စလုံးရောက်ပြီးကတည်းက ဒုတိယအကြိမ်မြောက် မနက်၅နာရီ ထခြင်းပါပဲ ချိန်းထားတဲ့နေရာက ကိုယ်နဲ့နည်းနည်းလှမ်းတော့ နောက်ကျမှာလည်းစိုးတယ်လေ ။ မျိုးက ၇နာရီအရောက်ဆိုတော့ အိမ်က၆နာရီလောက်ရောက်မှ အိုကေနေမှာပေါ့နော် ။ အိပ်ယာကနိုးလာတာနဲ့ကို သူတို့အားလုံးကို မက်ဆေ့လေးတွေအရင်ပို့လိုက်တယ် အားလုံးကလည်းချက်ချင်းပြန်လာကျတော့ တပြိုင်နက်နိုးနေကြပြီဆိုတာက အသေအချာပဲလေ ။
ယူသွားမယ့်ပေါက်စီလေးတွေကို အရင်လုပ်ပြီး ကိုယ်တိုင်ကတော့ ရေမိုးချိုးပြင်ဆင်ပြီးလို့ထွက်မယ်ဆိုတော့တောင် ၆နာရီ ၁၀မိနစ်ရှိနေပြီဆိုတော့ ပြာယာပြာယာနဲ့ ရထားဘူတာပြေးရတာပေါ့လေ ။ ရထားပေါ်ရောက်လို့ ဖုန်းဆက်တော့မှ မေးခွန်းများရဲ့သခင် ထောပတ်သီးက မမသစ်တဲ့ထောကားဂိတ်ရောက်နေပြီဆိုတော့ ကိုယ်များနောက်ကျနေသလားဆိုပြီး ညညဆီဆက်လိုက်တော့ တက်ဆီပေါ်မှာတဲ့ မေဖလားဝါးတစ်ယောက်ရောဆိုတော့ ကိုယ်ခုပဲအိမ်ကထွက်မှာတဲ့ ခေါင်းဆောင်ကြီးမျိုးကတော့ ရထားပေါ်ရောက်နေပြီဆိုပဲ ။ ဆုံရမယ့်နေရာမှာ ထောပတ်သီး ခရမ်းချဉ်သီးက အရင်ရောက်နေပါတယ် ။ သစ်သစ်ကတော့ ဒုတိယပေါ့ နောက်တော့ညညရောက်လာတယ် မျိုးကနောက်ဆုံးရှေ့ ပန်းဝင်ပြီး အားလုံးကစောင့်မျှော်နေကြတဲ့ မေဖလားဝါးကတော့ စတိုင်အပြည့်နဲ့ နောက်ဆုံးပိတ်ရောက်လာတာပေါ့နော် ။
တစ်ယောက်တစ်မျိုး မရိုးရအောင်ယူလာတဲ့ မုန့်တွေကို အရင်ဝေကြပါတယ် ။ ကိုယ့်စားစရာကိုယ်သယ်လို့ စောစောစီးစီး ဘတ်စ်ကားဂိတ်ကို ချီတက်ကြတာပေါ့နော် ။ ပထမဦးစွာ ကံဆိုးသွားသူကတော့ ကုလားတစ်ယောက်ပါပဲ သူကလမ်းရွေးတာမှားတော့ ကိုယ်တွေအဖွဲ့ရှေ့က ဖြတ်မိရက်သားဖြစ်သွားတယ်လေ ဒါနဲ့ပဲအဖွဲ့လိုက်ဓါတ်ပုံများကို ရိုက်ခိုင်းလိုက်ကြတယ်လေ ။ ကားပေါ်မှာလည်း ဆူညံပွက်လောရိုက်ရင်း ၇မှတ်တိုင်မြောက်ကျတော့ ဆင်းလိုက်ကြပြီး တောင်ခြေကိုလမ်းလျှောက်ကြတာပေါ့နော် ။ လာတက်တဲ့သူတွေ တော်တော်ကိုများပါတယ် အ၀င်မှာမျောက်များကလည်း အလွန်ဆိုးပါတယ် ။ ဓါတ်ပုံရိုက်နေတုန်း ဟိုအထုတ်ဆွဲ ဒီအထုတ်ဆွဲနဲ့ပေါ့ ။
စတက်ပြီဆိုတာနဲ့ တောလမ်းဆိုတာကို ရွေးဖို့နေနေသာသာ ရွှေရင်ဆို့လို့တောင် ခေါ်လောက်တဲ့ခပ်မတ်မတ် တောင်တက်ခရီးနဲ့စလိုက်တာ လူကိုတော်တော်ပြိုင်းသွားပါတယ် ။ ရီလိုက်မောလိုက် စလိုက်ပြောင်လိုက်နဲ့ တက်လိုက်ကြတာ ဒီဂုံးထိပ်ကို အောင်မြင်စွာကျော်နိုင်ခဲ့ပါတယ် ။ ဂုံးထိပ်မှာနားနေဆောင်လေးရှိတော့ ပဲနို့ချိုရည်လေးသောက်ရင်း အပန်းဖြေကြပါတယ် ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း ကင်မရာတောင်ထိုင်ငိုရပါတယ်ဆို ...။ ဒီလိုနဲ့တက်လာလိုက်တာ တောင်ထိပ်နားရောက်ခါနီးတော့ တော်တော်ကိုမြင့်တဲ့ လှေခါးနဲ့ပြေပြစ်တဲ့လမ်း ၂ခုရွေးရပါတယ် ။ ကဲရောက်တော့မယ်ဆိုတော့ လှေခါးထစ်လမ်းကိုပဲ စိတ်တူကိုယ်တူရွေးပြီး အော်ဟစ်ညီးညူကာ တက်လိုက်ကြတာ တောင်ထိပ်ကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။
ခဏနားပြီး ကြာဇံကြော်တွေထုတ်စား ဂျယ်လီတွေစားနဲ့ ဗိုက်တင်းသွားတော့ အားတွေပြန်ပြည့်လာပြီး ပြန်ဆင်းဖို့လုပ်ကြပါတော့တယ် ။ တောင်တက်ရတဲ့ခရီးစဉ်က အချိန်ဘယ်လောက်မှမကြာပေမယ့် ပျော်လည်းပျော် မောလည်းမော အော်လည်းအော်နဲ့ ပျော်စရာတော့တော်တော် ကောင်းခဲ့ပါတယ် ။ ထူးခြားတာကတော့ စကားတွေပြောကြတော့လည်း စီဘောက်တွေမှာ ပြောနေကျအတိုင်းပဲ ညည ၊ ချယ် ၊ သစ်သစ်၊ ထော ၊ ခရမ်းချဉ်သီး ဒီလိုတွေပဲ ရင်းရင်းနှီးနှီးခေါ်လို့ မနာလိုဝန်တိုခြင်း ပြိုင်ဆိုင်ခြင်းကင်းတဲ့ တောင်တက်ခရီးလေးတစ်ခု အဖြစ် သစ်ဘလော့မှာ မှတ်တမ်းတင်လိုက်မိပါတော့တယ် ။

အောင်ပြီ အောင်ပြီ ဆယ်တန်းအောင်ပြီ အဲ ဟုတ်ပေါင် တောင်ထိပ်ရောက်ပြီ ဟိဟိ
ReplyDeleteသစ်တို့ များ ပြန်ရောက်တာတောင် မနားဘူး လိပ်တက်ပိုစ့်ကိုချက်ချင်းကိုတင်ဒါပဲ
မမြင်ဖူးကြပေမယ့် သူငယ်ချင်းတွေလို ပျော်စရာကောင်းတဲ့ အမှတ်တယခရီးလေးဖြစ်လို့ ဝမ်းသာမိတယ်
ဒါ တို့ ဘ၀မှာ ပထမဦးဆုံး မိဘဆွေမျိုး မောင်နှမသားချင်း တယောက်မှ မပါပဲ သူငယ်ချင်းတွေနဲ့  သွားတဲ့ ခရီးလေးဖြစ်လို့ အော် ခုမှ လူတောတိုးပါလားလို့ တောင် စဉ်းစားမိတယ် ၀မ်းလည်းဝမ်းသာမိတယ် ပျော်လည်းပျော်ပါတယ်
နောက်ကျတာကလည်း အမြဲနောက်ကျနေကြဖြစ်လို့  စောရောက်ရင် မျိုးကျော့မြိုင် ၀မ်းသာမစိုးလို့ ပါ ဟိဟိ
နောက်တခါ လုံးဝ နောက်မကျစေရဘူး
ဟင် တောင်တက်ဖို့  တုန်းကသာ နောက်ဆုံးဖြစ်တာ ကွန်မန့် ပေးတော့ တို့  ပထမ ငွားငွားငွား
ReplyDeleteအော် တောင်ပေါ်မှာ မျောက်လဲရှိတယ်လား ပုပ္ပါးလိုပေါ့
ReplyDeleteပျော်ရွင်စွာကြည့်သွားသည်။
ReplyDeleteမျောက်တွေ ကိုကြည့်သွားသည်
ReplyDeleteသစ် ... စာဖတ် ဓါတ်ပုံ ပါ ကြည့်သွားတယ်
ReplyDeleteနောက်ဆုံးတော့လည်း တောင်ကြီး...သစ် ဖဝါး .. အောက် ရောက်သွားပြီ :)
အလွန်ပျော်ပါ၏ တအားပျော်ပါ၏ အမှတ်တရပါ ထောလည်းသူငယ်ချင်းတွေနဲ့တပြုံကြီးသွားခဲတယ် ခုလိုသွားရတာတော်တော်ပျော်တယ် နောက်အခါအခွင့်ကြုံရင် တစ်နေရာရာထပ်သွားကြတာပေါ့နော် :)
ReplyDeleteမျိုးကိုပဲ ကောင်းကောင်း မှတ်မိတယ်
ReplyDeleteထော နောက်တခါ ဧ၀ရက်တောင်ထိပ်တက်မယ်တဲ့
ReplyDeleteလိုက်မှာလား rof
မမကေအိုအမ်က တူ့အမျိုးတွေပဲကြည့်သွားတယ်တဲ့..
ReplyDeleteတော်သေးတယ် နာ့ဖိနပ်ကို အိတ်မှာချည်ပြီး
ခြေအိတ်နဲ့လျှောက်တဲ့ပုံ မထည့်ထားလို့..
ဖိနပ်ကြီးကျောပိုးအိတ်မှာချည်ပြီး နောက်ပြန် ဆင်းတဲ့ပုံကတော်တော်ရယ်ရတယ်.. :D
ဧ၀ရက်တောင်ထိပ်တက်ရင် မမမေ စောစောရောက်လာမှာလားဟင် :P
ReplyDeleteပြန်လာကြည့်သည်
ReplyDeleteငိုချင်တယ်
ReplyDeleteThis comment has been removed by the author.
ReplyDeleteဒါ့ပုံလည်းတွေ့ဘူးရေား(((
ReplyDeleteမမ၀ါ ဒါ့ပုံတွေသာ မြင်ရင် ထမင်း ၇ ရက် မစားနိုင်ပဲ နေဦးမယ်
ReplyDeleteမတွေ့ တာ အတော်ကံကောင်းသွားတာ