ဇန်န၀ါရီလ >>> အိမ်ကပြန်စ နေလို့ထိုင်လို့မရအောင်ပဲ လွမ်းနေခဲ့တယ်
ဖေဖော်ဝါရီလ >>> ကိုယ်နဲ့မဆိုင်တဲ့ ပိတ်ရက်ရှည်တစ်ခုကို ပျင်းရိစွာ ဖြတ်သန်းခဲ့တဲ့လပေါ့
မတ်လ >>> စီးပွားပျက်ကပ်က ကိုယ့်ဆီတည့်တည့်ကြီး လာမှန်တယ်ဆိုပါတော့
ဧပြီလ >>> နွေနဲ့အတူ ရင်မှာပူလို့ လောင်းရိပ်တစ်ခုရှာဖွေခဲ့တယ်
မေလ >>> ရရှိခဲ့တဲ့လောင်းရိပ်လေးမှာ ယုံကြည်လာအောင် အားထုတ်ခဲ့တယ်
ဇွန်လ >>> နေ့နဲ့ လ ထပ်တူကျတဲ့ ကိုယ့်မွေးနေ့ကို ထူးထူးခြားခြား သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့တယ်
ဇူလိုင်လ >>> ယာယီကနေ အမြဲတမ်းဖြစ်အောင် ကူးပြောင်းတဲ့လမို့လို့ စိတ်လှုပ်ရှားခဲ့တယ်
သြဂုတ်လ >>> မျက်စိရောဂါ ပြန်ပေါ်လာလို့ တော်တော်ကိုစိတ်ဒုက္ခရောက်ခဲ့တယ်
စက်တင်ဘာလ >>> မိသားစုကို အကောင်းဆုံးသော လက်ဆောင်ပေးနိုင်ခဲ့တယ်
အောက်တိုဘာလ >>> နောက်၂နှစ်ဆိုတဲ့ အဖြေတစ်ခုကို ကြေကွဲစွာသိခဲ့ရတယ်
နိုဝင်ဘာလ >>> ၈ရက်နေ့လေးကို ရင်ခုန်စွာဖြတ်သန်းခဲ့လို့ ဘယ်တော့မှမေ့မရဘူး
ဒီဇင်ဘာလ >>> ကျန်းမာရေးညံ့တဲ့သူ့အတွက် အချိန်တိုင်းကို စိုးရိမ်ခဲ့ရတယ်
Thursday, December 31, 2009
Subscribe to:
Post Comments (Atom)
2010 မှာ ဇန်န၀ါရီကစလို့  ဒီဇင်ဘာထိ ကံကောင်းခြင်း ပြီးပြည့်စုံခြင်း
ReplyDeleteအရာရာအောင်မြင်ခြင်းတွေနဲ့  ပြည်စုံပါစေ ပိုင်ဆိုင်ပါစေ
ဘုရားသခင်ကောင်းချီးပေးပါစေ
သစ်ကလေးရေ..
ReplyDeleteအခက်အခဲတွေ့တိုင်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တဲ့စိတ်
ပူပင်စရာတွေကို အေးချမ်းစွာနဲ့  ရှင်းလင်းနိုင်တဲ့စိတ်
ကူညီစရာတွေကို အနှောင်အဖွဲ့ကင်းစွာ ကူညီနိုင်တဲ့စိတ်
ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို ထွေးပိုက်ထားနိုင်
ခေါင်းမော့ထားနိုင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ 
နှစ်သစ် ၂၀၁၀ ကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့  ဆုတောင်းတယ်
သူငယ်ချင်းးး
ချစ်ခင်စွာဖြင့်
nn
တော်တယ်.. သစ်
ReplyDeleteပါဝါရိမ်းဂျား မဖြစ်ရတာ စိတ်ညစ်စရာ မဟုတ်ပါဘူး။ ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါ။ အဲဒီအတွက် ရင်မော မနေပါနဲ့။ တည့်တည့်လာမှန်တဲ့ စီးပွါးပျက်ကပ် ရှိပေမယ့် အလုပ်အသစ်မှာ အဆင်ပြေအောင် နေနိုင်တာပဲ မဟုတ်လား။ အစမ်းကနေ အတည်ဖြစ်သွားအောင် ကြိုးစားနိုင်ခဲ့တာပဲလေ။ အဲဒီတော့ ပါဝါရိမ်းဂျား ၂ နှစ် စောင့်ရမှာကို ခေါင်းထဲ မထည့်ထားပါနဲ့ကွယ်။
ReplyDelete၂၀၁၀ မှာ အကောင်းဆုံးတွေဘဲ တွေ့ဆုံပါစေ သစ်ရေ
ReplyDelete