Friday, March 5, 2010

ဒီရေဒီမြေသို့ တစ်ခေါက်

ရန်ကုန်ပြန်ရမယ်ဆိုတုန်းက ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့လေ ။ စလုံးကနေ လေယာဉ်စထွက်ကတည်းက အတွေးပေါင်းစုံ ယောက်ယက်ခတ်လို့ ပြန်လာခဲ့တယ်ဆိုပါတော့နော် ။ ချန်ဂီလေဆိပ်ကနေ စထွက်လာကတည်းက ဘုရားလေးရှိခိုး ပုတီးလေးစိတ်လာ လိုက်တာ ရန်ကုန်လေဆိပ်ရောက်မှပဲ အသက်ရှူနိုင်တော့တယ် ။ သစ်သစ်လေယာဉ်စီးတာ သိပ်ကြောက်ပါတယ် ။ ဒီမှာကလည်း ဟိုကြည့်ဒီကြည့်ဆိုတော့ တကယ်တမ်းလေယာဉ်စီးတော့ ရုပ်ရှင်တွေထဲက လေယာဉ်ပြန်ပေးအကြောင်းတွေ ပျက်ကျတဲ့အကြောင်းတွေ မစဉ်းစားပဲပြန်ပေါ်လာတတ်တယ်လေ ။ အကျင့်မကောင်းတဲ့ သတိရမှုတစ်ခုပေါ့။

ရန်ကုန်လေဆိပ်ကို မနက်၉နာရီရောက်တော့ ကိုယ်ကမြန်မြန်လျှောက်ပြီး အားလုံးကိုကျော်တက်တာလေ ။ တော်ကြာစောင့်နေရရင် စိတ်ညစ်စရာကောင်းလွန်းလို့ပါပဲ ။ ထိပ်ဆုံးကနေ၀င်သွားတာ အခွန်စာရွက်ကို ကော်ပီလုပ်မလာလို့တဲ့ ဘယ်ရမလဲ ဒီကလည်းအကယ်ဒမီသစ်သစ်လေ သိတယ်မှတ်လား ဟယ် ....ဟုတ်လား အစ်ကိုရယ် ကော်ပီလိုတာ ညီမမသိလို့ပါပေါ့ မျက်နှာလေးပြုံးလို့ပြောလိုက်တယ် ဆိုပါတော့ ။ ရတယ်ရတယ် ဆွဲပေးလိုက်မယ်ဆိုပြီး ကော်ပီကိုအဲ့ဘိုးတော်က သွားဆွဲတယ်လေ .... ဟိ ။ ကဲ ဒီဖောင်းမလုပ်ရအောင် လုပ်ပေးလိုက်မယ် ညီးတို့တွေက ပြန်လာရင် ငါတို့တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောကြတယ် တစ်ခါမှနာမည်ကောင်းမရဘူးတဲ့ ( သစ်သစ်တစ်ယောက် မျက်နှာလေးပြုံးလို့ ကိုယ့်မပြောသလိုနေလိုက်တယ် မြန်မြန်ရပြီးရောလေ ) ။ ကဲ ဒီမှာဆိုင်းထိုးလိုက် ဟုတ်ကဲ့ပါရှင့်.....သွားလို့ရပြီလားအားကို ဆိုတော့ ဘာပါလာလဲတဲ့ သမီးလေးဖို့ချော့ကလက်လို့ဆိုတော့ အင်...တဲ့ စားမလားတစ်ခုဖောက်ပေးခဲ့မယ်ဆိုတော့ တော်ပါပြီတဲ့.....။ စလုံးတို့ ဆလိမ်တို့လည်း ရပါတယ်တဲ့ ဒီနေ့အတွက် ညီးပထမဦးဆုံးပဲတဲ့ ဟယ်.....ဒီမှာ အေတီအမ်ရှိလားဟင် ဘဏ်ကတ်ထဲမှာထုတ်ဖို့မေ့ခဲ့တာ ခက်လိုက်တာနော်ဆိုတော့ ကဲကဲ သွားပါတော့မမချောရယ်တဲ့ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုရယ်ပေါ့......(နာကွ တစ်ယောက်တော့ကျော်လာပြီ ) ။

အမ...အမ....တွန်းလှည်းထုတ်ပေးရမလား ...မျက်နှာကိုတတ်နိုင်သမျှတင်းပြီး တလောကလုံးကိုယ့်လုပ်စာစားနေရတဲ့ရုပ်နဲ့ ငါ့မှာလက်ပါတယ် မလိုဘူးပြောပလိုက်တယ် ။ ကမ္ဘာ့အနှေးဆုံးနှုန်းနဲ့အိတ်တွေထွက်လာတော့ အမသယ်ပေးရမလားတဲ့ မလိုဘူးငါသယ်နိုင်တယ် ပြောလိုက်တယ် ။ အိတ်တွေတင်ပြီး ရှေ့ဆုံးကနေ ထွက်မယ်လုပ်တော့ အပေါက်က၃ပေါက် ဘယ်အပေါက်ကထွက်ရမလဲလို့ သုံးပွင့်ကိုကို ကိုမေးပလိုက်တယ် (သူက ကံဆိုးစွာယူနီဖောင်းနဲ့တို့နားလာရပ်နေတာကိုးလို့...ဟွန့် ) ။ ကြိုက်တဲ့အပေါက်ကထွက်တဲ့ ကျေးဇွန်းပေါ့နော် ။ ဘာတွေပါလဲတဲ့ ဘာမှပါဘူးလို့ဆိုတော့ သွားတော့ရပြီတဲ့ (မယ်ရုပ်ဆိုးကပြောတယ် ) သစ်သစ်တို့ကတော့ ပြုံးပြုံးလေးပဲ ဟုတ်ကဲ့ပါမမပေါ့ ။ ဝေးးးးးးးးး လွတ်ပြီကွ အိုးးးးး အမေ အရွယ်ကျလာလိုက်တာ (ဟဲဟဲ ဆူဖို့ပါးစပ်ဟမယ်ပြင်နေတဲ့အမေကို အနမ်းလေးနဲ့ပြေးပြီး ပါးစပ်လေးပိတ်လိုက်တယ် ) ပိုင်တယ်နော် ။

ပါကင်ကကားထွက်လာတာကို ရပ်စောင့်နေတာ ကိုယ့်အိတ်ပေါ်ကို လက်ကလေးတွေလာတင်ထားကြတယ် ။ ဘာလုပ်တာလဲဆိုတော့ ကားရောက်လို့နောက်ဖုံးဖွင့်တာနဲ့ ကိုယ်မခိုင်းပဲအိတ်ကိုလုတင်မယ်လေ ပြီးတော့အမစလုံးအကြွေလေးများ လာတောင်းမယ် ဒါမျိုးတွေရိုး..ဟိုးးးးနေပြီ ရတယ် ဘီလူးဆိုင်းတီးလိုက်တယ် ထိစရာမလိုဘူးလို့ ။ ခဲအိုတော်ကတော့ အိတ်သယ်ဆိုမှ ကားအဖုံးအရင်ဖွင့်နေတယ် သူဖွင့်တာနဲ့ လှစ်ခနဲအနားရောက်လာပြီး အိတ်ကိုကောက်တင်ပလိုက်တယ် ။ ဟိုကဘာမှလုပ်ချိန်မရလိုက်ဘူး ထွက်သွားရှာတယ် ကိုယ့်ခဲအိုအိတ်ကတ်ထဲက တစ်ထောင်တန်တစ်ရွက်လေ သစ်သစ်ကပြောချင်ပေမယ့် ခဲအိုတော်ကသနားပါတယ်ဆိုပဲ သူသနားရင်သူပဲခံပါစေတော့လေ ။ မကျေနပ်ခြင်းများစွာနဲ့ အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ခြံထဲကားဝင်တာနဲ့ကို ခြံထဲဆင်းစောင့်နေတဲ့ အဖေကို အိုး မိုင်ဒီးယားပါပါ နေကောင်းပါရဲ့လား ဘလာ..ဘလာ...နဲ့ ဗိုက်ဆာလိုက်တာ ဘာဟင်းချက်လဲပေါ့ ။ အဖေကလည်း မစိုးရိမ်ရှာပါဘူးလေ ခု ၁၀နာရီကျော်ပြီ ထမင်းစား ခဏနားတဲ့ ဆရာဝန်က နေ့လည်တစ်နာရီတဲ့ ....ဟင့် ။ ကဲ ....၁နာရီကနေ စောင့်လိုက်တာ ညနေ ၄နာရီမှာ ဆရာဝန်ဆီမှာ ကိုယ့်အလှည့်ကျတယ် ။ မေတ္တာဦးဆေးခန်းဆိုတော့ လှည်းတန်းနဲ့ကနီးတယ်လေ ။ အမကိုလက်ဆွဲပြီး လှည်းတန်းဈေးအရင်ပြေး ရွှေရင်အေးသောက် တီလားဗီးယားအကင် တစ်ကောင်၁၅၀၀တဲ့ မဆိုးပါဘူးလေ ။ နောက်မုန့်ဘိုင်းတောင့်လို့ခေါ်မလား နှမ်းထောင်းလေးနဲ့စားတာ ၅၀၀ဖိုးမှ နည်းနည်းလေးရတယ် ၀ယ်စားပြီး ဆရာဝန်ကိုပြန်စောင့်နေတယ် ။

ရောက်ပါပြီ ကိုယ့်အလှည့် ဒေါက်တာရယ် သမီးစလုံးမှာစစ်ခဲ့တာကတော့ ဒါတွေပါ ဆေးတွေကတော့ဒါတွေပါ သူတို့ပြောတဲ့ရောဂါကို သမီးအသေးစိတ်စစ်ချင်ပါတယ် ဒေါက်တာကူညီပါပေါ့ ။ ဒေါက်တာမြင့်အောင် သေချာမျက်စိကိုစစ်ပြီး အမြင်စွမ်းအားစစ်တော့မှ ဂိမ်တာပါပဲလေ တစ်ဖက်ကို၁၀မိနစ်စက်ထဲမှာ စစ်တယ် ။ တစ်ဖက် ၅သောင်းပါ မျက်စိကနှစ်ဘက်လေ သွားရှာပေါ့တစ်သိန်း ။ အိုကေပါတယ် သူတို့ထင်တာမဟုတ်ပါဘူး အားလုံးနော်မယ်ပါပဲ ဆိုတော့ မျက်မှန်လဲချင်ပါတယ် ဂိုင်းရော မှန်ရော ၆သောင်းကျော်ကျပါတယ် ဖုန်းထဲက ဂဏန်းပေါင်းစက်လေးနဲ့ စလုံးပြန်တွက် အိုးးးးတန်ပါတယ်လေ ဟုတ်ကဲ့ ချက်ချင်းရမလား နက်ဖြန်ညနေ ၆နာရီတဲ့ မျက်စိနဲ့ပက်သက်လို့ အရာအားလုံးစိတ်ချလက်ချပြီးသွားချိန်မှာ ပိုက် ၂သိန်းကျော်ထွက်ပြီး အချိန်ကလည်း ည၉နာရီကျော်ခဲ့ပါပြီလေ ...။ မှောင်မဲနေတဲ့မြို့တော်ကြီးမှာ ကားပတ်စီးလို့ အိမ်ကိုပြန်လာခဲ့တယ်ဆိုပါတော့ ။ ......ဆက်ရန်ရှိသေးသည် ။


11 comments:

  1. မော ...လိုက် ...တာ... ဖတ်...ရ...တာ....

    ReplyDelete
  2. အကယ်ဒမီရှော့

    ReplyDelete
  3. သူကပဲ လိန်ပျံစီးတာကြောက်ရတယ်ရှိသေး ကျန်တဲ့သူတွေ သူ့ ကြည့်ပြီး ဘယ်အချိန် လိန်ပျံပျက်ကြမလဲဆိုပြီး ကြောက်နေတာကိုမှ အာ့မနာပ

    ReplyDelete
  4. စကားမစပ် အင်မီဂရေးရှင်းမှာ တန်းစီတဲ့အပေါက် ဆန့် လားဟင်

    ReplyDelete
  5. ဟဲဟဲဟဲ သများက မသိလို့ မေးတာပါ

    ReplyDelete
  6. သုံးပွင့်ကိုကို ကိုရောတိုက်မိသေးလား ဝင်ပေါက်မှာ မဆန့် လို့ ။

    ReplyDelete
  7. ဒါ မေးစရာမလိုတဲ့ out of question ပဲ ဗစ်
    လေဆိပ်မှာ အပေါက် ၃ ပေါက်ရှိတာဆိုကတည်းက သဘောပေါက်သင့်တယ်
    ဟဲဟဲဟဲ

    ReplyDelete
  8. အကယ်ဒမီရှော့ခ်

    ReplyDelete
  9. မိုက်တယ် ကိုယ်အဲလောက် မမှတ်မိတော့ဘူး။ မနည်း memory recall လုပ်ပြီး ရေးရတာ။ ရေးပြီးမှ ကြားထဲ ကျန်နေခဲ့တာတွေ သတိရတယ်။

    ReplyDelete
  10. မမသစ် အကယ်ဒမီရှော့ခ် မိုက်တယ်သရုပ်ဆောင်ချက်
    သုံးပွင့်ကိုကို ကိုဝင်တိုက်လိုက်သေးလား
    မယ်ရုပ်ဆိုးကိုရော ၀င်တိုက်ခဲ့သေးလား
    ပိုက်ဆံတွေကတော့အဲလိုပဲတအားကုန်တယ်
    ထောလဲအဲလိုပဲဖုန်းထဲကဂဏန်းတွက်စက်လေးနဲ့တွက်တယ် ဟီးး အကျင့်တူတာ

    ReplyDelete
  11. တော် တီး တော် မမသစ်
    နာ့တို့တော့ စလုံး ၁၀ ထွက်တွားဒယ်ကွယ်
    စကားလဲရှည်ရှည်ဝေးဝေးမပြောချင်
    အပြင်မှာရောက်နေတဲ့ ခမည်းတော်မယ်တော် ယောက်ထမတော်တို့နဲ့လဲတွေ့ချင် ဆိုတော့ မြန်မြန်ထွက်ရအေးရော
    ဆိုပီး ပေးလိုက်ဒယ်။

    ReplyDelete