Wednesday, December 16, 2009

ပျော်ရွှင်ပါစေ ချစ်မေမေ

မေမေ ဒီနှစ်တော့ သမီးပြန်မလာနိုင်တော့ဘူးနော်.....။ ကျန်တဲ့သား ၊ သမီး ၊ မြေးတွေက မေမေ့အနားကို အရောက်လာကြမှာပါ ။ အဲ့ဒီနေ့မရောက်သေးပေမယ့် သမီးမရောက်နိုင်တဲ့အကြောင်း ပြောကတည်းကိုယ်က သမီးစိတ်မကောင်းတွေ ဖြစ်နေတာပါ ။ အဲ့နေ့မှာ သမီးတစ်ယောက်တည်း အဝေးကိုလွင့်သွားတယ်လို့ ခံစားမိပါတယ် ။ အဲ့နေ့ကို တစ်ယောက်တည်းဖြတ်သန်းရမှာ ပထမဆုံးမို့ ရင်မဆိုင်ရဲပါဘူး ။

ငယ်စဉ် အရွယ်ကတည်းက ကျင်လည်ကြီးပြင်းခဲ့ရတဲ့ မေမေတို့အသိုင်းအ၀ိုင်းလေးမှာ သမီးပျော်ပါတယ် ။ ညဘက်တွေသီချင်းလိုက်ဆိုပြီး အိပ်ပျော်နေတဲ့သမီးကို ရောက်တဲ့အိမ်မှာနှိုးပြီး မုန့်ကျွေးတတ်တာလေးတွေကိုလည်း အမှတ်ရဆဲပါ မေမေ ။ ခရစ်စမတ်မရောက်ခင်ကတည်းက ဖေဖေက မ ရေ ဒီနှစ်ခရစ်စမတ်မှာ ဘာလေးကျွေးရအောင်ဆိုပြီး အမြဲသတိတရနဲ့ စိတ်ထဲထားတတ်တဲ့ ဖေဖေ့အသံကိုလည်း ကြားယောင်နေပါတယ် ။ သမီးအနားမှာမရှိပေမယ့် စိတ်မကောင်းမဖြစ်ပါနဲ့နော် ။ မနှစ်ကတုန်းကလိုပဲ သမီးအနားကိုပြန်လာတယ်လို့ မှတ်ပေးပါ ။ အဖ ဘုရားသခင်က မေမေ့အပေါ် ကောင်းချီးများစွာ ပေးသနားတော်မူမယ်လို့ သမီးယုံကြည်ပါတယ် ။ ခရစ်တော်ရဲ့မွေးနေ့မှာ မေမေသည်လဲ စိတ်လက်ပျော်ရွှင်စွာ အရင်နှစ်များလိုပဲ သားသမီး ခင်ပွန်း မြေးအစုံအလင်နဲ့ ဖြတ်သန်းရင်း နောက်နှစ်သစ်ကိုကြိုဆိုမယ်လို့ သမီးမျှော်လင့်ပါတယ် ။ ကျန်းမာပါစေ မေမေ ၊ ပျော်ရွှင်ပါစေ မေမေ ၊ လို့ အဝေးကနေဆုတောင်းပေးလိုက်ပါတယ်နော် ။

မေမေ့အတွက် သီချင်းလေး အမှတ်တရ


8 comments:

  1. မေမေ ချမ်းးမြေ့ပါစေ

    ReplyDelete
  2. အဖဘုရားသခင်ကောင်းချီးပေးပါစေ
    မေမေ ကျန်းမာ ပျော်ရွှင်ပါစေ

    ReplyDelete
  3. မေမေ
    နေကောင်း
    ကျန်းမာ
    စိတ်ချမ်းသာ။

    မေမေရှိတဲ့နေရာ
    လုပ်တဲ့အလုပ်
    နေရာတိုင်းမှာ
    ကိုယ်တော်အတူတကွ
    ပါရှိတော်မူပါ။

    ဘုရားသခင်
    ကောင်းချီးပေးပါစေ။

    ReplyDelete
  4. တီတီ လူကျန်းမာ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ

    ReplyDelete
  5. အန်တီဆို အန်တီပေါ့ ခုတော့ သူ့ ဟာ ကားဟွန်းသံကျနေတာပဲ အဟိ

    ReplyDelete
  6. (အဲ့နေ့မှာ သမီးတစ်ယောက်တည်း အဝေးကိုလွင့်သွားတယ်လို့ ခံစားမိပါတယ်)

    ReplyDelete
  7. မမမေ တီတီဆိုတာ ချစ်စနိုးနဲ့ခေါ်တာလေ ဟွန့်

    ReplyDelete