Sunday, July 11, 2010

တစ်နှစ်ဆိုတဲ့အချိန်

တစ်နှစ်ပြည့်နေတာကို အမှန်ပြောရရင် သစ်သတိမရမိပါဘူး ။ ဒီနေ့ ဟိုဒီလိုက်ကြည့်ရင်း ပထမဆုံးပို့စ်ကို အလိုအလျောက်ရောက်သွားတော့ မနှစ်က ဇူလိုင် ၉ရက်နေ့မှာ သစ်ဘလော့ကိုစတင်လုပ်ဖြစ်ခဲ့တာကို သတိထားမိသွားတယ် ။ ဘာလိုလိုနဲ့ ခံစားချက်တွေ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ချရေးဖြစ်ဖို့ သူတာဝန်ကျေကျေနေရာလေးတစ်ခု အနေနဲ့ထမ်းဆောင်ခဲ့တာ ၁နှစ်တောင်ရှိခဲ့ပြီပဲလေ ။ တကယ်ဆို သစ်သူ့ကိုမေ့နေမိတာ တာဝန်မကျေသလိုတောင် ခံစားမိတယ် ။


တကယ်တော့ သစ်ဘလော့တွေ စတင်ဖတ်ဖြစ်လာတာ wesheme ဆိုတဲ့ဘလော့လေးက စတင်ခဲ့တာပါ ။ အဲဒီဘလော့လေးက သစ်သစ်ကိုရသမျိုးစုံပေးခဲ့တဲ့အပြင် အခြားဘလော့လေးတွေ မြည်းစမ်းခွင့်ကိုလည်း အဲ့ဒီဘလော့လေးကတဆင့် ရခဲ့တာပါ ။ ကျေးဇူးတင်ပါတယ် အစ်ကို နဲ့ အမ ....။ သစ် အဲဒီဘလော့လေးမှာ စိတ်ဝင်စားဆုံးအရာကို ပြောရရင် အစ်ကို ၊ အမ တို့ရဲ့ သမီးဦးလေးဖြစ်တဲ့ ညီမလေးရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေပါပဲ ။ ကလေးချစ်တတ်တဲ့ သစ်သစ်ကတော့ အဲ့ဘလော့မှာ ကလေးလေးအကြောင်းပါရင် မသွားရ မနေနိုင်လောက်အောင်ပါပဲ ။ အဲဒီကနေ တဆင့် ကိုစိုးထက် ဆိုတဲ့အစ်ကိုတစ်ယောက်ရဲ့ ဘလော့ကိုရောက်ခဲ့ပါတယ် ။ နောက်ပိုင်းကျတော့ အဲ့အစ်ကိုဘလော့ကို စွဲစွဲမြဲမြဲ အဟောင်းလေးတွေ ဖတ်ဖြစ်တဲ့အပြင် အခုနာမည်ကျော် မခင်ဦးမေ ဆိုတဲ့ဘလော့ကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ် ။ အဲ့အချိန်မှာ သစ်သစ် မဟုတ်တဲ့ဘလော့လေးတစ်ခု စတင်ဖြစ်တဲ့အချိန်လေးပဲ ဆိုပါတော့ ။

နေ့နေ့ညည ဘလော့မှဘလော့ပါပဲ အဲဒီဘလော့ကနေတဆင့် ခင်မင်ရင်းနှီးလာရတာကတော့ မခင်ဦးမေလို့ခေါ်တဲ့ မမပါပဲ နောက် မမ၀ါ နောက်ပိုင်းဘလော့နဲ့ပက်သက်တာတွေ ဖတ်ရင်းရောက်ခဲ့တာကတော့ သစ်အစ်ကိုလိုခင်မင်ရတဲ့ ကိုရန်အောင်ဘလော့လေးပါပဲ ။ နောက်ပိုင်းဘလော့မျိုးစုံကို ဖတ်တတ်လာခဲ့တဲ့အပြင် ဟတ်စတေရှင်ဆိုပြီး ပို့စ်လေးတွေရေးတတ်တဲ့ ကိုဘ ဘလော့ကိုရောက်သွားချိန်မှာ ဘလော့လောကသူငယ်ချင်းများစွာ ရလာခဲ့ပါတယ် ။ ကိုဘစီဘောက်မှာ အတူတကွ ချက်တက်ကြရင်းနဲ့ ဒေါက်တာစတိ (ခုဆိုအားလုံးကို အဆက်အသွယ်ဖြတ်သွားပါပြီ ) ၊ ထိုင်ဝမ်က ပေါက် ၊ ချစ်စရာမဲလေး ၊ စလုံးကတော့ မျိုး ၊ မေဖလားဝါး ၊ ဆင်ဆင် ၊ ရန်ကုန်ကဆို နန်းညီတို့နဲ့ မမခင်ဦးမေကနေဆင့် သိလာတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အွန်လိုင်းသူငယ်ချင်းတွေပါပဲ ။ ခုချိန်ထိလဲ ဆက်လက်ခင်မင်နေတုန်းပါပဲ မိဝေးဖဝေးနိုင်ငံမှာ အလုပ်လုပ်လာလုပ်ကြတဲ့ မောင်ငယ် ညီမငယ်တွေကို စောင့်ရှောက်ကြတဲ့ အစ်ကိုအစ်မ အသစ်တွေရလာသလို စီဘောက်မလာရင်လဲ ဘာဖြစ်လဲ နေမကောင်းဘူးလား ဖုန်းဆက်မေးကြတဲ့အထိ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လာခဲ့ကြပါတယ် ။

အဲဒီအချိန်မှာ သစ်စခဲ့ဘလော့လေးကို အကြောင်းအမျိုးမျိုးကြောင့်ဖြတ်ပစ်ခဲ့ပြီး စာဖတ်သူအနေနဲ့ပဲ နေလာခဲ့တာ ၈လလောက်ကျော်လာတော့ သစ်သစ်စာတွေပြန်ရေးချင်လာမိပြန်တယ် ။ အားပေးဆုံးကတော့ မမပေါ့ ပြန်ရေးပါ လာဖတ်မယ် ပြန်ရေးပါ အမြဲပြောပြီး ဟင်းတွေချက်ပါလို့ အားပေးတတ်သူပေါ့ ။ ဒါနဲ့ပဲ ၂၀၀၉ ဇူလိုင် ၉ရက်နေ့မှာ သစ်သစ်ဘလော့လေးကို စတင်ဖန်တီးခဲ့ပါတယ် ။

သစ်ဘလော့လေးကို အစစအရာရာ အဆင်သင့်ရေးနိုင်အောင် ပြင်ဆင်ပေးတဲ့အစ်ကို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။ နောက်ကွန်မန့်လေးတွေပုံမှန် လာပေးတဲ့သူငယ်ချင်းတွေရော ကျေးဇူးတင်ပါတယ် ။ နောက်သစ်နဲ့ခင်သည်ဖြစ်စေ မခင်သည်ဖြစ်စေ သစ်ဘလော့ကိုပုံမှန်ဖတ်ပြီးလာလည်နေကျ သူငယ်ချင်းတွေရော တခဏတာ ကလစ်လေးတစ်ချက်ယောင်ပြီး ပေးလိုက်မိပြီးရောက်လာတဲ့ သူငယ်ချင်းတွေကိုရော သစ်ကကျေးဇူးအများကြီးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ပြောလိုက်ပါရစေနော် ။ သစ်နောက်ပိုင်းပို့စ်များကို အလျဉ်းသင့်သလို ရေးသွားမှာဖြစ်သလို အရေးကျဲခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါဦးလို့ ဒီနေရာကနေပဲ တခါတည်းတောင်းပန်လိုက်ပါတယ်နော် ...။

12 comments:

  1. Glad you like our blog... Happy Anniversary. You have posted quite a lot - over 200 in 365 days. Keep blogging :)

    ReplyDelete
  2. ဒီမတိုင်မီ အရင်ဘလော့ဂ်က ဘာတုံးတော့.. မသိလိုက်ပါလား...
    ပြီးတော့ ကိုဘ စီဘောက်စ်မှာ တွေ့တွေ့နေခဲ့ဖူးတဲ့ သစ်ဆုံ ဆိုတာသစ်ပဲမဟုတ်လား.....။

    ဆင်ဆင်

    ReplyDelete
  3. သစ်သစ်July 11, 2010 at 1:40 PM

    ပထမဆုံး ကွန်မန့်လာပေးတဲ့ ကိုအန်ဒီကိုကျေးဇူးတင်ပါတယ်နော်

    ဆင်ဆင် >>> ဟုတ်တယ်လေ ဆင်ဆင် ခုမှသိတာလား သိတယ်ထင်နေတာ သစ်က ဆောရီး

    ReplyDelete
  4. မမ တနှစ်ပြည့်မှသည် တသက်လုံး ဘလော့ဂင်းနိုင်ပါစေ....

    ReplyDelete
  5. အရီးစီဗောက်က သစ်သစ်နဲ့ တူတူဘဲ မဟုတ်လား။
    ဆက်ချီတက်ပါ .. အားပေးပါတယ်။

    ReplyDelete
  6. ဖတ့်ရင်းနံ့ ဝမ်းနည်းလိုက်တာ ဆိုရင် ဘာလဲလို့မေးချင်ဦးမယ။် သစ်ဘလော့လဲ ရဲ့ အန်နီဗာစာရီကို ဝမ်းသာမိသလို .အဲဒီနေ့ကလေးကို လဲမှတ်မိသေးပါတယ်။ ဘာတွေ ပြောခဲ့တယ်ဆိုတာ မှတ်မိနေဆဲ့ပါဘဲ။ နာမည်ဘယ်လိုရွေးခဲ့ကြတယ်ဆိုတာ။ သစ်ဆုံဆိုရင် ဆုံကြီးကို မြင်ရောင်နေလို့ကန်ကွက်ခဲ့တာ. သစ်အလုပ်အကိုင်ပြောင်းနေတဲ့အချိန်မှာရင်ဖွင့်ခဲ့ရာ။ စကားတွေ ချစ်ခင်စွာပြောခဲ့တဲ့အချိန် ကိုမှတ်မိပါသေးတယ်။ ဒေါက်တာ စတိ အဆက်အသွယ်ဖြတ်သွားတာကိုလည်းစိတ်မကောင်းမိပါဘူး. သစ်သစ်ရေးထားတာတွေ က တို့ကို သိတ်စိတ်မကေားင်ဖြစ်စေတယ်။ လာချစ်ကြတယ် . လို့မဆိုလိုပါဘူး ချစ်ခဲ့မိတယ် အွန်လိုင်းကလူတွေ ကို ..ကိုယ်တွေ က အတွေ့အကြုံနည်းသေးတာလဲပါမှာပြေါ. သူတို့ရဲ့စိမ်းကားမှူတွေ က ဝမ်းနည်းစေခဲ့မိတယ် နောက်လူတွေ ကိုလည်းမချစ်ရဲတော့ပါဘူး. တွေ့ရင်ခေါ်. မေးရင်ပြော. ချစ်ရင်ပြန်ချစ် မချစ်ရင် မသိခဲ့ဘူးလို့မှတ်. လိုက်ခေါ်ဘို့မကြိုးစားမိဘို့ကြိုးစား မေ့နိုင်အောင်နေ။ အွန်ုလိုင်းရဲ့ ဘဝကို နားလည်အောင် ရောမသားပီသစွာကျင့်ကြံနေဘို့ ကြိုးစားရပါဦးမယ်။ သစ်ဘလော့လေးအဓွန့်ရှည်သလို အစ်မနဲ့ခင်မငမမှုလဲံ အခွန့်ရှည်ဘို့အတွက်ဆုတောင်းလိုက်ပါတယ။်
    ချစ်ခင်စွာဖြင့်
    အစ်မ

    ReplyDelete
  7. မမပြောသွားတာတွေ အကုန် တို့ မှတ်မိတယ်.. ဂိန်ဖုန်း မဝယ်ခင် ကိုဘကို လာတိုင်ပင်တာတွေရော မှတ်မိတယ်။

    Pifpif

    ReplyDelete
  8. တခဏတာ ကလစ်လေးတစ်ချက်ယောင်ပြီး ပေးလိုက်မိပြီးရောက်လာတဲ့ သူငယ်ချင်းတွေကိုရော သစ်ကကျေးဇူးအများကြီးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ပြောလိုက်ပါရစေနော် ။
    ဒါတော့မဟုတ်ဘူး သငယ်ဂျင်း။ ကျန်ဒါတွေတော့ဟုတ်တယ်။
း)

    ReplyDelete
  9. တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်ပါစေ...
    ကိုယ့်ရဲ့ ရင်ဖွင့်ရာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်လေးဖြစ်တဲ့ ဒီဘလော့လေးက သစ်ရဲ့စိတ်ကို နားအလည်နိုင်ဆုံး ဖြစ်ပါလိမ့်မယ်..
    ဆက်လက်၍ စာတွေအများကြီးရေးနိုင်ပါစေ....


    မချော

    ReplyDelete
  10. သစ်သစ်ဘလော့ အရှည်တည်တံ့ခိုင်မြဲပါစေသော်ဝ်

    ReplyDelete
  11. မမသစ်ဘလော့ခ်တစ်နှစ်မှ နောက်နှစ်ပေါင်းများစွာ ဆက်လက်ရေးနိုင်ပါစေ

    ReplyDelete
  12. တို့လဲ မှတ်မိတယ်. ဆုံဆုံလို့ အရင်က ခေါ်တာလေ
    ခုမှပဲ.. အရင်တုန်းက ပိုပျော်စရာကောင်းတယ်နော်
    ဘယ်လိုပဲ ဖြစ်ဖြစ် သစ်ရေးတာတွေ ဖတ်လို့ကောင်းတယ် ဆက်ရေးပါ ညီမလေး (ဟမ်! ဒါပထမဆုံးပဲ ညီမလေးလို့ ခေါ်မိတာ..ဟတ်)

    ReplyDelete