Friday, March 19, 2010

စမ်းချောင်းလေးရဲ့စီးဆင်းသံ

မင်းကိုပဲ စွဲလန်းလို့နေတာပဲ မင်းကိုပဲစွဲလန်းခဲ့ရ အသက်ရှင်ချိန်လေး.....အဲ့သီချင်းလေးလိုပါပဲ ဘယ်တော့မှပျောက်ပျက်သွားမယ် မထင်တဲ့စွဲလန်းမှုမျိုးနဲ့ ကိုယ်ချစ်နေမိတယ် ။ ရှေ့ဆက်ရမယ့်အားမာန်တွေ ပေးခဲ့တယ် ရပ်တည်နိုင်စွမ်းမရှိတော့လို့ ပြိုလဲတော့မယ့် ကိုယ့်ကိုထူမတ်ခဲ့တယ် ။ တစ်ညပေါ့......တစ်ကယ်ကို သတိရမိပါတယ် ။ ရင်လည်းခုန်နေဆဲပါပဲ.........

တနင်္ဂနွေဆိုတဲ့ အဲဒီညလေးကို ထူးထူးခြားခြားမှတ်မိနေခဲ့တယ် ။ ကွန်ပျူတာရှေ့မှာထိုင်လို့ ငိုကြွေးနေတဲ့ကလေးတစ်ယောက်ကို ချော့မြှူခဲ့ဖူးတယ်လေ ။ စိတ်ဓါတ်တွေကျပြီး အိပ်စက်လို့မရနိုင်တဲ့ ည၁နာရီမှာ ..... ဟယ် ညီမလေး နက်ဖြန်အလုပ်တက်ရမှာကို ဘာလို့ဒီအချိန်ထိမအိပ်ပဲ နေရတာတုန်းဆိုပြီး ချက်ချင်းဖုန်းကောက်ခေါ်တော့ နဂိုကတည်းက မျက်ရည်စက်လက်နဲ့ဆိုတော့ ရှိုက်ကြီးတစ်ငင်ငိုကြွေးမိတာ မဆန်းပါဘူးလေ ။ မိနစ်ဝက်လောက်စောင့်ဆိုင်းပြီးမှ ကဲ .... ငိုလို့ဝပြီလား အပြင်ထွက်မျက်နှာသစ်ခဲ့ ရေသောက်ခဲ့ကိုယ်စောင့်နေမယ်တဲ့လေ ...... ချိုသာတဲ့အမိန့်သံအောက်မှာ အသက်မဲ့နေသလို သူခိုင်းသမျှလိုက်လုပ်နေခဲ့မိတယ် ။

ပြန်လာတော့ သူကကလေးဆိုးလေး ကျနေတာပဲတဲ့ ဘာဖြစ်လို့ငိုတာလဲဆိုတော့ ကိုယ့်အဖြေက နက်ဖြန်အလုပ်တက်ရမှာသိရက်နဲ့ မျက်စိမှပိတ်လို့မရတာဆိုတော့ ရီလိုက်တာဆိုတာများ နောက်....ကဲ ကဲ အိပ်မယ် အိပ်ယာပေါ်တက်ဆိုတော့လည်း တက်လိုက်တာပဲ ဘာတွေပြောချင်လဲဆိုတော့ ပြောလိုက်တာ ပေါက်ပေါက်ဖောက်သလိုပဲ ၁နာရီကျော်လောက် ကြာတာမှတ်မိသေးတယ် ။ နောက်သန်းဝေသံတွေကြားလာတော့ အိပ်လို့ရပြီလားတဲ့ ဟုတ်ကဲ့လို့ဆိုတော့မှ ကဲ ... ကိုယ် ကျန်းမာရေးအတွက်ပြေးဖို့သွားတော့မယ်နော်တဲ့ ။ အယ်...အစ်ကိုက မပြေးခင်ဘာလုပ်တာလဲဆိုတော့ အားကစားဝတ်စုံလဲပြီး ကွန်ကိုပိတ်ဖို့လာတော့ ချာတိတ်လေးက ငိုနေတာကိုးဆိုတော့ သစ်နှလုံးသားထဲမှာ ငြိမ့်ခနဲပဲစမ်းချောင်းလေးတစ်ခု စီးဆင်းသွားသလိုခံစားလိုက်ရတယ် ။ ခုတော့ အဲဒီစမ်းချောင်းလေး......

5 comments:

  1. ဗေဒါအမှိုက်သရိုက် ဒိုက်တွေနဲ့  ပြည့်သွားတာလား
    ဒါမှမဟုတ် ငါးဖမ်းတဲ့သူတွေနဲ့  ပြည့်သွားတာလား

    ReplyDelete
  2. ခုတော့ အဲဒီစမ်းချောင်းလေး...... climate change ကြောင့် ခမ်းခြောက်သွားပြီလားး

    ReplyDelete
  3. ခုတော့ အဲဒီစမ်းချောင်းလေး ..........

    ReplyDelete
  4.့ hugs
    တို့ချော့သိပ်မယ် ချစ်

    ReplyDelete
  5. ဟမ် မမချော့သိတ်မယ် ချာတိတ်ရေ. အဟက် . ဟွန်းးးးးးးးး

    ReplyDelete