Tuesday, March 16, 2010

ချစ်သမီးငယ်လေးရဲ့ပုံရိပ်

သစ်မှာ အရမ်းချစ်ရတဲ့ တူမလေးရှိပါတယ် ။ သစ်ဒီကိုလာစက သူကလသားလေးပဲ ရှိသေးတယ် ခုတော့သူကအရမ်းကို တတ်နေပြီး ဆရာမကြီးလို ဖြစ်နေတယ်လေ ။ စကားပြောနောက်ကျတော့ အားလုံးကသူ့ကို စိုးရိမ်ခဲ့ကြတာ ခုတော့ပြောလွန်းလို့ တားတောင်ယူရတဲ့အထိပါပဲ သူ့ကိုဓါတ်ပုံရိုက် ဗီဒီယိုရိုက်နေရင် အိုက်တင်မျိုးစုံလုပ်တတ်ပြီး သူ့အဘွားကခေါ်ရင်လည်း သူကဒီမှာဓါတ်ပုံရိုက်နေတယ် မအားဘူးလို့ပြန်ပြောတတ်လွန်းလို့ အားလုံးက၀ိုင်းရီရပါတယ် ။ သူ့ရဲ့လှုပ်ရှားမှုတော်တော်များများက မှတ်တမ်းတင်လာခဲ့ပေမယ့် ဖိုင်ဆိုဒ်ကြီးတော့ တင်ဖို့အဆင်မပြေပါဘူး ။ ဒီဖိုင်လေးကတော့ ဖိုင်ဆိုဒ်ကလည်း သေးပြီးတော့ သူစိတ်ကောက်တဲ့အချိန်ဆိုတော့ ခဏလေးပဲရိုက်လိုက်ရတယ် ဆိုပါတော့လေ ။ အမှတ်တရတင်လိုက်ပါတယ် ။ သူနဲ့ပက်သက်တာလေးတွေ နောက်မှသီးသန့်ထပ်ရေးပါဦးမယ် ။


သမီးငယ်ရဲ့လှုပ်ရှားမှုတစ်ခု

3 comments:

  1. ဘာသူများခလေးတွေ မှမကြည့်ချင်ဘူး ဂျူနီယာသစ်မွေးပေးမှလာချီမယ် ..

    ReplyDelete
  2. သမီးလေးကို သူ့အဒေါ်ကို အတုမယူဖို့ သေချာမှာခဲ့ရဲ့လား.. ဟိ

    ReplyDelete
  3. သစ်တူမလေးတွေ ထိန်းရင်းနဲ့  အပျိုဂျီးဖစ်သွားမယ်နော် ဟဲဟဲဟဲ

    ReplyDelete