Friday, March 12, 2010

ဒီရေဒီမြေသို့ တစ်ခေါက် - ၎

၁၇.၂.၂၀၁၀ မနက်ကျတော့ အိပ်ယာကနိုးကတည်းက သစ်သစ်မူးလိုက်တာဆိုတာ မနက်၁၀နာရီထိုးတဲ့အထိ မပြေနိုင်ဘူး ။ အဖေဘွတ်ကင်ယူထားတဲ့ အထွေထွေဆရာဝန်ကလည်း ညနေ၆နာရီမှဆိုတော့ အိမ်နားကဒေါက်တာဆီကိုပဲ ပြေးခေါ်ရတော့တာပေါ့လေ ။ ဆရာဝန်မအိမ်ရောက်တော့ သစ်သစ်သွေးပေါင်ချိန် ၁၅၀ ၉၀ ကမကျသေးပါဘူး ။ ဒေါက်တာက သွေးတိုးတတ်လားဆိုတော့ သစ်သစ်ကမတိုးတတ်ဘူးပဲ ထင်တာပေါ့နော် ။ နောက်ဆေးပေးပြီး ဆေးထိုးပေးသွားတော့ သစ်သစ်အိပ်ပျော်သွားခဲ့တယ်လေ ။

နိုးလာတော့ညနေ ၃နာရီ ဖြစ်နေပြီ နေ့လည်စာစားပြီး ဘားအံက တူ ၊ တူမလေးတွေ နဲ့ စကားပြော အမေ အဖေ တွေနဲ့ ဟိုပြောဒီပြောနဲ့ ညနေဆေးခန်းသွားဖို့ အချိန်ကျလာခဲ့တယ် ။ ဒေါက်တာကသွေးပေါင်ချိန်တော့ သွေးကျသွားလို့တော်ပါသေးတယ် ။ အထွေထွေက သူနဲ့ပက်သက်တာစစ်ဖို့ ဖောက်လေရော့သွေး စစ်လေရော့ဆီးပေါ့လေ ။ အိမ်ပြန်တဲ့လမ်းမှာ ထုံးစံအတိုင်းလောကကြီးက အမှောင်ကျနေပြီပေါ့ ....။

၁၈.၂.၂၀၁၀ နေ့ကျတော့ ခရီးထွက်ရာကပြန်လာတဲ့ သစ်သူငယ်ချင်းက ဆရာတွေကိုသွားကန်တော့မယ် လိုက်ခဲ့ပါဆိုလို့ ကိုးမိုင်ကိုထပ်ရောက်ခဲ့တယ်လေ ။ ကိုးမိုင်ကအိုးရှင်းစူပါစမ်တာမှာဈေးဝယ် အပေါ်ထပ်ကိုတက်လို့ ဆရာကြီးဦးညီလှငယ် နဲ့ ဆရာဦးစိုးနိုင်ကို သွားကန်တော့ခဲ့တယ် ။ နောက်ဆရာက သစ်တို့တပည့်ရင်း၂ယောက်ကို အောက်ထပ်မှာ ထမင်းပေါင်း ယိုးဒယားသင်္ဘောသီးထောင်းလိုက်ကျွေးပြီး ဘယ်သွားချင်လည်းပို့ပေးမယ် ပြောတော့ သစ်တို့သူငယ်ချင်းနောက်တစ်ယောက်ကို ၀င်ခေါ်လို့စိမ်းလန်းစိုပြေလိုက်ပို့ ခိုင်းလိုက်တယ်လေ ။ ဆရာကစိမ်းလန်းစိုပြေမှာထိုင်တော့ ဒါကလူငယ်တွေထိုင်တာ ကျွန်တော်တို့ကအဆင်မပြေဘူးဆိုပြီး ပြန်မယ်တကဲကဲလုပ်နေတယ်လေ ။ သစ်တို့ကလည်း မရဘူးထိုင်ရမယ်ဆိုတော့ ဆရာ့မှာအခက်ကြုံနေတာ ရီရတယ် တကယ်ပါပဲ ။

ဆရာပြန်သွားတော့ သူငယ်ချင်း၃ယောက် ဘယ်သွားရင်ကောင်းမလဲ စဉ်းစားတော့ စိမ်းလန်းစိုပြေမှာ ဓါတ်ပုံတွေရိုက်ပြီး မင်းလမ်းမုန့်တီဆိုင်ခွဲလာဖွင့်တဲ့ အာစီတူးနားကိုတက်ဆီနဲ့ချီတက်ခဲ့တယ်လေ ။ ဆိုင်ကလည်းကြီးသလို ထိုင်စရာနေရာတောင်မရှိပါဘူး ။ အစားအသောက်တွေက ကောင်းသလို အစုံလည်းရပါတယ် ။ အဲ့ဆိုင်မှာကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ပြီးစကားလက်ဆုံ ပြောမကုန်အောင် ဖောင်ဖောင်ကြဲခဲ့ကြတယ်လေ ။ အဲ့ဒီဆိုင်မှာ မုန့်တီ ရခိုင်စာအစုံရသလို ပင်လယ်စာလည်းရတော့ လူအမြဲပြည့်နေတာမဆန်းပါဘူး ။ အစပ်တွေဆိုတော့ နောက်ဆုံးအချိုပွဲအဖြစ် မုန့်လက်ဆောင်းလေး တပွဲ၅၀၀ကလည်း လူတွေကိုအစပ်ပြေစေပါတယ် ။ စီးပွားရေးအကွက်တကယ်မြင်ပါတယ် ဆိုင်လေးကသပ်ရပ်ပြီး စားပွဲထိုးတွေအားလုံးက အသံဝဲ၀ဲလေးတွေနဲ့ တစ်မျိုးဆွဲဆောင်စေပါတယ် ။ ဒီလိုနဲ့အဲ့ဒီဆိုင်ကပြန်ထွက်တော့ ညနက်နေပြန်ရောလေ..... ။



စိမ်းလန်းစိုပြေထဲက မြင်ကွင်းအလှတစ်ခု



အဲ့ကန်စပ်နားကဆိုင်က ဒိုမီနိုတဲ့


ကန်စပ်ကထိုင်ခုံလေး




နာဂစ်တုန်းကလဲသွားတဲ့ နှစ်၁၀၀ သစ်ပင်တဲ့


အဲ့သစ်ပင်အကြောင်းရေးထားတာ


North Point Shopping Center က ထမင်းပေါင်း


ဒါကယိုးဒယားသင်္ဘောသီးထောင်း (အဲ့ဆိုင်ကပဲ)


ဒါကဆန်းကစ်ဂျူ့စ်တဲ့


ဒါကရခိုင်မုန့်တီသုတ်


ပုစွန်ကင်တဲ့ ပုစွန်သားကိုကချိုတယ်


ဒါရေဘ၀ဲအချိုသုတ်


၅၀၀ တန် မုန့်လက်ဆောင်းလေ


ငါးဖယ်သုတ်ပုံကရှာမရလို့ မတင်လိုက်တော့ဘူးး) ။ ဆက်ပါဦးမယ်......

7 comments:

  1. ဖတ်လို့ ကောင်းပါသည်
    ဆက်ပါဦးမည် မအေးကြည်
    ဆက်ပါဦးလေ အမေးဇင်းရေ

    ReplyDelete
  2. ငါတောင် အဲဆိုင်မရောက်လိုက်ဘူး .. ကတ်ကတ်ပြီးကျော်သွားတယ် နေတာက ရ မိုင် မှာ ဟိဟိ ..

    ReplyDelete
  3. ဆက်ပါအုန်း မစိုးမိုး အဲလေ ကိုစိုးမိုးကတော်

    ReplyDelete
  4. အဲ့ဆိုင် တို့ မသိဘူး နေရာအတိအကျပြော ဆိုင်နာမည်ပြော

    ReplyDelete
  5. နာလည်းအဲ့ဆိုင်ရောက်ခဲ့တယ်...စားလို့ကောင်းတယ် ရှုးရှဲတွေ..

    ReplyDelete
  6. နာလဲရောက်ခဲ့တယ်..
    အဲ့ဆိုင်ကို..
    အသုတ်ရော..အရည်ပါ..စားခဲ့တယ်..

    ဒကာဘယ်သူလဲမမေးပါနဲ့..
    သတ်ချင်သတ်..
    မဖြေဘူး..

    ReplyDelete
  7. မအေးကြည်မဟုတ်ပါ မေဖလားဝါးရေ သစ်သစ်ပါနော်
    ဗစ်ဒီတစ်ခါတော့ ဆိုင်နားနီးပြီးကျော်သွားတယ်
    မစိုးမိုးဆိုရပါပြီ မေလေးရယ်...
    ဆိုင်နာမည်က မင်းလမ်းမုန့်တီဆိုင်ခွဲ၂ ဆိုလားပဲ....
    မျိုး နင်နဲ့ငါ ၀င်မတိုက်တာကံကောင်း ရန်ကုန်မှာ..ဟိ
    ပေါက် ဒူနဲ့သွားလဲ မှန်မှန်ကြော...

    ReplyDelete