Friday, July 2, 2010

တွေ့ဖြစ်ကြတယ် 26.6.2010

သစ်တို့ပြီးခဲ့တဲ့အပတ်က ဗစ်စီဘောက်ကနေ ညီအစ်မလိုခင်နေတဲ့ သစ်သူငယ်ချင်းတွေနဲ့ သစ်အိမ်မှာအသုတ်စုံလေး လုပ်စားဖြစ်ခဲ့ပါတယ် ။ ဒီလိုလုပ်စားဖြစ်ဖို့ စလာတာကတော့ မိုးအေးတဲ့တစ်နေ့မှာ ချက်တက်နေရင်း ဗစ်ကအသုတ်စုံလေး စားချင်လိုက်တာဆိုတော့ အိုင်ဒီယာရသွားပြီး အားလုံးကိုသစ်အိမ်မှာလာပြီး အသုတ်စုံလာစားဖို့ သစ်ဖိတ်လိုက်မိပါတယ်။ အဲဒီနေ့က ပျော်စရာလည်းတကယ်ကို ကောင်းခဲ့ပါတယ် ။ သစ်ကသူတို့ကိုအိမ်မှာတစ်ခုခုလုပ်ကျွေးချင်စိတ်ရှိနေပေမယ့် သစ်နေမကောင်းဖြစ်နေတာကတကြောင်း အားလုံးအဆင်ပြေမယ့်အချိန်ညှိနေရတာကတစ်ကြောင်းဆိုတော့ တော်တော်နဲ့လူမစုဖြစ်ပါဘူး ။

အဲဒီနေ့က သစ်အိပ်ယာကတောင် မနိုးသေးလို့ အလုပ်ကိုရောက်နေတဲ့ ညညကဖုန်းဆက်ပါတယ် ထတော့ဈေးသွားဖို့တဲ့ တော်ကြာသူရုံးကလာရင် အသုတ်စားလို့မရသေးမှာစိုးလို့ ထင်ပါတယ် ... ဟိ ။ စီဘောက်ထဲဝင်တော့လည်း မမထောလေးက အော်နေပါပြီ ဘယ်သူမှမနိုးသေးဘူးလား ဘာလား ညာလားနဲ့ အဖွဲ့ထဲမှာသူအငယ်ဆုံးပါ ဒါပေမယ့်သူကပဲ အားလုံးကိုဆုံးမနေကြလေ (ချစ်စရာညီမငယ်လေးပါ ) ။ အေးဆေးမှလာကြရတယ် သစ်လုပ်ထားမယ်ဆိုတာကို နိုမိုကဇွတ်အတင်းကူမယ်ဆိုပြီး ကလမ်မန်တီကနေ ၁၁နာရီထွက်လာတာ သစ်နေတဲ့ဘိုနာဗစ်စတာကို ၁၂ကျော်မှရောက်ပါတယ် (သူလက်ဆောင်ဝယ်နေတာလေ ) အရမ်းဝေးတော့ သူအချိန်ယူရတာပေါ့ ဟိဟိ ။ ဒုတိယမြောက်အိပ်ယာခင်းကြီးကိုင်ပြီး ပန်းဝင်လာတာကတော့ ဒေါ်ချယ်ရီပါပဲ ကတောက် ကတောက်နဲ့ရောက်ကတည်းက သစ်ကိုဘရိတ်အုပ်နေတာ သူပြန်တဲ့အထိပါပဲ ။

အလုပ်ကနေတိုက်ရိုက်လာတဲ့ စုံထောက်ကျော်ညညကတော့ သူများလာနေကျလမ်းကိုသူမသုံးပဲ သူလာချင်သလိုလာနေတာ ရေကူးကန်ဘက်ကိုရောက်သွားပါတယ် ။ နောက်မှဟိုလိုပြော ဒီလိုပြောနဲ့ သစ်အိမ်ကိုဆိုက်ရောက်လာပါတယ် ။ မျိုးတစ်ယောက်က ၉၇၀ကားစောင့်ရတာကြာလို့ သူဟာအိမ်ကနေဘာမှမစားလာဘူး ဗိုက်ဆာနေပြီ တက်ဆီငှားမယ် စိတ်တိုလာပြီ ဗျစ်တောက်ဗျစ်တောက်ပြောလိုက်တာဆိုတာ အိမ်ရောက်အသုတ်ပန်းကန်တွေ့မှပဲ အသံတိတ်သွားပါတော့တယ် ။ အလုပ်ကနေလှုပ်လီလှုပ်လဲ့နဲ့ သမီးကမစားနိုင်ဘူး မမသစ်ရယ် အားလုံးကိုတွေ့ချင်လို့လာတဲ့ ထောကတော့ ရောက်တာနဲ့ပန်းကန်ကိုင်တော့တာပဲလေ (ချစ်စဖွယ်) သူမကုန်တော့ဘူးပြောလို့ အားလုံးကအစာအိမ်ဖြစ်မှာစိုးလို့ အေးအေးနိုင်သလောက်ပဲစား ပြောနေချိန်မှာ သူ့ပန်းကန်ကြည့်တော့ တက်တက်ကိုပြောင်သွားပြီလေ အဲလိုပါဆို ....။

သစ်တို့အဖွဲ့မှာ စားပြီးတိုင်းပြန်အန်တတ်တဲ့ ရောဂါသည်၂ယောက်တိတိရှိပါတယ် ။ သူတို့ကိုသူများတွေက အန်မှာစိုးရိမ်နေပေမယ့် သူတို့ကလက်ဖက်ပန်းကန်နားကကိုမခွာပဲ လစ်ရင်လစ်သလိုနှိုက်စားလို့ လက်ဖက်ပန်းကန်စောင့်ဖို့ ရဲခေါ်ရမလိုတောင်ဖြစ်နေပါတယ် ။ ဗစ်တစ်ယောက်ပဲဘယ်သူမှသိပ်မမေးပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ သူပေးတဲ့သူ့စီဘောက်က သစ်ပုံစံအရုပ်ဆင်လေးကြည့်ပြီး သဘောတွေကျနေသေးတယ် ။ ပေါက်ပေါက်ရှာရှာဝယ်တတ်တဲ့ ဗစ်လေ ။ သူဝယ်လာတဲ့လိုင်ချီးသီးကတော့ ခိုးစားလို့မရပါဘူး အခွံကိုခွာတာနဲ့ အခြားတစ်ယောက်ကိုစင်တော့ ချက်ချင်းတန်းသိတာ မဆန်းပါဘူးလေ အကြံပိုင်ချက် ဗစ်ရယ် ။

ဟဲ့ နင်တို့တွေ ငါ့ကိုစောင့်နော် နင်တို့ကိုတွေ့ချင်တာဆိုတဲ့ စီးပွားရေးသမားကြီး မေလေးကတော့ ညနေ ၄နာရီကျော်မှ ဘလော်ဂါညီမငယ်တစ်ယောက်နဲ့အတူ ရောက်လာပါတယ် ။ ဗစ် နဲ့ မျိုး က သွားစရာရှိလို့စောပြန်သွားတော့ သူတို့နဲ့မတွေ့လိုက်ရပါဘူး ။ ပြောမနာဆိုမနာနဲ့ အငြိုးအတေးအမုန်းမရှိပဲ တစ်ယောက်ကိုတစ်ယောက်ဖဲ့ကျတာကတော့ လျင်သူဦးစတမ်းပဲလေ ။ ဒါတောင် စကားလုံးတွေနဲ့ပဲရှိသေးတယ် ဟိဟိ ။ သူစိမ်းလူတစ်ယောက်သာ သစ်တို့အဖွဲ့စကားပြောတာ လိုက်နားထောင်ရင်ဘယ်အချိန်ထသတ်မလဲတောင် စဉ်းစားမိမယ်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သူတို့တွေနဲ့တွေ့ရတော့ သွေးတိုးတာတောင်ဘယ်ရောက်သွားလဲမသိပါဘူး ။ သွားရေးလာရေးသိပ်အဆင်မပြေတဲ့ သစ်အိမ်ကိုတကူးတကလာပြီး စားသောက်ပေးတဲ့သူငယ်ချင်းတွေကို သိပ်ကျေးဇူးတင်သလို လက်ဆောင်တွေပေးတဲ့သူတွေကိုလည်း အားနာမိပါတယ် ။ နောင်လည်းအခွင့်ကြုံရင် ဒီလိုပဲလွတ်လပ်ပေါ့ပါးတဲ့စိတ်တွေနဲ့ ထပ်ဆုံချင်ပါသေးတယ် ။ အမှတ်တရပုံလေးတွေပါ တင်ပေးလိုက်ပါတယ် ။

မစားခင်ပြင်နေတုန်း ပန်းကန်တွေဆွဲပြီး ရိုက်နေတာလေ

နယ်ပြီးတာနဲ့လာထားပဲ တစ်ပုံရိုက်လိုက်တာ

ဟင်းခါးကိုလည်းသောက်လိုက်ကြတာ (ဘာကောင်းတယ်ဆိုလားပဲ များများသောက်ရင်..ဟိ)


အသီးကတော့အအီပြေပါ


လက်ဖက်ကိုတော့ အဲလိုပဲဖြစ်သလို သုတ်လိုက်တယ်


14 comments:

  1. သစ်သစ်: ပြန်စားချင်တယ် အော်တဲ့လူသိမယ် !!

    ကြောက်ဘူး!! ပြန်စားချင်တယ် ပြန်စားချင်တယ် .............
    နောက်တစ်ခါစားအုံးမယ်...............ကဲ လစ်ပီ ဟိ။

    ReplyDelete
  2. ရောဂါသည် ၂ ယောက် စားပီးတော့ အိပ်နေတာရောမပါဘူးလား ဟိ။

    ReplyDelete
  3. နာ တယောက်ကို ကော်ဖီမစ် တထုပ်ယူလာပေးတာကျတော့ ဘာလို့ ထည့်မပြောသလဲ ဗြဲ ဗြဲ

    ReplyDelete
  4. ရှလွတ် နောက်ဘယ်တော့ သွေးထပ်တိုးဦးမလဲ အဲလေ များမှားသွားလို့  ဘယ်တော့ အသုတ်ထပ်ကျွေးဦးမလဲမေးတာ အဟိ
    များကတော့ အဲ့နေ့ က အသုတ်ပန်းကန်ပုံလေးတွေကြည့်ပြီး သိပ်ပြီး ဆိုးရီမင်ဘားသွားတာပဲ ရှလွတ်

    ReplyDelete
  5. များလည်း ကိုယ်တာ ပရီးမီးယားကော်ဖီမစ် တထုပ်ရတယ်
    သောက်ပြီးရင် အနံ့ ပြင်းလား ပျော့လား များပြောမယ်နော် မမမျိုးးးးးးးးး

    ReplyDelete
  6. စားနိုင်သူတွေ စားကြပါ စားကြပါ
    ပုံကလေးဘဲ ကြည့်ပြီး မျှော်သွားပါတယ်..
    မစားရ ၀ခမန်း...း)
    သစ်က ဟင်းခါးတွေ များများ သောက်နေတယ်လားး))

    ReplyDelete
  7. ပျော်စရာကြီး... လက်ဖက်သုတ်နဲ့ အစုံသုတ်စားချင်တယ်...
    ;'(

    ReplyDelete
  8. ဟီးးး ဘယ်တော့ ဘယ်မှာ ဘာထပ်လုပ်ဦးမလဲ (အယ် အကျင့်ပါသွားတယ်ကွယ် ဆော်တီး)
    အားလုံးကိုပြန်စားချင်တယ်
    အထူးသဖြင့်လက်ဖက်သုတ် ရှလွတ်
    လုပ်ကျွေးတာကျေးဖူးတင်ပါတယ်မမသစ်

    ထော

    ReplyDelete
  9. မမ..ဒီကိုလာ(တီဇက်အေမဟုတ်)
    သူတို့စားတာမျှော်မနေနဲ့နော်..။
    သူတို့ဟာ သူတို့တောင် လောက်ငပုံမရဘူး.။
    ကျနော်ကျွေးမယ်..
    ထန်းလျက်နဲ့ အခါးရည်။


    အမ်မယ်..
    နာ့ကော်မန့်တောင် ခေတ်မှီသွားပြီ။။

    ReplyDelete
  10. သစ်သစ်: ပြန်စားချင်တယ် အော်တဲ့လူသိမယ် !!

    အော်မှာပဲ အော်မှာပဲ မတားနဲ့။ shout1

    ReplyDelete
  11. တီတီသစ်..
    မနာလိုစွာနဲ့ လာငေးသွားပါတယ် :P

    ReplyDelete
  12. ဟင်းခါးသောက်ရင် ဘာကောင်းတာလဲ

    ReplyDelete
  13. သစ်သစ်July 5, 2010 at 10:06 PM

    ချစ်လေး သိချင်ရင် ပိုးပိုးကိုမေး သူပြောပြတာအားလုံးကို သက်ကြီးစကား သက်ငယ်ကြားတဲ့...ဟိ

    ReplyDelete