Wednesday, July 7, 2010
ဓါတ်ကျချိန်
ဒီနေ့ အိမ်ကိုသတိရတယ် ပြန်ချင်တယ်ပြောရင် ပိုမှန်မယ် ။ စလုံးမှာနေရတာ မပျော်ဘူးဖြစ်နေတယ် ဖန်တရာထေနေတဲ့ စကားလုံးတွေနဲ့ ကိုယ့်ဘာသာနှစ်သိမ့်ရရင် ပျော်ရာမှာမနေရ တော်ရမှာနေရတဲ့လေ ။ ဒါတော့ ဒါပေါ့ မပျော်တာဘယ်လိုလုပ်မလဲ ။ တစ်ခါတစ်လေလည်း စိတ်ဆိုတာ ခက်သားလား လွှတ်ထားလိုက်ရင်မပြီးတော့ဘူး ကိုယ့်ကိုကိုယ်အားပြန်တင်းရပေါင်းလဲ များနေပါပြီလေ ။ အားငယ်တာ စိတ်ဓါတ်ကျတာတွေမရှိအောင် ကိုယ့်ဘာသာအချိန်တွေ မအားလပ်အောင်လုပ်ထားပေမယ့်လည်း တွေးချင်ရင်တွေးနေမိပြန်ရော စိတ်ညစ်တယ်လို့ပဲ ခေါင်းစဉ်တပ်ချင်တော့တယ် ။
လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘာသာရှာဖွေစုဆောင်း တိုးတက်အောင်လုပ်သင့်တာ မှန်ပေမယ့် တခါတလေတော့လည်း သူများအားကိုးချင်တဲ့စိတ်တွေ ၀င်လာတတ်တာ သဘာဝပဲလေ ။ သစ်သစ်မျက်နှာဆိုအစဉ်ပြုံးရွှင်နေပေမယ့် စိတ်ညစ်စရာ ပူပင်စရာတွေကလည်း အများသားလား တချို့တွေကို ခဏမေ့ထား တချို့တွေကို ဦးစားပေးလို့ အလျင်းသင့်အောင် လုပ်နေသော်လည်း တစ်ခါတစ်လေကျတော့ စိတ်ကိုလျော့ချပလိုက်ချင်တယ် ။ ငါ့စိတ်သည်သာ ငါ့ဘ၀အတွက် အားကိုးရာဆိုပြီး မာန်ကိုတင်းလို့ ဖြတ်သန်းခဲ့ရပေါင်းလဲများနေပါပြီ ။ လောဘ ဒေါသ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုခွန်အားတွေနဲ့ ဖြတ်သန်းရမလဲဆိုတာ တွေးလို့တောင်မနေချင်ပါဘူး။
စိတ်ဓါတ်ကျရောဂါဟာ တကယ်ဆိုးပါတယ် မျက်နှာသွင်ပြင် စိတ်တွင်းအားလုံး ပြောင်းလဲစေနိုင်လို့ ကြောက်မက်ဖွယ်ရောဂါထဲတောင် ထည့်လို့ရပါတယ် ။ ခုတလောစာတွေလည်းမဖတ်ဖြစ်သလို တစ်စုံတစ်ခုကိုပဲ တစ်စိုက်မတ်မတ်လုပ်နေမိတယ် ။ ပိတ်ရက်တွေမှာလည်း သွားတာလာတာများလာသလို ခံစားမိလို့ နောက်ရက်တွေကစလို့ ခြေချုပ်ပြန်ချတော့မယ် စဉ်းစားမိတယ် ။ မိဘတွေကို တခုခုလေးကြားတာနဲ့ အရမ်းစိတ်ပူတတ်တဲ့ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်မရဘူး ။ စိတ်ကထင့်ခနဲဆို ဖုန်းကောက်ဆက်လိုက် အသံလေးကြားမှ နေသာထိုင်သာရှိသလိုမျိုး ဖြစ်နေတယ် ။ စာတွေလည်းရေးချင်စိတ်မရှိ ကိုယ့်အပူတွေကို မရှယ်ချင်တာလဲပါပေမယ့် ခုတော့စိတ်ကဘယ်လိုမှ မနေနိုင်လို့ ပို့စ်လေးတစ်ပုဒ်ချရေးလိုက်ပါတယ် ။
ချစ်သူကတော့ ကိုယ့်အပေါ်သိပ်ကိုကောင်းပါတယ် တခါတလေ သူပင်ပန်းချိန်တွေဆို ကိုယ်ကရစ်တတ်လို့ သူအနှောင့်အယှက်ဖြစ်တာတွေကိုတောင် အားနာမိပါတယ် ။ အရာအားလုံးအဆင်ပြေပြေနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကိုယ့်ဘာသာစိတ်လေး တည်ငြိမ်အောင် သီလရှင်ဝတ်ရင်ကောင်းမလားဟင်....း) ။ သစ်ကိုတော့ဝတ်ပါလားလို့ ချစ်သူကတော့အားပေးနေပြီလေ....။ စိတ်ညစ်စရာတွေဖတ်ပြီး ညစ်သွားမှာစိုးလို့ ဒီလောက်ပဲရေးတော့မယ်နော် ... မွ ။
12 comments:
  1. 7 Jul 10, 02:43 PM
    ငါးပြေမ: ပြောရဦးမယ် ဟိုဘလော့ဂါသစ်သစ်လေ
    7 Jul 10, 02:43 PM
    Vista: အေး
    7 Jul 10, 02:43 PM
    ငါးပြေမ: သီလရှင်ဝတ်တော့မလို့တဲ့ (အတင်းပြောတဲ့ အရုပ်တွေ မရှိတော့ပြန်ဘူး)
    7 Jul 10, 02:43 PM
    Vista: မရှိတော့ဘူး ဖျက်လိုက်ပီ မူရင်းမှာကိုမရှိတော့လို့ ထုတ်လိုက်တယ်
    7 Jul 10, 02:44 PM
    မေလေး: ဝတ်ပါစေ မဆွဲနဲ့နော်
    7 Jul 10, 02:45 PM
    Vista: ဆန်ခံစားလို့ လောက်မှာဟုတ်ဘူး
    7 Jul 10, 02:46 PM
    Vista: ငါတို့ စုပြီးငွေရင်းမတည်ပေးထားမှ ဘဏ်မှာလေ
    7 Jul 10, 02:46 PM
    ငါးပြေမ: ဘိုလုပ်မလဲ ဒါဆို မဝတ်ခင် ဆန်အိတ်အလှူရှင်ရှာထားရမှာပေါ့
    7 Jul 10, 02:46 PM
    Vista: ငါတို့ လတိုင်းတစ်ယောက်နည်းနည်းစုပီး ဘဏ်ထည့်ပေးထားမှာဖြစ်မှာ
    7 Jul 10, 02:47 PM
    မေလေး: နာ့ 10ပြားထည့်မယ် တလ 10ပြား
    7 Jul 10, 02:47 PM
    ငါးပြေမ: တလ ငါးပြားစုမယ် ဘိုလဲ (အဟိ ဒါရိုက်ပြီးတာ ကြာပြီ အလုပ်ပေါ်လာလို့ )
    7 Jul 10, 02:47 PM
    သစ်သစ်: ကတောက် ငတ်ချင်ငတ်ပါစေ ဒင်းတို့စီဘောက်အလှူမခံဘူ
    ReplyDelete
  2. ငါးပြေမး ပြောရဦးမယ် ဟိုဘလော့ဂါသစ်သစ်လေ
    Vista: အေး
    ငါးပြေမ: သီလရှင်ဝတ်တော့မလို့တဲ့ (အတင်းပြောတဲ့ အရုပ်တွေ မရှိတော့ပြန်ဘူး)
    Vista: မရှိတော့ဘူး ဖျက်လိုက်ပီ မူရင်းမှာကိုမရှိတော့လို့ ထုတ်လိုက်တယ်
    ငါးပြေမ: အရာအားလုံးအဆင်ပြေပြေနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကိုယ့်ဘာသာစိတ်လေး တည်ငြိမ်အောင် သီလရှင်ဝတ်ရင်ကောင်းမလားဟင်....း) (အဲ့လိုပြောထားတယ်)
    မေလေး: ဝတ်ပါစေ မဆွဲနဲ့နော်
    Vista: ဆန်ခံစားလို့ လောက်မှာဟုတ်ဘူး
    Vista: ငါတို့ စုပြီးငွေရင်းမတည်ပေးထားမှ ဘဏ်မှာလေ
    ငါးပြေမ: ဘိုလုပ်မလဲ ဒါဆို မဝတ်ခင် ဆန်အိတ်အလှူရှင်ရှာထားရမှာပေါ့
    Vista: ငါတို့ လတိုင်းတစ်ယောက်နည်းနည်းစုပီး ဘဏ်ထည့်ပေးထားမှာဖြစ်မှာ
    မေလေး: နာ့ 10ပြားထည့်မယ် တလ 10ပြား
    ငါးပြေမ: တလ ငါးပြားစုမယ် ဘိုလဲ (အဟိ ဒါရိုက်ပြီးတာ ကြာပြီ အလုပ်ပေါ်လာလို့ )
    သစ်သစ်: ကတောက် ငတ်ချင်ငတ်ပါစေ ဒင်းတို့စီဘောက်အလှူမခံဘူး hoon
    ( အင်းဒီလောက်ကောင်းတဲ့သယ်ရင်းတွေရှိတာတောင်မှ မယ်သီလဝတ်ချင်တဲ့ လူကရှိသေးတယ် )
    ReplyDelete
  3. ဟိဟိ တော်လိုက်တဲ့ ပြေမ
    မေလေး: နာ့ 10ပြားထည့်မယ် တလ 10ပြား
    ငါးပြေမ: တလ ငါးပြားစုမယ် ဘိုလဲ (အဟိ ဒါရိုက်ပြီးတာ ကြာပြီ အလုပ်ပေါ်လာလို့ )
    သစ်သစ်: ကတောက် ငတ်ချင်ငတ်ပါစေ ဒင်းတို့စီဘောက်အလှူမခံဘူး
    ငါးပြေမ: ဒါမယ့်သူက ဓါတ်ကျနေတာလို့လဲ ပြောတယ်ဟ
    မေလေး: နာ့ထည့်တာပိုသေးတယ် ပြေမ ချစ်သစ် နာ့ကနီကိုပိုချစ်တာ တွေ့ရား ထက်ဝက်ကြီးတောင် ပိုချစ်တာ
    (နာ့ပိုချစ်တာမတိမှာစိုးရို့) ဟိ
    ReplyDelete
  4. သီလရှင်ဝတ်ရင် ညစာမစားရဘူးနော် မေ့နေမှာစိုးလို့ ဘာာာာာာ
    ReplyDelete
  5. သစ်သစ် ကောင်းရာ ကောင်းကြောင်းလုပ်တာကို သူငယ်ချင်းတွေနဲ့ ချစ်သူက ဝိုင်းအားပေးနေကြထှာ.. ဟိ
    ReplyDelete
  6. ဓါတ်ကျတယ်ဆိုလို့  ငါဖြင့် ရေအိမ်ထဲကမထွက်ရတဲ့ပုံပြေးမြင်မိတာပဲ
    ဂလောက်တောင် စေတနာတွေထားကြတာပဲ ၀ိုင်းအားပေးနေကြတာ
    မခံချင်စိတ်ဖြစ်ပြီး ဂယ်ဝတ်သွားရင် ဗစ် မေလေးနဲ့ မျိုး တရားခံပဲ
    ReplyDelete
  7. အားပေးကျတာ မမသစ်ကို အပီအပြင် အားပေးကျတာ မမသစ် ဆုံးဖြတ်ချလိုက်ပြီလား သီလရှင်ဝတ်ဖို့ ဘယ်နေရာမှာဓါတ်ကျလဲဟင် ဟိ
    ထော
    ReplyDelete
  8. မဖြစ်ပါဘူး ကီတုံးကြီးနဲ့..မဝတ်နဲ့.မဝတ်နဲ့။
    ReplyDelete
  9. စိတ်ကူးလေးကောင်းလိုက်တာ။ ဘုန်းကြီး ဘလော့ဂါပဲ ကြားဖူးသေးတယ်။ မယ်သီလ ဘလော့ဂါ ကြားဘူးသေးဘူး။ ၀တ်ပြီးယင် ပြန်မထွက်တော့ဘူးမို.လား...
    ReplyDelete
  10. All comments make me smile..:) Be strong, my senior!
    ReplyDelete
  11. သစ်သစ်ရေ
    ကောင်းရာကောင်းကြောင်းလုပ်မှာမို့ မတားတော့ပါဘူးကွယ်..
    တကယ်လို့ဝတ်မယ်ဆို ကြိုအကြောင်းကြားနော်
    သစ်သစ်အတွက် ၀တ်စုံလေး တာဝန်ယူချင်လို့ပါ..
    သီလရှင်က ထမင်းတစ်နပ်ထဲစားရတာမို့ Gym သွားစရာမလိုဘဲ
    ဟိဟိ.. ချိတ်မချိုးနဲ့နော်..
    စိတ်ညစ်နေတယ်ဆိုလို့ နောက်သွားတယ်..း)
    ReplyDelete
  12. မဝတ်လိုက်ပါနဲ့.. လွမ်းနေရမှာပေါ့
    သစ်လေး စိတ်ချမ်းသာပါစေ
    ReplyDelete