Wednesday, December 30, 2009

ဟိုဟိုဒီဒီ

ဒီအပတ်ကိုစာရေးဖို့ တော်တော်ကိုခက်ခဲနေတယ် ။ စိတ်ကလည်းမကြည်ဘူး ဖြစ်နေသလို အလိုမကျတဲ့စိတ်ကလည်း ခဏခဏဖြစ်နေတယ် ။ နောက်ပြောင်ပျော်ရွှင်အောင် လုပ်နေပေမယ့် ရီလည်းတစ်ခဏတာပါပဲ ။ စိတ်ကိုကမလန်းဆန်းတော့ လူကလည်းဘလော့ကို ပစ်ထားသလိုဖြစ်နေတာပေါ့။

ကဲ ဟုတ်ပြီ ညစ်နေတာအားလုံးကို ၂၀၀၉မှာ ဒီပို့စ်နဲ့အတူ ထားခဲ့မယ် ။ ပျော်ရွှင်ခြင်းတွေ အောင်မြင်ခြင်းတွေ ကံကောင်းခြင်းတွေ ၂၀၁၀ မှာပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းရင်းအေးချမ်းစွာနဲ့ နှစ်ကူးဖို့ကြိုးစားတော့မယ်ကွယ် ။ အားလုံးလဲသစ်သစ်လိုပဲ ပျော်ရွှင်စွာနှစ်ကူးနိုင်ပါစေ ။ အားလုံးပဲ ကျန်းမာရေးကိုဂရုစိုက်ကြပါ ရာသီဥတုက နေရတာသိပ်အဆင်ပြေကြပါဘူး စလုံးမှာလည်း ပူလိုက်အေးလိုက်နဲ့ ဖျားကြနာကြနဲ့လေ ကျန်းမာမှတကယ်ကို အားလုံးလုပ်နိုင်ကိုင်နိုင်မှာပါ ။ ပို့စ်လေးက နှစ်ကူးအတွက် ဆုတောင်းပေးရုံ သက်သက်ပဲါ ။ စိတ်ပြေလက်ပျောက်ချရေးလိုက်တဲ့ သဘောပါပဲ ။ ဒီပိတ်ရက်မှာ စာတွေထပ်ရေးနိုင်အောင် ကြိုးစားပါဦးမယ် ။ တီချမ်းရေးခိုင်းတာလည်း ရေးဖို့စဉ်းစားနေပါတယ် တီချမ်းရေ...။ အားလုံးပဲပျော်ရွှင်ကြပါစေနော် ။

3 comments:

  1. သစ်ရေ နှစ်သစ်ကို စိတ်သစ်နဲ့  ကြိုဆိုကြရအောင်လား
    ၂၀၁၀ မှာ သစ် လိုအင်ဆန္ဒတွေ ပြည့်ပါစေ
    အရာရာပြီးပြည့်စုံပြီး ကျန်းမာပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  2. ပျော်အောင်နေပါ

    ReplyDelete