Tuesday, December 8, 2009

အရမ်းစိတ်ပူနေတယ်

အစ်ကို အရမ်းစိတ်ပူနေတယ် ။ ကျန်းမာပါစေ အော်ပရေးရှင်းလည်း အောင်မြင်ပါစေ ။ အနားမှာညီမနေမပေးနိုင်ပေမယ့် ထပ်တူထပ်မျှ စိတ်ပူနေပြီး ဘုရားမှာအချိန်တိုင်း ဆုတောင်းပေးနေပါတယ်နော် ။ အစ်ကိုအနားကို ပြန်လာမယ့်ရက်ကို စောင့်နေပါတယ် ။ ခွဲစိတ်ခံရမယ်ဆိုတဲ့ အစ်ကို့ရဲ့တိုးညှင်းတဲ့လေသံကို ကြားရတဲ့အချိန်မှာ ညီမဘယ်လိုခံစားနေရလည်း မြင်စေချင်တယ် ။

နေလို့မရ ထိုင်လို့မရ နဲ့ အကြိမ်ကြိမ်ဆုတောင်းနေမိတာက အစ်ကို ညီမအနားကို အမြန်ပြန်လာပါနော်...။

6 comments:

  1. ပလုတ်တုတ်!

    ငါတို့ လည်း ဝိုင်းဆုတောင်းပေးပါတယ်ဟ။
    အဆင်ပြေချောမွေ့ပါစေ။ ။

    ReplyDelete
  2. ဟုတ်ပါတယ်...ထပ်တူထပ်မျှ တောင်းဆုပြုပါတယ်ခင်ဗျာ
    အားလုံး အဆင်ပြေ ကျန်းမာ ပါစေ လို့...

    ReplyDelete
  3. အဆင်ပြေမှာပါ သစ်ရယ်.. သိပ်မစိုးရိမ်ပါနဲ့၊ ခု ခေတ်မှာ ခွဲစိတ်တာ ထမင်းစားရေသောက်လောက်ပါပဲ၊ ပစ္စည်းလဲစုံတယ်၊ ဆရာဝန်တွေလဲ ကျွမ်းကျင်ကြပါတယ်၊

    သစ်အစ်ကို ခဏလေးနေကောင်းလာမှာပါ

    ReplyDelete
  4. အဆင်ပြေတယ်ဆိုလို့ဝမ်းသာတယ်။

    ReplyDelete
  5. သစ် တို့ လည်းဆုတောင်းပေးနေပါတယ်ကွယ်
    အမြန်ဆုံးကျန်းမာနေကောင်းပါစေ
    အစစအရာရာ အဆင်ပြေပါစေ

    ReplyDelete
  6. မမသစ် ထောလည်းဆုတောင်းပေးတယ် အမြန်နေကောင်းပါစေ သိပ်လည်းစိတ်မပူပါနဲ့ အားလုံးအဆင်ပြေချောမွေ့မှာပါ

    ReplyDelete