Friday, December 11, 2009

ဒီတစ်ပတ်

အေးမြတဲ့ ဒီဇင်ဘာလလေးမှာ မြန်မာနိုင်ငံမှာဆိုရင်တော့ ကျိုက်ထီးရိုးတက်မလို့ သူငယ်ချင်းတွေတိုင်ပင်ဖြစ်ကြမယ့် အချိန်ပေါ့လေ ။ ဒီနှစ်တော့ စင်္ကာပူကသူငယ်ချင်းတွေနဲ့ ဘူဂစ်တီမားတောင်လေးကို ကျိုက်ထီးရိုးအလွမ်းပြေတက်ဖို့ လာမယ့်တနင်္ဂနွေနေ့လေးကို စီစဉ်ထားပါတယ် ။ သူတို့ကို သစ်သစ်ကပြောပါတယ် တောလမ်းကတက်မလား ကွန်ကရစ်လမ်းကတက်မလား ဆိုတော့ အတိုင်အဖောက်ညီညီပါပဲ အားလုံးကတောလမ်းကတက်မယ်တဲ့..အဲဒီမှာ သစ်သစ်တစ်ယောက်တော့ သေပြီဆရာအော်ရတော့တာပေါ့။ ဟူးးးးးးးးးးးးး အများဆန္ဒပယ်လို့မရတဲ့ မတတ်နိုင်ဘူးလိုက်ရတော့မှာပေါ့လေ ဟင့်...။

တနင်္လာနေ့ကစလို့ သစ်သစ်တစ်ယောက် သင်တန်းတစ်ခုတက်ဖို့ရှိပါတယ် ။ သူတို့ကိုပြောပါတယ် သင်တန်းအတွက် ပြင်ဆင်စရာရှိလို့ နောက်အပတ်မှဆိုတော့ သူတို့ကပြောပါတယ် သင်တန်းကကိုယ်ကသွားသင်မှာတဲ့ ကိုယ်သင်ပေးရမှာမဟုတ်ဘူးဆိုပြီး အတိအလင်းပယ်ချပါတယ် ။ ခုတော့လည်း ပေါက်တဲ့နှဖူးမထူးတော့ပါဘူးလေ လူပေါင်းမှားတော့လိုက်ရတော့မှာပေါ့နော် ။ ပြီးတော့ မည်သည့်ဆေးလ်မှမသွားပဲ သပိတ်မှောက်ထားပါတယ် ။ တန်တယ်ဆိုပြီး ကိုယ့်အတွက်လိုလို မလိုလိုဝယ်ချင်တဲ့ကိုယ့်စိတ်ကို ထိန်းမရလို့ သွားကိုမသွားတော့ပါဘူးလေ ။ .

နှစ်ကုန်ခါနီးဆိုတော့ ပွဲလမ်းသဘင်တွေကများ ပိတ်ရက်တွေကများဆိုတော့ လူငယ်ပီပီ ပျော်ချင်ပါးချင်တာက ထိန်းမရပါ ။ ဘလော့ကသူငယ်ချင်းတွေကတမျိုး ကျောင်းကသူငယ်ချင်းတွေကတစ်ဖုံ အတူနေတဲ့အိမ်ကအမတွေကတစ်သွယ်နဲ့ မိသစ်သစ်တို့ပြုတ်ပြုတ်ပြုန်းပါတော့မယ် ။ သစ်သစ်ကျောင်းကသူငယ်ချင်းတွေက တော်တော်ဆိုးပါတယ် တစ်ယောက်အိတ်ဝယ်မယ်ဆိုလည်း အတွဲလိုက်ကြီးတသီကြီးလိုက်နေကြတာ ယောက်ျားလေး မိန်းကလေးအကုန်ပဲ ပျော်စရာလည်းကောင်း ပင်လည်းပင်ပန်း ညောင်းလည်းညောင်းနဲ့ ပျော်မောကြီးလေ ။

သစ်သစ်အစ်ကိုလည်း နေကောင်းသွားပါပြီ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ဒီကနေထပ်လောင်းပြောလိုက်ပါတယ်နော် ။ တကယ်တော့ဒီပို့စ်က စာရေးချင်လို့သာရေးလိုက်တာပါ ဒီအတောအတွင်းလုပ်မယ့်အရာတွေ ချရေးတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ် ။ အားလုံးပဲခရစ်စမတ်မှာ ပျော်ရွှင်နိုင်ကြပါစေနော်..။

5 comments:

  1. Hi, I don't have no idea enter to your blog, it is a blog and you get more traffic, I always visit it
    any way, it may be possible to put your site in my blog list? and more over it would be a honor if you
    could my blog to your friend list or any part of your blog
    Here is my blog. http://www.bkhmer.com/news/
    Any way, it is an honor if you could link my site in your blog.
    Warm Regards,
    Bkhmer.com

    ReplyDelete
  2. မသိပဲနဲ့ ကွန်ကရစ်လမ်းကမတ်လိမ့်မယ်..
    အဲ့ဒါကြောင့်တက်ရတာ ပိုပင်ပန်းမယ်..
    တောင်တက်ပါတယ်ဆိုမှ တောလမ်းကပဲ တက်မှာပေါ့
    ဒီလောက်စေတနာတွေ ဗရပွနဲ့ ပြောနေတာကို
    ဝေဒနာ မလုပ်ပစ်ပါနဲ့ ဟွင်း ဟွင်း

    (စလင်းဘော်ဒီလေးဖြစ်သွားစေချင်တဲ့ စေတနာပါကွယ်..ငှဲ ငှဲ)

    ဆက်မတက်နိုင်လို့ လမ်းမှာကျန်ခဲ့ရင်တော့ ချီခေါ်မဲ့သူ မရှိဘူးနော်
    ဒါဘဲ ကြိုပြောထားမယ်..

    ReplyDelete
  3. သိပြီလား သိပြီလား

    ReplyDelete
  4. အဲ့တောင်တက်ဖို့  မနက်တိုင်း အပြေးလေ့ကျင့်လိုက်ရတာ သိလား

    ReplyDelete