Wednesday, July 14, 2010

ခရီးသွားမယ်ကွယ်

သစ်ငယ်စဉ်ကတည်းက ရောက်ဖူးချင်တဲ့ နေရာလေးတွေ ရေးမှတ်ထားလေ့ ရှိပါတယ် ။ ခရီးဝေး ဘုရားဖူးထွက်လေ့ မရှိတဲ့သစ်မိသားစုမှာ သစ်ကခရီးသွားတာကို ၀ါသနာပါနေတော့လည်း ခက်သားလားနော် ။ ငယ်စဉ်တုန်းကတော့ စိတ်မချလို့တဲ့ နောက်တော့လည်း အကြောင်းတွေကများတော့ မရောက်ဖြစ်ပါဘူး ။ ကရင်ပြည်နယ်ကတော့ အမြဲသွားနေကျလမ်းဖြစ်လို့ သိပ်မထူးပါဘူး ။

အရမ်းရောက်ဖူးချင်တာကတော့ ပုဂံပါ တခါမှမရောက်ဘူးလို့ ကိုယ့်ဘာသာမြန်မာမစစ်ဘူးလို့တောင် ခံယူထားပါတယ် ။ မြန်မာဆို ပုဂံကိုရောက်ဖူးသင့်တယ်လို့ သစ်ထင်နေမိလို့ပါ ။ (အမြင်ကွဲနိုင်ပါတယ်) ။ ခုထိ ပုဂံကိုဆန္ဒသာရှိပြီး မရောက်ဖူးသေးပါဘူး ။ နောက်တစ်နေရာကတော့ ချင်းတောင်တွေဘက်ပါ လူမျိုးတွေအကြောင်းလေ့လာချင်သလို တောင်ဇလပ်တွေပွင့်တဲ့ ချင်းပြည်နယ်ကိုသဘောကျမိတယ်လေ ။ အရမ်းရောက်ဖူးချင်တဲ့နေရာ၂ခုလုံး မရောက်ဖူးသေးပါဘူး ။ အခွင့်အရေးအရရော ငွေကြေးအရရော ကြိုးစားနေဆဲပေါ့...း) ။

အိပ်မက်တွေထဲက မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ စစ်ကိုင်း စတဲ့နေရာတွေကိုတော့ စလုံးမလာခင် သွားဖြစ်ခဲ့ပါတယ် ။ မင်းကွန်းလည်း ရောက်ခဲ့တယ်ဆိုပါတော့လေ ။ နောက်တစ်ခုကတော့ ကမ်းခြေတွေပါ ရေနဲ့ဝေးတဲ့အရပ်ဒေသမှာ ကြီးပြင်းတော့ရေကိုအများကြီးမြင်ချင်တယ် ပင်လယ်ကိုမြင်ဖူးချင်တာ မဆန်းပါဘူးလေ ဒါကြောင့် ငပလီကလည်း သွားချင်တဲ့နေရာမှာပါခဲ့တယ်လေ ။ ဆရာကျေးဇူးကြောင့် ငပလီ ရော ကမ်းသာယာရော ရောက်ဖူးခဲ့တဲ့အပြင် ရခိုင်ဒေသရဲ့ ဓလေ့တစ်ချို့ကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ် ။ ကျိုက်ထီးရိုးကတော့ မမသူငယ်ချင်းတွေနဲ့ ၂ခေါက် ကိုယ့်သူငယ်ချင်းတွေနဲ့တစ်ခေါက် ရောက်ဖူးခဲ့လို့ ကျေနပ်မိပါတယ် ။ နောက်ဆုံးသစ်သစ်ရောက်ဖူးခဲ့တာကတော့ ဒီတရုတ်နှစ်ကူးပြန်လည်တော့ အင်းလေး ၊ တောင်ကြီး စတဲ့ ရှမ်းပြည်ဘက်ကို မထင်မှတ်ပဲရောက်ခဲ့ပါတယ် ။ သိပ်ကိုပျော်ခဲ့ပါတယ် အဖော်လိုက်ပေးတဲ့သစ်အမကို ကျေးဇူးအရမ်းတင်ပါတယ် ။

ဒီတစ်ခါပြန်ရင်တော့ မွေးရပ်မြေဖြစ်တဲ့ မကွေးဘက်ကို သွားမယ်စဉ်းစားထားပါတယ် ။ ရွှေစက်တော် ၊ မင်းဘူး ဘက်ရောပေါ့ ။ အမေရော အဖေပါလိုက်နိုင်တဲ့ ခရီးစဉ်လေးတစ်ခုသွားဖြစ်အောင် သစ်စီစဉ်ဖို့စဉ်းစားထားပါတယ် ။ ဒီနေ့ အင်တာနက်ကနေ ကိုယ့်နိုင်ငံကိုကြည့်ရင်း သွားချင်တာလေးတွေနဲ့ သွားပြီးတာလေးတွေ ချရေးဖြစ်ခဲ့တယ် ။ နောက်ထပ်သွားနိုင်ဖို့ ငွေစုလိုက်ဦးမယ်ကွယ်...ဟိ ။

5 comments:

  1. အိုးးးးးချစ်ရေ..ရောက်အောင် သွားနော်..
    ပုဂံက လွမ်းစရာကောင်းတယ် မြင်ကွင်းတွေက
    အရမ်းလှတယ်...

    ReplyDelete
  2. ပုဂံကို ၂ ခေါက် ရောက်ဖူးပေမယ့် မန်းမြို့ကို ခြေမချဖူးသေးဘူး။ မင်းကွန်း စစ်ကိုင်း မုံရွာ အင်းလေး မေမြို့ တခါမှ မရောက်သေး။ အင်း... တကယ်တမ်း ပြန်ကြည့်ရင် မြန်မာပြည်တလွှား မသွားဖူးတဲ့ နေရာတွေ အများသား။

    ReplyDelete
  3. ဟမ်
    ခုချက်ခြင်းများသွားမလားအောက်မေ့တယ်
    သူက စိတ်ကူးနေတာကိုး..
    ပုဂံကိုတော့ တို့လဲသဘောကျတယ်...
    ခနခနရောက်ဖြစ်တယ် .... မန်းလေးမှာ ကျောင်းတက်တုန်းကပေါ့
    ခုတော့ မရောက်တာ ကြာခဲ့ပြီ
    သစ်သွားရင်တို့ပါလိုက်မယ်နော်..
    ခေါ်မယ်ဟုတ်း)

    ReplyDelete
  4. မမသစ် ပူးတေလဲ ပုဂံကို မရောက်ဖူးသေးဘူး....ဒီတခေါက် မြန်မာပြည်ပြန်တုန်းက အမျိုးသားက ပုဂံသွားမယ်ဆိုတာ ပူးတေက မသွားဘူးဆိုပြီး ငြင်းပစ်ခဲ့တာ... ဘာကြောင့်မှန်းကို မသိဘူး.. ဒဏ္ဍာရီဇာတ်ကား ကြည့်ပြီးထဲက အဲတုန်းက ဇင်ဝိုင်းကြီးကိုမုန်းလို့ ဒဏ္ဍာရီကားကို မကြိုက်ခဲ့ဘူး...ဒဏ္ဍရီကားကြည့်ပြီးထဲက ပုဂံကို အခွင့်ကြုံရဲ့သားနဲ့ မသွားခဲ့ဘူး..မသွားချင်ခဲ့ဘူး... ဆိုးတာနော်.physco ရှိတယ်ဖြစ်မယ်နော် .. ခုတလောမှ ကိုရွာသားလေး(YTU) ဘလော့က ပုဂံဘုရားနဲ့ ရှုခင်းပုံတွေကြည့်ပြီး ပုဂံက ဘုရားတွေကိုဖူးချင်နေတာ....တကယ်ဆို ဒဏ္ဍာရီလိုကားမျိုးက ဘုရားကိုနောက်ခံထားပြီး သူငယ်ချင်းတွေ စုံတွဲတွေ ပျော်စရာနေရာအဖြစ်နဲ့ ရိုက်တာမျိုး ပူးတေလုံးဝမကြိုက်ဘူး... ဘုရားအကြောင်းကိုလဲ သေချာမရိုက်သွားကြဘူးလိုပထင်တယ်နော်။ ပူးတေစိတ်ထဲမှာ အဲဒီကားကြီးကို မကြိုက်ပဲ မှတ်မိနေတယ်...အဲဒီဇာတ်ကားကြောင့်လဲ ပုဂံကို သြါးချင်စိတ်မပေါ်ခဲ့ဘူး... အခုအသက်ကြီးလာမှ ခွဲခြားတတ်လာပြီး သွားချင်စိတ်ပေါ်လာတာ...:)

    ReplyDelete
  5. အညာသူလေးလား

    ReplyDelete