Tuesday, June 29, 2010

ထာဝရမီးအိမ်

သစ်သစ်တို့ သူငယ်ချင်းတွေစုပြီး အဖွဲ့လေးတစ်ခုဖွဲ့ထားခဲ့တာ ကြာခဲ့ပါပြီ ။ လစဉ်ကြေးလေးတွေ ပုံမှန်ကောက်လို့ လိုအပ်တဲ့နေရာလေးတွေမှာ တတ်စွမ်းသလောက်အလှူလေးတွေ ပြုခဲ့ကြတာ ခုဆို ၆လထဲကိုရောက်လာခဲ့ပါပြီ ။ ဒီစုငွေလေးထဲကနေပဲ အလှူလေးတွေလုပ်ကြတယ် တွေ့ဆုံပွဲတွေလုပ်ကြတယ် ။ ကျောင်းကသူတွေ စုပေါင်းလုပ်ကြသလို မည်သူမဆိုလည်းပါဝင်နိုင်လို့ အခြားသူများလည်းပါတဲ့ အဖွဲ့လေးတစ်ခုပါ ။

ဒီအဖွဲ့လေးက လူနည်းနည်းလေးနဲ့စတင်ခဲ့ပေမယ့် ခုဆိုရင် တော်တော်လေးခရီးပေါက်ခဲ့ပါပြီ ။ ဒါပေမယ့် အဖွဲ့လေးနာမည်မပေးရသေးတော့ ပြီးခဲ့တဲ့တနင်္ဂနွေ ၂၇.၆.၂၀၁၀ က အားတဲ့အဖွဲ့ဝင်တွေပဲစုစည်းပြီး နာမည်လေးတစ်ခုရွေးခဲ့ပါပြီ ။ နာမည်လေးကတော့ ရိုးရိုးလေးနဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် ။ နိုင်ငံရဲ့လိုအပ်တဲ့နေရာတွေမှာ တတ်စွမ်းသလောက် ထာဝရလင်းလက်စေမယ့် မီးလေးတွေထွန်းညှိပေးဖို့ မီးအိမ်လေးတစ်လုံးအဖြစ် အဓိပ္ပာယ်သက်ရောက်စေမယ့် ထာဝရမီးအိမ်ဆိုတဲ့ အနှစ်သာရပြည့်ဝတဲ့ နာမည်လေးကိုအားလုံးသဘောဆန္ဒအရ ရွေးချယ်အတည်ပြုခဲ့ပါတယ် ။

အဖွဲ့နဲ့ပက်သက်တဲ့အချက်အလက်လေးတွေ အသေးစိတ်သိချင်ရင်တော့ သစ်သစ်အီးမေးလ် thitthit22@gmail.com ကို မေးမြန်းနိုင်ပါတယ်နော် ။ လက်ရှိ တက်တက်ကြွကြွ ကျရာနေရာကတာဝန်ယူကြတဲ့ သူငယ်ချင်းများအားလုံးကို သစ်သစ်ကအားလုံးကိုယ်စားကျေးဇူးတင်ကြောင်းပြောပါရစေ ။ အားလုံးက၀ိုင်းပြီး ထွန်းညှိမယ်ဆိုရင် မီးအိမ်လေးကပိုပြီး လင်းလာမယ်ဆိုတာကတော့ သစ်ထပ်ပြောနေစရာတောင် မလိုတော့ပါဘူးနော် ။ ဒါကြောင့် တို့တွေအတူ ထွန်းညှိကြစို့နော်.... ။


မီးအိမ်လေး

အဖွဲ့ဝင်တစ်ချို့

5 comments:

  1. မီးအိမ်ကလေး ထာဝရ ထွန်းလင်းစေသော်..

    ReplyDelete
  2. သစ်သစ်ကိုသိတယ်။

    နောက်တစ်ယောကက် ရီတာနဲ့တူလိုက်တာ..

    ReplyDelete
  3. ရီတာပါဆို တူလိုက်တာတဲ့ မမကွန်ကတော့လုပ်မယ်

    ReplyDelete
  4. မမဆုရဲ့ Facebook မှာတော့ ဓါတ်ပုံတွေတွေ့ ပြီးပြီ...
    အသင်းရဲ့ လုပ်ငန်းကိုင်ငန်း အကြံစည်အားလုံး အောင်မြင်ပြီးတော့ ထာဝရမီးအိမ် အဓွန့်ရှည်တည်တန့်၍ ထွန်းလင်းတောက်ပပါစေလို့ ဆုတောင်းလိုက်ပါတယ်နော် မမသစ်..

    ReplyDelete
  5. သစ်
    ရီတာ့ ဘေးက အပြာလေးရဲ့ ဘေးက တယောက်က ကြည်ပြာလားဟင်

    ReplyDelete