Saturday, March 6, 2010

ချစ်ထောမွေးနေ့





ဒီနေ့ သစ်သစ်တို့အဖွဲ့ထဲက ချစ်စဖွယ်ညီမငယ် ထောပတ်သီးလေး မွေးနေ့ပါ ။ တကယ်မွေးနေ့လေးကတော့ သောကြာနေ့လေးပါ ။ သစ်သစ်ရန်ကုန်မပြန်ခင်ကတည်းက အလုပ်တွေဖိစီးနေတဲ့ ညီမငယ်ကိုမွေးနေ့လေးမှာ ပျော်အောင်ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားခဲ့ပါတယ် ။ နောက်တော့ မွေးနေ့ကိတ်လေးနဲ့ လူစုံတက်စုံလေး လုပ်ပေးလိုက်ရင် ရပ်ဝေးမြေခြားမှာအလုပ်အတူတူ လာလုပ်နေကြတဲ့ ညီအစ်မတွေ ပိုပြီးစည်းလုံးစေသလို မွေးနေ့ရှင်လေးလဲ ပျော်သွားမလားဆိုပြီး အကောင်အထည်ဖော်ဖြစ်ပါတယ် ။ ကွန်ဖရန့်တွေခေါ် အစည်းအဝေးတွေထိုင် ဂျီကနေဂရုဖ်ချက်လေးနဲ့ခေါ်ပြီး တိုင်ပင်နဲ့ ညီမလေးတစ်ယောက်မွေးနေ့ကို အရေးထားပြီး စီစဉ်ခဲ့ကြပါတယ် ။

၁နာရီခွဲအရောက်ပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့် ၂နာရီလောက်မှ လူစုံကြပါတယ် ။ အလေးထားပြီး လာရောက်ကြတဲ့ အမြဲအားမျိုး ၊ အကျီအသစ်နဲ့မေဖလားဝါး ၊ လူမမာတစ်ပိုင်းပုံပေါက်နေတဲ့ ညည ၊ နေထိုင်ခွင့်တွေရလို့ ပျော်နေတဲ့ နိုမိုလေး ၊ ကိုကို့အနားကနေ မအားတဲ့ကြားကလာရတဲ့ ပါတနာကြီး မေလေး ၊ ဒီလိုခင်မင်ပြီး ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းအသစ်တွေ စုပေါင်းမိအောင် နေရာလေးတစ်ခုစီစဉ်ပေးတဲ့ ဗစ်စတို အားလုံးကိုထောလေး ကိုယ်စား သစ်သစ်ကဒီပို့စ်လေးနဲ့ ကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ ။ နောက်ဒီအဖွဲ့လေးထဲက မည်သူမဆိုမွေးနေ့လေးရောက်လာတိုင်း ပျော်စရာလေးတွေ ဖန်တီးပြီးပူလောင်မှုသောကလေးတွေ တခဏဝေးသွားအောင် စုပေါင်းလုပ်ကြဖို့ သစ်သစ်မျှော်လင့်ပါတယ် ။ အားလုံးကိုပျော်စေချင်လို့ မကြွားချင်ပဲကြွားရတဲ့ အနေတည်တဲ့သစ်သစ်ရဲ့ အကြွားဒဏ်တွေကို အလူးအလှိမ့်ခံပေးတဲ့အတွက်ရော ကျေးဇူးတင်မိပါတယ် ။ နောင်နှစ်များမှာလည်း ထောတစ်ယောက် ဒိချစ်မတွေနဲ့အတူ မွေးနေ့လေးတွေဖြတ်သန်းနိုင်ပါစေလို့ အားလုံးကိုယ်စား မမသစ်က ဆုတောင်းပေးလိုက်ပါတယ် ။

12 comments:

  1. Happy Birthday My Little Cute!
    Wishing you all the best!
    တို့ လည်း လူစုံ၂နဲ့  ထောမွေးနေ့ လေးကို ကျင်းပပေးခဲ့ရတဲ့အတွက် အရမ်းပျော်ပါတယ်
    ဖိနပ်အဖြူအသစ်နဲ့  ဟိုမမ၀၀သစ်သစ်ကိုလည်း ပိုစ့်အတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ထောရေ ... မမသစ် ဆုတောင်းပေးတဲ့ အတိုင်းပဲ ဆုတောင်းပေးလိုက်ပါတယ်။ တောင်းတဲ့ ဆုတွေ ပြည့်ပါစေ။

    ReplyDelete
  3. အားလုံးသောမမများကိုတကယ်ကိုကျေးဇူးတင်ပါတယ်
    စိတ်ညစ်နေတာတွေအားလုံးမေ့ပျောက်သွားတယ်
    တအားကိုပျော်ခဲ့တယ်
    အားလုံးကိုအာာဘွားးး

    ReplyDelete
  4. ဟဲဟဲ ကိတ်မုန့်လေးက တော်တော်လှတယ်..
    ဟမ် ဘယ်လိုကြောင့် မေဖလားဝါးရဲ့ ဟဲဟဲကြီး ငါ့ဆီရောက်လာတာလဲ..

    ReplyDelete
  5. ကဲကဲ မွေးနေ့ ရှင်ထောက ခေါ်နေတယ် သစ်၂ ညည ဗစ် မျိုး နိုမို အဘွားတဲ့ ထူးလိုက် ထူးလိုက် (မှတ်ချက် - တို့ မပါ ဟုတ်တယ်နော် ထောလေး သိပ်လိမ်မာတဲ့ကလေးမလေး)

    ReplyDelete
  6. အားလုံးကိုပျော်စေချင်လို့ မကြွားချင်ပဲကြွားရတဲ့ အနေတည်တဲ့သစ်သစ်ရဲ့ အကြွားဒဏ်တွေကို အလူးအလှိမ့်ခံပေးတဲ့အတွက်ရော ကျေးဇူးတင်မိပါတယ်.. hit2

    သူကြွားနေတာနဲ့ပဲ နာတောင်ဘာမှမကြွားလိုက်ရဘူး..
    ဒါတောင်luggage ကြီးယူလာပြီးကြွားချင်သေးတာတဲ့..

    ReplyDelete
  7. ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာပိုင်ဆိုင်နိုင်ပါစေချစ်ထောလေးရေ။
    တော်သေးဒယ် နာ့ကို နောက်ကျတာ မဖဲ့ထားလို့

    ညှိုးပြောသလိုဘဲ နာ့ထပ်ရိုက်ရမှာ ပျင်းလို့ hit 1

    နာ့တော့ သိပ်မပျော်ပေါင်။ ခဏလေးတွေ့ရဒယ်။ နေပါအုန်းဆိုမနေကြဘူး။မုန်းလိုက်တာ။ ဒီကြားထဲလူကိုတပတ်ရိုက်ပီးထားခဲ့ကြသေးဒယ်။

    ReplyDelete
  8.့ happy birthday ထော.
    ပျော်ရွင်သော မွေးနေ့ပေါင်းများစွာနဲ့ဆုံတွေ့နိုင်ပါစေ။

    ReplyDelete
  9. ဟက်ပီဘတ်ဒေး ထောထော
    အစစ အဆင်ပြေ အောင်မြင်ပါစေ
    ကျန်းမာ ပျော်ရွှင်ပါစေ

    STY

    ReplyDelete
  10. ထောလေး ပျော်နေတာ ကြည့်ပြီး အရမ်းကျေနပ်တာပဲ..
    သိပ်မလှုပ်ချင်တာတောင် မေ့သွားတယ်..
    နာတို့ ညီမလေး သိပ်ချစ်ဖို့ ကောင်းတယ်..
    ကိတ်မုန့် လှီးတာနဲ့ ခွံ့တာမှာ လက်တုန်နေတာ ရီရတယ်..
    ချစ်ထောလေး
    စိတ်ရော ကိုယ်ပါ
    ကျန်းမာပျော်ရွှင်ပါစေကွယ်..
    အာာာာာာာာာာဘွားးးးးးးးးးးးးး

    မွေးနေ့ လုပ်ပေးပါတယ်ဆိုမှ
    သစ်ကြွားစိန်က တမျိုးးး
    လူတွေကြားထဲ ခပ်တည်တည်ရပ်ပီး ပဲကျွေးတဲ့ ဟဲဟဲဟဲက တဖုံ (သူ့ ကိုယ်သူတော့ ဝန်ခံရှာတယ်.. ရှက်ကြောပြတ်နေတယ် မထင်ပါနဲ့ တဲ့.. ဟိ )
    ကင်မလာမန်းပဲ လုပ်တဲ့ ဗျစ်စုတ်က တသွယ်
    ချစ်မမဝဝသစ်သစ်ကို ယှဉ်ပြိုင်မယ့် ထောလေး
    သနားစရာ ပါးစပ်ဇစ်ပိတ်ခံထားရတဲ့ နိုမိုလေး
    သူပြောတဲ့အချိန်ကို ၁ နာရီ ထပ်ပေါင်းရမယ့် မေလေး
    ငါးရံ့ပြာလူးဒီဇိုင်းနဲ့  ညိုးးးး
    နေမကောင်းတာတောင် သိပ်လှနေတဲ့ ညည (ဟိဟိ)
    လူစုံတက်စုံနဲ့  ပျော်ရွှင်စရာ မွေးနေ့ လေးပါကွယ်..

    စကားမစပ်
    ငါးနဲ့ သံပုရာပေါင်းဆိုလို့ ကြည့်လိုက်တာ
    မချက်ခင်ကတမျိုး ချက်ပီးတော့ ပုံစံတမျိုးတွေ့ လိုက်ရတယ်
    ညိုးးးရေ သိပ်အံ့သြဖို့ ကောင်းတာပဲနော်.. ငါးနဲ့ သံပုရာ နေရာလဲလိုက်တယ် ထင်တယ်.. သံပုရာသီးဝဝလေးက ဟင်းချက်ပီးတော့ ငါးဖြစ်သွားတယ်..
    ငါးဖောင်ရိုးလေးက ဟင်းချက်လိုက်တော့ သံပုရာဖြစ်သွားတယ်နော်..
    အံ့ကို သြရောဟယ်...
    lolz

    ReplyDelete
  11. ဘယ်ရမလဲ..
    နာကွ..
    ဒီလောက် အရှည်ကြီးမန့် ရကတည်းက သိတယ်
    ဘလော့ဂင်းရောဂါထူမယ်ဆိုတာကို
    ကော်ပီထားလိုက်တယ်..
    ငှဲငှဲ...
    ထပ်တင်လိုက်တော့ ရသွားရော မဟုတ်လားးး
    အပေါ်မှာ စိတ်အေးချမ်းသာစွာ ဖတ်တော်မူကြကုန်..
    စကားမစပ်
    နာ နဲ့  ဗျစ် မွှေးမွှေးပေးလိုက်တာ
    ညက်နာ နီရဲနေတာပဲ..
    ဟဲဟဲဟဲ...
    သူငယ်ချင်းအားလုံးကို ချစ်တယ်..

    ချစ်တဲ့
    nn

    ReplyDelete
  12. ညညညညညညညညညညညညညည စုတ်ပဲ့မ
    တူ့ကျတော့ နေမကောင်းတာတောင်လှနေတဲ့တဲ့ အော့ အော့
    hit1 hit 2

    ReplyDelete