Friday, March 26, 2010

ကျေးဇူးချစ်သူ

တိုးတိတ်စွာ တမ်းတခဲ့တဲ့
မျှော်လင့်ချက်လေး
လွတ်ကျသွားတာ
တပတ်ရှိခဲ့ပြီ
ဖြစ်သမျှကို မေ့ဖျောက်လို့
ခေါင်းမော့ကာ
ရယ်တတ်ခဲ့ပြီ
အေးစက်တဲ့ စာသားတွေက
ငါ့နှလုံးသားကို လောင်မြိုက်ပြီးပြီ
လေလှိုင်းကြားမှာလွင့်မျောလို့
မင်းမကြိုက်တာမှန်သမျှ
ရွေးလုပ်ပြီးပြီ
တံခါးပိတ်ကာ အမှောင်ချလို့
အတိတ်ဟောင်းကို လွမ်းဆွတ်ပြီးပြီ
ခုချိန်ကစ အနည်ကျလို့
ပြန်လည်ထူထောင်ကာလကို
စဖို့ကြိုးစားနေပြီ
ကျေးဇူးပြုပြီး ငါ့နားမှာကျရောက်နေတဲ့
မင်းရဲ့အရိပ်ကို ညင်သာစွာ
ဖယ်ရှားသွားပါနော်
ထာဝရအတွက်
ကျေးဇူးတင်နေမှာပါ


2 comments:

  1. အင်းတစ်မျိုးပဲ နောက်ချင်စိတ်မရှိတော့ဘူးး(

    ReplyDelete
  2. တခါတရံ နားလည်မှူလွှဲချောနေတာတွေရှိတတ်ပါတယ်သစ်သစ်ရယ်။
    မျှော်လင့်ချက်လေးကလွတ်ကျသွားတာမဟုတ်ပါဘူး။
    လမ်းခဏထွက်လျှောက်နေတာပါတဲ့။
    ပြန်လာပါဘီတဲ့။
    ပျော်ရွှင်ပါစေ.။

    ReplyDelete