Monday, June 21, 2010

မေမေသို့



ချွဲနွဲခိုဝင်
မေ့ရင်ခွင်
ကုန်လွန်ခဲ့ပေါ့
နှစ်ပေါင်း ၂၉ပင်

ရင်မှာစိတ်တွင်း
ဒီရက်တွင်း
အမေ့ဆီ အပြေး
ပြန်ချင်နေ

မမာမကျန်း
အမေ့စိတ်မလန်း
သို့သော်မမေ့
ထိုတစ်နေ့

ဖုန်းသံကြားလို့
ကိုင်တိုင်းမှာ
စမေးသည်က
သမီးလား

မဟုတ်ဘူးဆို
သွားတော့တခြား
မြန်ဆန်လွန်းစွာ
ပေးတယ်တအား

မေမေ မေမေ
ရင်ထဲတွင်
အကြိမ်ကြိမ်ပင်
အော်ဟစ်ချင်

ထပ်တူမကျ
မိမိဘဝ
ကြေကွဲရုံက
မှတပါး

လက်စုံမိုးလို့
အဝေးကသာ
ရှိခိုးလို့သာ
ဦးခိုက်ကာ

ထပ်တူဂတိ
ပြန်ပေးကာ
နေပါတော့မယ်
နောက်နှစ်သာ

တစ်နှစ်ဆိုတဲ့
မျှော်လင့်ချက်
အမေ့စိတ်ကို
ဖြေသိမ့်ခဲ့
...............
ဒီရက်ပိုင်းမှာ မကျန်းမာတဲ့ သစ်အမေအတွက် အရမ်းစိတ်ပူရလို့ လူနဲ့စိတ်တောင်မကပ်နိုင်ပဲ ကိုယ်တိုင်တောင်ဘာတွေလုပ်နေမှန်းမသိပါဘူး ။ ဆက်နိုင်တာဖုန်းပဲရှိတာမို့ ဆက်လိုက်တိုင်း နေမပျော်တဲ့ကြားကနေ သမီးမွေးနေ့တဖွဖွ ရေရွတ်နေလို့ ရင်ထဲနာကြင်ရတဲ့အကြိမ်ပေါင်းလဲ မနည်းပါဘူး ။ ဒီနေ့တော့ စိတ်ထဲတင်းမထားချင်တော့တာနဲ့ စာစုလေးတွေ ချရေးဖြစ်တယ် ။ ကာရံမမိပေမယ့် သစ်ရင်ထဲက ခံစားချက်တွေ စာကုံးသဖွယ်ရေးခဲ့ရလို့ စိတ်ထဲအတန်ငယ်တော့ ပေါ့ပါးသွားခဲ့ပါတယ် ။ မေမေပျော်ပျော်ရွှင်ရွှင်နဲ့အမြန်ဆုံး ပြန်လည်နေထိုင်နိုင်စေဖို့ ဆုတောင်းရင်း ဒီပို့စ်လေးကိုအမှတ်တရတင်ပေးလိုက်ပါတယ် ။

12 comments:

  1. သစ်ရေ မနက်ဖြန်မှာရောက်လာမယ့် သစ်မွေးနေ့ အတွက် ကျန်းမာပျော်ရွှင်ပြီး လိုအင်တွေ ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်
    မွေးနေ့ ရောက်တိုင်းမိဘကို သတိတယရှိနေတာကိုက သမီးလိမ်မာတယောက်ပါပဲ
    သစ်ရဲ့ မေမေလည်း မြန်မြန်ကျန်းမာပါစေလို့  ဆုတောင်းပေးပါတယ်

    ReplyDelete
  2. သစ်ရဲ့မေမေ အမြန်ဆုံးပြန်လည်နေကောင်းပါစေ..

    ReplyDelete
  3. သစ်မေမေအမြန်ပြန်နေကောင်းပါစေ .. သစ်လေးလည်းစိတ်ချမ်းသာပါစေ
    မွေးနေ့ မှ သည်နောင်နှစ်ပေါင်းများစွာပျော်ရွှင်ပါစေ ..

    ReplyDelete
  4. အင်း ဆုတောင်းပါတယ် သစ်သစ် ရယ် အမြန်ဆုံးနေကောင်းပါစေ

    ReplyDelete
  5. အမေလဲကောင်း သစ်လဲကောင်း. အာလုံးကောင်းပါစေ။

    ReplyDelete
  6. မမသစ်မေမေလဲမြန်မြန်နေကောင်းပါစေ
    မမသစ်လဲစိတ်ချမ်းသာပျော်ရွှင်ဆန္ဒတွေပြည့်ဝပါစေ
    ထော

    ReplyDelete
  7. သစ်မေမေ မြန်မြန်နေကောင်းပါစေ။

    ReplyDelete
  8. ချစ်မရဲ့ မေမေ မြန်မြန်နေကောင်းကျန်းမာပါစေ..။
    ချစ်လည်း မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ ဘဝကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေနော်..

    ReplyDelete
  9. သစ်..
    မွေးနေ့မှာ ပျော်ရွှင်ပါစေ..


    ပေါက်

    ReplyDelete
  10. happy birthday thit ma

    ReplyDelete
  11. Happy Birthday my Friend!

    ReplyDelete
  12. သစ်ရဲ့ မေမေ အမြန်ဆုံး ကျန်းမာပါစေ။

    ReplyDelete