Tuesday, March 23, 2010

ပြန်လိုချင်တယ်...




ဒီလိုအချိန်တွေ ပြန်လိုချင်တယ်ဆိုရင် လွယ်မယ်ထင်နေလား ။ အနည်းဆုံးတော့ ၄ယောက်လုံးဒီလိုကိုယ်လုံးမျိုး ပြန်မရနိုင်တော့ဘူးလေ ....ဟိ ။ တွဲလက်တွေမြဲနေခဲ့တာလည်း ခုထိပဲလေ ...... ။ ရှေ့ရေးနောက်ရေး ပူကာတွေးလို့ တွတ်ထိုးပြီးမိုးလင်းခဲ့တာတွေကတော့ မမေ့ရက်စရာပါ ။ ကမ်းသာယာကမ်းခြေအလှထက် မျက်နှာပေါ်ကအပြုံးတွေက အတိတ်ကိုပြန်လည်လွမ်းဆွတ်စေခဲ့တယ် ။ နင်တို့လည်းလွမ်းနေဦးမယ်လို့ ငါယုံကြည်တယ် သူငယ်ချင်း....။ စင်္ကာပူရောက်တော့မှ ဒီလိုပေါ့ပါးလွတ်လပ်တဲ့စိတ်နဲ့ ၄ယောက်ဆုံတွေ့ဖို့က တကယ်ကိုခက်ခဲနေတာကတော့ ငါလည်းမဖြေရှင်းတတ်တော့ဘူး ။ အရင်လိုပြန်ဆုံလို့ လွတ်လပ်စွာစကားတွေ ပြောချင်နေတာကတော့ ရင်ထဲကဆန္ဒအမှန်ပါ ။ ကျဉ်းမြောင်းလှတဲ့ဒီနိုင်ငံလေးမှာ ငါတို့တွေ ပြန်လည်ဆုံတွေ့ဖို့ ကြိုးစားကြပါစို့နော်....။

1 comment:

  1. သူများမပြောခင် သူက ဦးအောင်ပြောထားတယ်
    သများတော့မသိဘူး တို့ သစ်ကတော့ ပြန်မရနိုင်တာ သေချာတယ်
    သယ်ရင်းတွေနဲ့  အဲ့လို ဒါ့ပုံမျိုး မရှိခဲ့ဖူးဘူး
    ပျော်စရာလွမ်းမောဖွယ် အချိန်တွေပါပဲ

    ReplyDelete