလည်း ရှိတယ်ဆိုတော့ သူတို့ကိုလည်းသစ်သစ်အချိန်ပေးဖို့လိုသေးတာပေါ့နော် ။ ကားထွက်သွားတော့ သစ်သစ်နောက်ကိုလုံးဝလှည့်မကြည့်ပါဘူး ထပ်ငိုမိမှာစိုးတယ်လေ ။ ညောင်ရွှေကတော်တော်လေးဝေးလာတဲ့ အထိ သစ်သစ်ပါးလေးမှာ သူတို့အနမ်းငွေ့လေးတွေ ကျန်နေဆဲပါ ။ ဒီလိုနဲ့ တောင်ကြီးကိုခရီးဆက်ခဲ့တယ် ဆိုပါတော့........

ကန်ရေပြင်ကျယ်ဆီ မရောက်ခင်ပေါ့

တွေ့ပါပြီ အင်းလေးကန်ရေပြင်ကျယ်


ရှမ်းမလေးတွေဝတ်တဲ့ အကျီင်္


ဒါကတော့ အင်းသားတွေဝတ်တဲ့အကျီပေါ့


ရေတော်တော့်ကို ကျနေတာ သက်သေပဲ


ကျွန်းမျောတွေကြားက သွားရတာ မိုက်မှမိုက်


ဟိုး အဝေးမှာမြင်ရလားဟင် ရေကြက်လေးတွေ အုပ်စုလိုက်


အိမ်အောက်မှာ လှေဂိုထောင် ( ကားဂိုထောင်မဟုတ်ပါ )


တောင်ကြီးရောက်ပြီ ဟေ့

6 comments:

  1. ....ငါးဖိန်းတွေ ဘိုက်ဘိုက် ထဲရောက်သွားတယ်ထင်တယ်နော်..

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  2. ငါးဖိန်းတင်ဘယ်ကမလဲ ရွှေစင်ရယ် ဟိုဟာတောင်ပါသေး (ရေကြက်ပြောပါဒယ်)
    မနေ့ က ဘားမိကလပ်စစ်သတင်းအတိုအထွာထဲမှာ
    ယခုနှစ်တွင် အင်းလေးကန်​ထဲ ထူးထူးခြားခြား ရေများခန်းခြောက်ခြင်း ဆိုတဲ့ သတင်းဖတ်လိုက်ရတယ် လက်စသတ်တော့ တရားခံက မရွှေသစ်ကို
    အာခိမိဒိနိယာမကို စလုံးတင်မဟုတ်ဘူး အင်းလေးကန်မှာပါ သွားပြမှတော့ အင်းလေးရေလျံပြီ အင်းလေးကန် ရေခန်းတော့တာပေါ့
    စက်လေးဆရာကတော့ ရင်တထိတ်၂နဲ့  မရွှေသစ်ကိုမြင်တာနဲ့  ဟိုက ရင်ခုန်နေပြီ (ဘယ်တော့ ငါ့စက်လှေကြီး အလယ်လှေဝမ်းကွဲပြီး မြှုပ်မလဲဆိုပြီတော့ပေါ့)

    ReplyDelete
  3. စကား မစပ် အဲ့ အညစ်အကြေးတွေ ဘယ်ရောက်ကုန်တော့ သိချင်လား

    ReplyDelete
  4. တကယ်တော့ ဟိုက ကလေးတွေ ကလေးမလေးတွေက မရွှေသစ်ပြန်သွားလို့  ၀မ်းသာလွန်းလို့  မျက်ရည်များတောင် လည်တယ် ဖစ်ကုန်တာ
    ဒါကို သူက အထင်လွဲနေသေးတယ် အဟိ

    ReplyDelete
  5. သိပ်စိတ်နာတာပဲ ငတို့ ဖို့  အင်းလေးလက်ဆောင်ဆိုလို့  လက်ဖက်တရိုး ပဲပုတ်တပြားတောင် မပါတာ နောက်များ ဒင်းသွားရင် နောက်က မလွမ်းဘူး ဟွန့် 

    ReplyDelete