ဘာလိုလိုနဲ့ နေရပ်ကိုခဏပြန်ဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ ။ တနှစ်နဲ့တနှစ်က တကယ်ကိုမြန်ဆန်လွန်းပါတယ် ။ မနှစ်ကဒီဇင်ဘာက ဟိုနေ့ကလိုပါပဲ ခုတော့လည်းနောက်တစ်နှစ်ဖြစ်လာပြန်ပြီလေ ။ အချိန်ကလိုက်လို့ကိုမမှီနိုင်ပါဘူး ။ အစကတော့ ရုံးကခွင့်က ရမလိုလို မရမလိုလိုနဲ့ ဝေခွဲမရဖြစ်ခဲ့ပါသေးတယ် ။ ခုတော့ ဘာပဲဖြစ်ဖြစ် ငါ့မိဘကိုတစ်နှစ်မှာ တစ်ကြိမ်တွေ့ရမှဖြစ်မယ်ဆိုပြီး ခွင့်ရမရတောင် မသေချာပဲ လေယာဉ်လက်မှတ်ကို ၀ယ်ခဲ့ပါတယ် ။ နောက်မှသူတို့ကိုအသိပေးလိုက်ပြီး ကိုယ့်ဘာသာလည်းဆုံးဖြတ်ချက်ချလိုက်ပါတယ် ဘာပဲဖြစ်ဖြစ်ပြန်မယ်လို့ပေါ့နော် ။
ဒီတပတ်အတွင်း သူငယ်ချင်းတစ်ယောက်ကလည်း ရန်ကုန်ကိုအပြီးပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုသိလိုက်ရတော့ လူကနောက်တလည်လည်ဖြစ်နေတဲ့စိတ်က ပိုပြီးတန်ပိုမြင့်လာခဲ့တယ်လေ ။ သူအလုပ်တွေလည်း အဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့်များပြန်လဲလို့တော့ မစဉ်းစားတော့ပါဘူး သူလည်းသူ့ခံယူချက်နဲ့သူပေါ့နော် ဒီလိုဆိုတော့ ငါ့ခံယူချက်ရောဘာလဲလို့ အကြိမ်ကြိမ်ပြန်စဉ်းစားပြီး ရေရာတဲ့အဖြေထွက်မလာခဲ့ပါဘူး ။ ဘာဖြစ်ရမယ်ဆိုတာထက် ဘာလေးဖြစ်ရင်တော့ ဘာဆက်လုပ်မယ်ဆိုပြီး မရေရာတဲ့အနာဂတ်ကို ပုံဖော်နေမိတာ ငါများမှားနေလားနော်..။
ဒီလိုနဲ့ပြန်မယ့်ရက်နီးလာခဲ့ပြီဆိုတော့လည်း ထုံးစံအရ ဟိုဝယ်ဒီဝယ်ဖို့ ဇာတ်လမ်းလေးတွေ စလာခဲ့တယ် ဆိုပါစို့ ။ ဘယ်နေရာမှာများ လျော့ဈေးရှိမလဲ သတင်းစာကဖတ်ရတာလည်း အခါခါပါ ။ ကိုယ်နဲ့လိုအပ်တယ် မလိုအပ်ဘူးမသိ ဒါလေးကတော့ ဟိုသူအတွက် ဒါလေးကတော့ ဒီသူအတွက်ဆိုပြီး စိတ်ကူးနဲ့လည်း ပုံဖော်မိနေပြန်ရောပေါ့ ။ အိမ်ကသူများကတော့ ဇာတ်တိုက်ထားသလား မှတ်ရပါတယ် ကလေးအစ လူကြီးအဆုံး ဘာလိုချင်လဲဆိုတော့ ဘာမှမလိုချင်ဘူးတဲ့ ။ ချော့ကလက်ဆိုတော့လည်း မနှစ်ကနင်ဝယ်လာတာတောင် ပုလင်းထဲမှာပဲ ရှိသေးတယ်တဲ့ ။
အဖေအတွက် အကျီဆိုတော့ ငါ့ကိုမင်းသားမှတ်နေလားတဲ့ ဒီလောက်အကျီပို့ရအောင်တဲ့ နာရီဆိုတော့လည်း မနှစ်ကနာရီကို သေချာတောင်မပတ်ဖြစ်သေးဘူးတဲ့ ဒါဆိုရေဒီယိုလေးဝယ်လာမယ် ဘာလိုင်းညာလိုင်းနားထောင်ဖို့ဆိုတော့လည်း ၅၀၀၀ထောင်တန် တရုတ်ဖြစ်လေးနဲ့ အိုကေပါတယ်တဲ့ ကိုယ်လည်းဒါဆို ဘာဝယ်ရမလဲ ပြောဆိုတော့ လူပြန်လာရင်တော်ပြီတဲ့ သြော် မိဘမေတ္တာများ ကြီးလေစွနော် ။ အမေအတွက် ပါတိတ်ဆိုတော့ ၃လတစ်ခါပို့နေရအောင် နင့်ပါတိတ်တွေ ငါမချုပ်နိုင်တော့ဘူးတဲ့ ပြီးတော့ ၀မ်းဆက်တွေဝတ်ချင်စိတ်ပျောက်နေတယ်ဆိုပဲ (အမေဗြောင်ဝမ်းဆက်ဝတ်ပြီး ပဲများချင်နေတယ် ထင်တယ် ဟိ ) ဒါဆိုပုဝါ ဆိုတော့ အဘွားကြီးဆိုပြီး ဒီပုဝါတွေပဲပေးလွန်းလို့ ထုံးထားရတယ်တဲ့ ဒါဆိုအိတ်ဆိုတော့လည်း ငါ့သမီးရယ် အမေအိတ်တွေပြောင်းမကိုင်တတ်တာ သိရဲ့သားနဲ့တဲ့ ပစ္စည်းတွေပြောင်းထည့်ရတာ ဟိုကျန်ဒီကျန်နဲ့တဲ့ ကဲ သစ်သစ်ဘာဝယ်ရမလဲ ....။ စဉ်းစားလို့ကိုအဖြေမထွက်တော့ဘူး ကိုယ်ကလည်းဝယ်ပေးချင် လိုအပ်တာတွေ ဖြစ်စေချင်တယ် သူတို့ကလည်း အားလုံးရှိတယ်ဆိုတော့ ဦးနှောက်တော်တော်ခြောက်ရပါတယ် ။ မိဘနှစ်ပါးဆီက တူညီတဲ့စကားကတော့ ပြန်လာရင်အစီအစဉ်တစ်ခု လုပ်ထားတယ်တဲ့ ဘာမှဝယ်လာဖို့မလိုဘူးဆိုပဲ အရမ်းသိချင်ပြီး အရမ်းပြန်ချင်နေပါပြီ ။
အစ်ကို၂ယောက်ဆီ ဖုံးဆက်ပြီး ကိုကြီး ၊ ကိုငယ် ဘာလိုချင်လဲ မီးငယ်ဘာဝယ်လာရမလဲ ဆိုတော့ ဘာမှမလိုချင်ပါ တစ်နှစ်တစ်ခါပြန်လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ညီမလေးရယ်တဲ့......ကောင်းလိုက်တဲ့အစ်ကို ၂ယောက် ဂွတ် ။ အမကိုမေးတော့လည်း စပျစ်သီးတဲ့ ကဲဘယ်လောက်ချစ်စရာကောင်းတဲ့ မောင်နှမတွေလဲနော် ။ တူတူမတွေ မေးလိုက်တော့လည်း တလေတည်းပါပဲ တီတီလေးကိုပဲတွေ့ချင်ပါတယ် လွမ်းလှပါပြီတဲ့ ။ ကြိုတင်များဇာတ်တိုက်ထားသလား သံသယတောင်ဝင်နေမိတယ် ဟိ ။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ အသိတွေအတွက် ဟိုဝယ်ဒီဝယ်လုပ်ရင်းနဲ့ ပြန်မယ့်နေ့ကိုမျှော်နေမိပါပြီ ။
ပြန်ချင်တဲ့ဆန္ဒသာများနေပေမယ့် စလုံးပြန်လာရမယ့်နေ့ကိုတော့ ရင်မဆိုင်ချင်ပြန်ပါဘူး တလမ်းလုံးတင်းထားသမျှတွေက စလုံးရောက်လို့အခန်းလေးထဲ ပြန်ရောက်ရင်မျက်ရည်တွေအဖြစ် သွန်ချဖြစ်မယ်ဆိုတာ စိတ်ကအလိုလိုသိနေပါတယ် ။ နောက်မဝေးတော့တဲ့ ရက်ပေါင်း၈၀၀ကျော်ရင်တော့ ဒီစလုံးမြေကိုအပြီးခွဲခွာဖို့ရင်ဆိုင်လာရတဲ့ အခါကျရင်ရော ရန်ကုန်ကအခန်းလေးထဲမှာ စလုံးကိုလွမ်းတယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားရမလားဆိုတာ ကြိုတင်ပြီးသိချင်နေမိပါတယ် ။ ဘာပဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ စိတ်လေးက ရင်ထဲကိုနွေးထွေးနေပါတော့တယ် ။
ဒီရက်ပိုင်းတွေ ပို့စ်ရေးဖြစ်ဖို့ သေချာမယ်မထင်ပါဘူး အလုပ်ကလည်း နေ့ရော ညပါ ဆင်းနေရတော့ အရမ်းကိုပင်ပန်းပြီး လူကမလှုပ်ချင်လောက်အောင် ဖြစ်နေပါတော့တယ် ။ အားလုံးပဲ ခွင့်လွှတ်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် ။

Be a nice trip………I believe
ReplyDeleteဟေးဟေား
ReplyDeleteနာလိုဘူးကွ
တီက မပြန်ဖြစ်တော့ဘူး
လေယာဉ်လက်မှတ်ဈေးကြီးနေလို့ ပလပ်စ်
ဘောစ့်မောင်က ခွင့်မပေးပဲ မလေးလွှတ်နေတယ်
အဲ့တာနဲ့ တီလဲ စလုံးပါလိမ့်မယ်ပေါ့
ညည်းကပြန်သွားတောါ ကျုပ်က ဘယ်အိမ်မှာာ ထမင်းစားရမှာတုံး အုံးဟုံး
မိသစ်ရဲ့
ပြန်လာရင် တခု စီစဉ်ထားတယ်တဲ့
မဟုတ်မှလွဲရော ယောက်ျားပေးစားမလို့များလား
မိသစ် မျက်ခုံးရော ဘာရော အကုန်လှုပ်နေပါ
ဖတ်ရင်းနဲ့  မိဘမေတ္တာကို ခံစားမိတယ်
ReplyDeleteဒေါ်ရွှေသစ်ကတော့ ၂ ထပ်ကွမ်းပျော်လို့ 
ပြန်လို့ ပျော်တာရယ်
လက်ဆောင်အများကြီးဝယ်စရာမလိုပဲ ပြန်လို့ ပျော်တာရယ်
တီချမ်းပြောသလို ဟိဟိ (ချက်ချာကြီး)
အပြီးပြန်မယ့်အကြောင်း မပြောပါနဲ့  အဲ့စိတ်ခဏခဏပေါက်လွန်းလို့ 
တို့ က သမီးအလိမ်မာတုံးလေးဆိုတော့ အိမ်က ပြောရှာပါတယ် ပြန်ကိုမလာနဲ့ တဲ့ (အော် ဒီက သွားရေးလာရေး နေရေးထိုင်ရေး အဆင်ပြေလို့ ပြောတာနေမှာပါလို့  ဖြေတွေးလိုက်တယ်)
ဒီတခါတော့ မန့် လို့ ရသား ရူးကြောင်၂နဲ့  ( ဘလော့ပိုင်ရှင်ပြောပါတယ်)
ညံ့လိုက်တဲ့.. အဖေ အမေနဲ့ အစ်ကိုတွေ.. သူတို့မမှာလည်း ညီ မှာမယ်.. အဖေအတွက်... ဖိနပ်.. သားရေပျော့ပျော့လေးနဲ့ဟာဝယ်.. အမေ့အတွက်စကင်လိုးရှင်းလေးဘာလေးဝယ်.. အစ်ကိုတွေ အတွက် ကင်မလာတို့ ဘာတို့ ဝယ်.. တူလေးတွေအတွက်လည်း ဂိမ်းစက်တွေဘာတွေဝယ်သွား.. ညီ့အတွက်လည်း ပါပစေ.. ဒါပဲ
ReplyDeleteဘယ်ရောက်သွားလဲ ညီ့ကောမန့် ???????
ReplyDeleteအော်.. ပေါ်သားပဲ.. .မသိဘူးလေ.. ပျောက်သွားတာလားလို့.. ဟီ.. ဆော မမသစ်
ReplyDeleteဒေါ်သစ်
ReplyDeleteပြန်ရင် တီ့အတွက် တုတ်ထိုး ပိုစားခဲ့စေ
စကားမစပ်
တီလာရင် ရှင်မရှိတော့ဘူးပေါ့
မေတို့ ဗစ်တို့တွေ့မယ်နော်
တီ ၁၉ ၂၀ ဝန်းကျင်လောက်ရောက်မယ်
Have a nice trip
ReplyDeleteကိုယ်လဲ ပြန်မယ် ပြန်မယ်နဲ့ target date ကို သေချာ မရှိသေးဘူး။ ထုံးစံအတိုင်း ဝုန်းဒိုင်း ပြန်မိမယ် ထင်တယ်။ လေယာဉ်လက်မှတ် အခြေနေအရပေါ့။ သစ်ကမှ ရက်ပေါင်း 800 လို့ သတ်မှတ်နိုင်သေးတယ်။ ကိုယ်ကတော့ unlimited ပါကွယ်။ ပျော်ရွှင်ပါစေ။
ReplyDeleteပျော်စရာကောင်းတဲ့ အိမ်ပြန်ခရီးလေးတခု ဖြစ်ပါစေ...
ReplyDelete