Thursday, April 1, 2010

ခရီးစဉ်အစိတ်အပိုင်းတစ်ခု

အင်းလေးကန်က နာမည်ကြီး ငါးဖယ်ချောင်းကျောင်းပါ ကြောင်ခုန်ကျောင်းလို့လည်း အများကခေါ်ကြပါတယ် ။ နိုင်ငံခြားသားတွေကို ကြောင်လေးတွေ ကွင်းလေးထဲခုန်တာနဲ့ ဆွဲဆောင်ထားပြီး ဂိုက်များကလည်းရောက်လာတာနဲ့ အလှူငွေထည့်ပြီး ကြောင်လေးတွေကိုတိုးရစ်တွေအကြိုက် သရုပ်ပြခိုင်းကြပါတယ် ။ သစ်သစ်သွားတာ ၁လကျော်ပြီဆိုတော့ နာမည်မှားရင်ပြင်ပေးပါဦးနော် ။ ပြန်ရောက်ကတည်းက မမေ့ခင်အပြီးရေးမယ် စဉ်းစားထားပေမယ့် လက်စမသတ်နိုင်ခဲ့ပါဘူး ။ အင်းလေးခရီးစဉ်ပြီးရင်တော့ သစ်သစ်ပို့စ်ကိုအဆုံးသတ်တော့မှာပါ ။ ရိုက်လာတာလက်မငြိမ်တော့ နည်းနည်းသီးခံပြီး ကြည့်ပေးကြပါနော် ။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...။


2 comments:

  1. မျှဝေပေးတဲ့အတွက် ကျေးဇူး
    မရောက်ဖူးပေမယ့် မြင်ဖူးသွားပြီ

    ReplyDelete
  2. ဒီလူလို ဟိုလူလိုရေ အဲ့ကွင်းထဲ မရွှေသစ် လက်သန်းကလေးတောင် ထည့်လို့ မရလို့  ခုန်ဖို့ ဆိုတာ ဝေးလာဝေးပေါ့
    မရွှေသစ်ခုန်ဖို့ ဆိုရင်တော့ ဘောလုံးကွင်းထဲ ဦးမောင်၂ဆပ်ကပ်ထဲက ကဘာလုံးလောက်ရှိတဲ့ ကွင်းကြီးနဲ့ ဆိုရင်တော့ ခုန်နိုင်မှာပါကွယ်

    ReplyDelete