Monday, August 17, 2009

အိမ်ပြန်ခရီး

သစ်သစ် ဒီနေ့ပို့စ်တစ်ခုလောက် တင်ချင်နေတယ် ဒါပေမယ့် ဘာရေးရင်ကောင်းမလဲဆိုတာလည်း စဉ်းစားလို့မရဘူး ဖြစ်နေတယ်လေ ဟားဟား....နာမည်ကြီးတွေပြောနေကျ မုဒ်မ၀င်တာများလားဆိုပြီး နည်းနည်းမာန်တက်လိုက်သေးတယ် ။ နောက်တော့ကိုယ့်အတင်းပဲ ကိုယ်ချမယ်ဆိုပြီး ကိုယ့်အကြောင်းကို သေချာစဉ်းစားသုံးသပ်နေလိုက်ပါတယ် ။ ဒီဇင်ဘာပြန်တုန်းကဆိုလေ အိမ်ရောက်လို့ထမင်းစားပြီးတာနဲ့ စကားပြောချင်နေကြတဲ့သူတွေကို ဘေးထားပြီး ကိုယ့်အခန်းကိုဝင်အိပ်နေတာလေ ။ ဆူညံ ဆူညံ နဲ့ ၂နာရီလောက်အိပ်ပြီး နိုးလာတော့ ဘုရား ဘုရား သစ်ကုတင်ပတ်လည်မှာ အိမ်ရှိလူအကုန်ပါပဲလေ အတင်းတွေပြောနေလိုက်ကြတာ နားနဲ့မဆန့်ဘူး ။ အသားအရည်ကဘယ်လို လူကဘယ်လောက်ဝလာတယ် မျက်နှာကဖောလာတယ် အိပ်တာကလည်း အရင်ကအတိုင်းပဲ အစားအသောက်တွေ ငတ်နေလို့ပိန်မယ်ထင်တာ ပိုဆိုးလာတယ် ဟူးးးးးးးးးးး စိတ်များတောင် ညစ်မိပါတယ်ကွယ် ။ အင်းးး ဆိုပြီး သံရှည်ဆွဲလည်း ရပ်မသွားပါဘူး သူတို့ကသစ်နဲ့စကားပြောချင်နေကြတာလေ သစ်ကအားလုံးကိုပစ်ပြီးအိပ်နေတာ....ဟဲဟဲ ။

ဝါးဆိုပြီး အော်လိုက်ပြီး ကုတင်ပေါ်ထထိုင်လိုက်တော့ အမေကပြောပါတယ် အရင်လိုပေါတုန်းပါပဲလားတဲ့..... ။ သစ်စလုံးမှာချို့တဲ့စွာအလုပ်လာလုပ်တာကို သူတို့ကနတ်ပြည်ကပြန်လာတယ်များထင်နေလားမသိပါဘူး ။ နိုးလာတာနဲ့ပန်းနဲ့ပေါက်သလို အမေ့စက်သေနတ်ကို ရင်ဆိုင်ရတော့တာပါပဲ ကိုယ့်ကိုယ်ကိုမထိန်းဘူး မသွားခင်ကဘယ်လို အခုတော့ဘယ်လို ဆိုပြီး ပြောနေလိုက်တာ မမောနိုင်ပါဘူး ။ သစ်သစ်ကလူလည်လေ သိတယ်မှတ်လား ဟယ် ....အမေရယ် ပိန်သွားလိုက်တာ အဖေကလည်း ခြေသလုံးလေးသေးသွားသလိုပါပဲလား ကိုကြီးက၀လာလိုက်တာ အမကိုလည်း နင့်ဖို့ငါရှယ်ဝယ်လာတယ်ဆိုပြီး အားလုံးကိုဖိန့်လိုက်တာပေါ့ ။ အိတ်ရောဆိုတော့ အမေက နေပူတောင်လှန်းထားလိုက်ပြီတဲ့ ဘာမှတောင်မပြောလိုက်ရဘူး...ဟိဟိ ။ နိုးတာနဲ့ကျေးဇူးရှင်ဆရာကို ချက်ချင်းဖုန်းဆက်ပြီး ချောမောစွာရောက်ကြောင်း ညနေလာတွေ့မယ်လို့ တစ်ခါတည်း ချိတ်လိုက်ပါတယ် ။ နောက်တော့စလုံးမှာကတည်းကပြုစုလာတဲ့ စားသောက်စာရင်းကို အဖေ့လက်ထဲ အပ်လိုက်ပါတယ် ။ စားချင်သောနေရာဘေးမှာ ချက်ပြုတ်ရမယ့် လူနာမည်ပါထည့်ထားပါတယ် ။ ဥပမာ- တာလပေါ့ဟင်း = ယောင်းမ ၊ ဆူးပုပ်ကြက်ဥကြော် = အဖေ ၊ ပုစွန်ခေါင်းငရုပ်ချက် = အမ ၊ ငါးငရုပ်ချက် = အမေ စသဖြင့်ပေါ့လေ ။ ဆရာ့အိမ်ကပြန်တဲ့ညဘက် လမ်းမှာအစ်ကိုနဲ့ကြေးအိုးဝင်သောက်ပြီး အိမ်ရောက်တော့အမေက ထမင်းစားပဲစောင့်နေပြန်ရောလေ ဒါနဲ့ပဲ နောက်တစ်ထပ်ပေါ့လေ ။ အဖေကစကားပြောချင်နေတာကိုအချိန်ပေးရမယ်ဆိုတာ သိနေတယ် နောက်နေ့ပြောမယ်ဆိုပြီးတော့ အိပ်လိုက်တာ နောက်နေ့၆နာရီလောက် အမေကလာနိုးတယ် မျက်နှာသစ်တဲ့ အားလုံးအဆင်သင့်ဖြစ်နေပြီ နင်ကားပေါ်တက်ဖို့ပဲ ကျန်တော့တာတဲ့ ဘယ်လဲဆိုတော့ ဘားအံသွားမယ်တဲ့ လူလည်းအူကြောင်ကြောင်နဲ့ ကောက်ညှင်းပေါင်းကော်ဖီသောက်ပြီး ကားပေါ်တက်ခဲ့လိုက်ရတယ်လေ ။ အဆက်တွေကြီးပဲလို့ မထင်ပါနဲ့ ဆင်ဆင် အစအဆုံးဆိုတော်ချုံ့ရေးရမှာစိုးလို့ပါနော် ။ သီးခံဖတ်ပါကွယ်....း) ။

5 comments:

  1. ရပါတယ်ကွယ် တို့ က ကိုရီးယားကားကြည့်တာများလို့  ကိုရီးယားမင်းသမီးတောင်ဖြစ်နေပါပြီ (ဟယ် မှားလို့ ) အကျင့်ပါသွားပါပြီ အခန်းဆက်လေးဆိုတော့ တမျှော်မျှော်နဲ့  လည်ပင်းလေး ပိုလှလာတာပေါ့ကွယ် (ပေါလီယာနာစိတ်ကလေး နည်းနည်းမွေးကြည့်လိုက်ခြင်း)

    ReplyDelete
  2. ဟဲ့.... တောက်တဲ့... နာ့နာမည်ထည့်ရေးထားပါလား....။


    sdl

    ReplyDelete
  3. တို့တော့ ပြောင်းပြန်.. အမေနဲ့အဖေလာတော့ သူတို့က မနက် ၄ နာရီ နိုးနေပြီး တို့ ဘယ်လောက်ပိန်သွားတယ်.. ဘယ်လို အိပ်ရေးပျက်တာနေမှာ ဘယ်လိုမစားတာနေမှာနဲ့၊ အိပ်တဲ့လူက အဲ့ဒါနဲ့ပဲ ပိုအိပ်ရေးပျက်ရော.....

    ReplyDelete
  4. ချစ်စရာကောင်းအောင် ရေးတတ်တဲ့ ညီမလေးပဲ...
    ဆက်ရေးနော်... မျိုးပြောသလိုပဲ လည်ပင်းလေးလှအောင် မျှော်နေမယ်...

    ReplyDelete
  5. လာရယ်(အဲလေ) လာဖတ်သွားပါတယ်။
    အမခင်မင်းဇော်

    ReplyDelete